Premier League

၁၀.၁၁.၂၀၂၀ – ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ

– အမ်းမရိတ်မှာ အရှုံးပေးခဲ့ရတဲ့ပွဲမှာ လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာအနေနဲ့ ပထမပေးဂိုးမှာ အမှားနှစ်ကြိမ် ကျူးလွန်ခဲ့ပြီး သူ့ကြောင့် လူကျွံဘောဖမ်းတာ မအောင်မြင်ခဲ့သလို ဖျက်ထုတ်တာကလည်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တယ်လို့ ဘီအင်စပို့စ်ရဲ့ နိုက်ဂျယ် ဒီယုံး ထောက်ပြသွား။

– အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာအနေနဲ့ အသင်းကို ပေါင်သန်းရာကျော် ကုန်ကျစေခဲ့ပြီး အလုပ်မဖြစ်တဲ့ လာကာဇက်အစား ဂါဘရီယယ်လ် မာတီနယ်လီနဲ့ အစားထိုးနိုင်ဖို့ကိုပဲ အမြန်ဆုံးလုပ်ဆောင်ရတော့မယ်လို့ Football London သုံးသပ်။

– အူဘာမီယန်းအနေနဲ့ တောင်ပံမှာ ကစားရတာကို သဘောမတွေ့ဘဲ စိတ်ပျက်နေပုံရတယ်လို့ သူ့ရဲ့ အမူအရာကို Talk Sport ရဲ့ အန်ဒီ တောင်းဆန်းက သုံးသပ်လိုက်ပြီး သူ့ရဲ့ အသက်အရွယ်အရ တောင်ပံမှာ ကစားပြီး အင်အားဖြုန်းတီးတာမျိုးကို အာတီတာအနေနဲ့ ပြန်စဉ်းစားသင့်ပြီလို့ဆို။

– ဗီလာနဲ့ပွဲမှာ လာကာဇက် ခေါင်းတိုက်ဖို့အတွက် အခွင့်အရေးတစ်ကြိမ် ဖြတ်တင်ဖန်တီးပေးနိုင်ခဲ့ပေမယ့် ဘောလုံးဆုံးရှုံးမှု ၂၃ ကြိမ်အထိ ရှိခဲ့သလို ယှဉ်လုမှု ၁၀ ကြိမ်မှာလည်း ၇ ကြိမ်အထိ ရှုံးနိမ့်ခဲ့တဲ့ နောက်ခံလူ ကီရန် တီယာနီရဲ့ ဒီရာသီအစ မှတ်တမ်းတွေက တော်တော်လေး ဆိုးရွားနေကြောင်း Sofa Score ဖော်ပြ။

– အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က အသင်းရဲ့ အရန်ခုံမှာ ရော်နယ်လ်ဒို လက်သစ် မာတီနယ်လီက စောင့်ဆိုင်းနေပြီး အာတီတာအနေနဲ့ သူ့ကို အမြန်ဆုံး နေရာပြန်ပေးတာကသာ အဖြေဖြစ်လိမ့်မယ်လို့ဆို။

– အာတီတာရဲ့ လက်ထောက်နည်းပြတစ်ဦးအဖြစ် ခန့်အပ်ဖို့ ကြိုးစားခဲ့သေးတဲ့ ဂွါဒီယိုလာရဲ့ လက်ထောက်ဟောင်း ဒိုမီနက် တောရင့်ဟာ ဘရာဇီးကလပ် ဖလာမင်ဂိုရဲ့ နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရပြီဖြစ်လို့ ထပ်မံချဉ်းကပ်သွားဖွယ်ရှိနေ။

– အက်စတန်ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲအတွက် ဘာမှ ကောင်းကောင်း မတုံ့ပြန်နိုင်ခဲ့တဲ့ နည်းပြ အာတီတာရဲ့ နည်းစနစ်တွေနဲ့ လူထုတ်ပုံတွေကို အာဆင်နယ်ပရိသတ်တွေ စိတ်ပျက်နေကြပြီး စပါးစ်နည်းပြဟောင်း ပိုချက်တီနိုနဲ့ အစားထိုးဖို့ တောင်းဆိုနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အမ္းမရိတ္မွာ အရွဳံးေပးခဲ့ရတဲ့ပြဲမွာ လူငယ္ၾကယ္ပြင့္ ဘူကာယို ဆာကာအေနနဲ႔ ပထမေပးဂိုးမွာ အမွားႏွစ္ႀကိမ္ က်ဴးလြန္ခဲ့ၿပီး သူ႕ေၾကာင့္ လူကၽြံေဘာဖမ္းတာ မေအာင္ျမင္ခဲ့သလို ဖ်က္ထုတ္တာကလည္း ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တယ္လို႔ ဘီအင္စပုိ႔စ္ရဲ႕ ႏိုက္ဂ်ယ္ ဒီယုံး ေထာက္ျပသြား။

– အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ အသင္းကို ေပါင္သန္းရာေက်ာ္ ကုန္က်ေစခဲ့ၿပီး အလုပ္မျဖစ္တဲ့ လာကာဇက္အစား ဂါဘရီယယ္လ္ မာတီနယ္လီနဲ႔ အစားထိုးႏုိင္ဖို႔ကိုပဲ အျမန္ဆုံးလုပ္ေဆာင္ရေတာ့မယ္လို႔ Football London သုံးသပ္။

– အူဘာမီယန္းအေနနဲ႔ ေတာင္ပံမွာ ကစားရတာကို သေဘာမေတြ႕ဘဲ စိတ္ပ်က္ေနပုံရတယ္လို႔ သူ႕ရဲ႕ အမူအရာကို Talk Sport ရဲ႕ အန္ဒီ ေတာင္းဆန္းက သုံးသပ္လုိက္ၿပီး သူ႕ရဲ႕ အသက္အရြယ္အရ ေတာင္ပံမွာ ကစားၿပီး အင္အားျဖဳန္းတီးတာမ်ဳိးကို အာတီတာအေနနဲ႔ ျပန္စဥ္းစားသင့္ၿပီလုိ႔ဆုိ။

– ဗီလာနဲ႔ပြဲမွာ လာကာဇက္ ေခါင္းတုိက္ဖို႔အတြက္ အခြင့္အေရးတစ္ႀကိမ္ ျဖတ္တင္ဖန္တီးေပးႏုိင္ခဲ့ေပမယ့္ ေဘာလုံးဆုံးရွဳံးမွဳ ၂၃ ႀကိမ္အထိ ရွိခဲ့သလို ယွဥ္လုမွဳ ၁၀ ႀကိမ္မွာလည္း ၇ ႀကိမ္အထိ ရွဳံးနိမ့္ခဲ့တဲ့ ေနာက္ခံလူ ကီရန္ တီယာနီရဲ႕ ဒီရာသီအစ မွတ္တမ္းေတြက ေတာ္ေတာ္ေလး ဆုိးရြားေနေၾကာင္း Sofa Score ေဖာ္ျပ။

– အာဆင္နယ္အသင္းရဲ႕ တုိက္စစ္မွဴးေဟာင္း ကီဗင္ ကမ္းဘဲလ္က အသင္းရဲ႕ အရန္ခုံမွာ ေရာ္နယ္လ္ဒို လက္သစ္ မာတီနယ္လီက ေစာင့္ဆိုင္းေနၿပီး အာတီတာအေနနဲ႔ သူ႕ကို အျမန္ဆုံး ေနရာျပန္ေပးတာကသာ အေျဖျဖစ္လိမ့္မယ္လုိ႔ဆုိ။

– အာတီတာရဲ႕ လက္ေထာက္နည္းျပတစ္ဦးအျဖစ္ ခန္႔အပ္ဖို႔ ႀကဳိးစားခဲ့ေသးတဲ့ ဂြါဒီယိုလာရဲ႕ လက္ေထာက္ေဟာင္း ဒိုမီနက္ ေတာရင့္ဟာ ဘရာဇီးကလပ္ ဖလာမင္ဂိုရဲ႕ နည္းျပအျဖစ္ကေန ထုတ္ပယ္ခံခဲ့ရၿပီျဖစ္လုိ႔ ထပ္မံခ်ဥ္းကပ္သြားဖြယ္ရွိေန။

– အက္စတန္ဗီလာကို အိမ္ကြင္းမွာ ရွဳံးနိမ့္ခဲ့တဲ့ ပြဲအတြက္ ဘာမွ ေကာင္းေကာင္း မတုံ႔ျပန္ႏုိင္ခဲ့တဲ့ နည္းျပ အာတီတာရဲ႕ နည္းစနစ္ေတြနဲ႔ လူထုတ္ပုံေတြကို အာဆင္နယ္ပရိသတ္ေတြ စိတ္ပ်က္ေနၾကၿပီး စပါးစ္နည္းျပေဟာင္း ပုိခ်က္တီႏိုနဲ႔ အစားထိုးဖုိ႔ ေတာင္းဆိုေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.