Premier League

၁၀.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

အနားယူနေရတဲ့ ခရစ္စတီယန် ပူလီရှစ်ချ်ဟာ အမေရိကန်လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့ပေမယ့် ဒဏ်ရာအကင်းမသေသေးတာကြောင့် နေ့စဥ်စောင့်ကြည့်နေရဆဲ ဖြစ်ကြောင်း အမေရိကန်နည်းပြက အသိပေးခဲ့ပြီး ဝေးလ်စ်၊ ပနားမား တို့နဲ့ ပွဲစဥ်တွေမှာ ပါဝင်ကစားနိုင်ဖွယ် မရှိကြောင်း သိရ။

ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ညိုက အတူလက်တွဲအောင်မြင်ခဲ့တဲ့ ကစားတွေထဲက အကောင်းဆုံး XI စာရင်းကို ရွေးချယ်သွားခဲ့ပြီး ပီတာချက်၊ ဂျွန်တယ်ရီ၊ ကာဗယ်လ်ဟို၊ ဂါးလက်စ်၊ မက်ခေလေလေ၊ လမ်းပတ်၊ ဒရော့ဂ်ဘာနဲ့ ဟာဇက်တို့လို ချယ်လ်ဆီးအသင်းက တပည့်ဟောင်း ၈ ဦးအထိ ပါဝင်လာခဲ့။

ချယ်လ်ဆီးနည်းပြဟောင်း အက်ဗရန် ဂရန့်က လမ်းပတ်အနေနဲ့ ချယ်လ်ဆီးအသင်းမှာ နာမည်ကောင်းရပြီး ပရီးမီးယားလိဂ်ဖလားကို ထိပ်ဆုံးက စိန်ခေါ်နေတဲ့ အသင်းတသင်းဖြစ်လာအောင် ဦးဆောင်သွားနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်နေ။

ချယ်လ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့အကြီးအကဲ မာရီနာ ဂရာနော့ဗ်စကာယာဟာ လာမယ့် ဇန်နဝါရီစျေးကွက်မှာ အခက်အခဲတခုကို ဖြေရှင်းရဖွယ် ရှိနေပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့ အသင်းကနေ ထွက်ခွာလိုပြီး အင်တာမီလန်အသင်းထံ ပြောင်းရွှေ့လိုနေတဲ့ တိုက်စစ်မှူး ဂျီရူးကို အသင်းကလည်း လက်လွှတ်သွားဖို့ မရှိတာကြောင့် အခက်တွေ့ဖွယ်ရှိနေ။

ဟာကင်းမ် ဇီးယက်ရှ်ကို ခေါ်ယူပြီးချိန်မှာ ချယ်လ်ဆီးနည်းပြ လမ်းပတ်ဟာ မိမိနဲ့ ဆက်သွယ်မှုပြုလုပ်ပြီး ‘ပြိုင်ဘက်ခံစစ်တိုင်းကို ဖြိုခွင့်မယ့် မှော်ဖန်တီးရှင်တယောက် ရခဲ့ပြီ’ လို့ ဖွင့်ဟခဲ့ဖူးကြောင်း ရီယို ဖာဒီနန်က ပြောကြားခဲ့။

ဇီးယက်ရှ်ရဲ့ ဖြတ်တင်ဘောတွေကို ထိထိရောက်ရောက် အသုံးချပြီး အဆုံသတ်နိုင်ဖို့အတွက် မိမိနဲ့ တီမို ဗာနာတို့ အချိန်များစွာပေးကာ အာရုံစိုက်ပြီး အတူလေ့ကျင့်ခဲ့ကြကြောင်း ချယ်လ်ဆီးဘယ်နောက်ခံလူ ဘန်ချေးလ်ဝဲလ်က ထုတ်ဖော်ပြောသွားခဲ့။

ချယ်လ်ဆီးနောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ မိမိရဲ့ ကွင်းပြင်ပက လိုချက်တွေကို နည်းပြလမ်းပတ်က ဂရုတစိုက်ကူညီပေးခဲ့လို့ ကွင်းထဲမှာ အပြည့်အဝ အာရုံစိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီး သူ့ရဲ့ သားဖြစ်သူ လာဂို ဆေးလ်ဗားဟာလည်း ချယ်လ်ဆီး ကလေးငယ်အသင်းနဲ့အတူ လေ့ကျင့်နေပြီဖြစ်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အနားယူေနရတဲ့ ခရစၥတီယန္ ပူလီရွစ္ခ်္ဟာ အေမရိကန္လက္ေ႐ြးစင္အသင္းနဲ႕ ပူးေပါင္းခဲ့ေပမယ့္ ဒဏ္ရာအကင္းမေသေသးတာေၾကာင့္ ေန႕စဥ္ေစာင့္ၾကည့္ေနရဆဲ ျဖစ္ေၾကာင္း အေမရိကန္နည္းျပက အသိေပးခဲ့ၿပီး ေဝးလ္စ္၊ ပနားမား တို႔နဲ႕ ပြဲစဥ္ေတြမွာ ပါဝင္ကစားနိုင္ဖြယ္ မရွိေၾကာင္း သိရ။

ခ်ယ္လ္ဆီးနည္းျပေဟာင္း ေမာ္ရင္ညိုက အတူလက္တြဲေအာင္ျမင္ခဲ့တဲ့ ကစားေတြထဲက အေကာင္းဆုံး XI စာရင္းကို ေ႐ြးခ်ယ္သြားခဲ့ၿပီး ပီတာခ်က္၊ ဂြၽန္တယ္ရီ၊ ကာဗယ္လ္ဟို၊ ဂါးလက္စ္၊ မက္ေခေလေလ၊ လမ္းပတ္၊ ဒေရာ့ဂ္ဘာနဲ႕ ဟာဇက္တို႔လို ခ်ယ္လ္ဆီးအသင္းက တပည့္ေဟာင္း ၈ ဦးအထိ ပါဝင္လာခဲ့။

ခ်ယ္လ္ဆီးနည္းျပေဟာင္း အက္ဗရန္ ဂရန့္က လမ္းပတ္အေနနဲ႕ ခ်ယ္လ္ဆီးအသင္းမွာ နာမည္ေကာင္းရၿပီး ပရီးမီးယားလိဂ္ဖလားကို ထိပ္ဆုံးက စိန္ေခၚေနတဲ့ အသင္းတသင္းျဖစ္လာေအာင္ ဦးေဆာင္သြားနိုင္လိမ့္မယ္လို႔ အခိုင္အမာ ယုံၾကည္ေန။

ခ်ယ္လ္ဆီးအသင္းရဲ႕ အေျပာင္းအေ႐ႊ႕အႀကီးအကဲ မာရီနာ ဂရာေနာ့ဗ္စကာယာဟာ လာမယ့္ ဇန္နဝါရီေစ်းကြက္မွာ အခက္အခဲတခုကို ေျဖရွင္းရဖြယ္ ရွိေနၿပီး ပုံမွန္ပြဲထြက္ခြင့္ရဖို႔ အသင္းကေန ထြက္ခြာလိုၿပီး အင္တာမီလန္အသင္းထံ ေျပာင္းေ႐ႊ႕လိုေနတဲ့ တိုက္စစ္မႉး ဂ်ီ႐ူးကို အသင္းကလည္း လက္လႊတ္သြားဖို႔ မရွိတာေၾကာင့္ အခက္ေတြ႕ဖြယ္ရွိေန။

ဟာကင္းမ္ ဇီးယက္ရွ္ကို ေခၚယူၿပီးခ်ိန္မွာ ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္ဟာ မိမိနဲ႕ ဆက္သြယ္မႈျပဳလုပ္ၿပီး ‘ၿပိဳင္ဘက္ခံစစ္တိုင္းကို ၿဖိဳခြင့္မယ့္ ေမွာ္ဖန္တီးရွင္တေယာက္ ရခဲ့ၿပီ’ လို႔ ဖြင့္ဟခဲ့ဖူးေၾကာင္း ရီယို ဖာဒီနန္က ေျပာၾကားခဲ့။

ဇီးယက္ရွ္ရဲ႕ ျဖတ္တင္ေဘာေတြကို ထိထိေရာက္ေရာက္ အသုံးခ်ၿပီး အဆုံသတ္နိုင္ဖို႔အတြက္ မိမိနဲ႕ တီမို ဗာနာတို႔ အခ်ိန္မ်ားစြာေပးကာ အာ႐ုံစိုက္ၿပီး အတူေလ့က်င့္ခဲ့ၾကေၾကာင္း ခ်ယ္လ္ဆီးဘယ္ေနာက္ခံလူ ဘန္ေခ်းလ္ဝဲလ္က ထုတ္ေဖာ္ေျပာသြားခဲ့။

ခ်ယ္လ္ဆီးေနာက္ခံလူ သီယာဂိုေဆးလ္ဗားဟာ မိမိရဲ႕ ကြင္းျပင္ပက လိုခ်က္ေတြကို နည္းျပလမ္းပတ္က ဂ႐ုတစိုက္ကူညီေပးခဲ့လို႔ ကြင္းထဲမွာ အျပည့္အဝ အာ႐ုံစိုက္နိုင္ခဲ့ျခင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး သူ႕ရဲ႕ သားျဖစ္သူ လာဂို ေဆးလ္ဗားဟာလည္း ခ်ယ္လ္ဆီး ကေလးငယ္အသင္းနဲ႕အတူ ေလ့က်င့္ေနၿပီျဖစ္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.