Premier League

မန္စီးတီးကို ဥေရာပပြဲပယ္ဖို႔ ၿပဳိင္ဘက္ေတြ အလိုရွိေနၿပီး တန္းဆင္းခိုင္းဖုိ႔ေတာ့ မျဖစ္ႏုိင္လို႔ဆုိေနၾက

မန္ခ်က္စတာစီးတီးအသင္းကို ဘဏၰာေရးစည္းမ်ဥ္းစည္းကမ္းေတြကို ေဖာက္ဖ်က္မွဳနဲ႔ ဥေရာပပြဲပယ္ျပစ္ဒဏ္ခ်မွတ္ဖို႔ ပရီးမီးယားလိဂ္ၿပဳိင္ဘက္ေတြက အလိုရွိေနၾကတယ္လို႔ စစ္တမ္းေတြအရ သိရၿပီး တန္းဆင္းခိုင္းဖို႔ဆိုတာကေတာ့ မျဖစ္ႏုိင္ေၾကာင္းနဲ႔ မျဖစ္သင့္ေၾကာင္း ဆႏၵျပဳခဲ့ၾကပါတယ္။

ယူအီးအက္ဖ္ေအရဲ႕ ႏွစ္ႏွစ္တာ ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံထားရတဲ့ မန္စီးတီးအေနနဲ႔ အားကစားခုံ႐ုံးမွာ အယူခံဝင္ဖို႔ ႀကဳိးစားေနၿပီး လက္ရွိအေျခအေနမွာေတာ့ သူတုိ႔ပရိသတ္ေတြကလြဲရင္ က်န္တဲ့သူေတြကေတာ့ ထိုက္တန္တယ္လို႔ ထင္ေနၾကၿပီး အၿပဳိင္အဆုိင္ျဖစ္ေနတဲ့ ဥေရာပဝင္ခြင့္ တစ္ေနရာကိုလည္း မ်က္ေစာင္းထိုးေနခဲ့ၾကတာပါ။

အက္သလက္တစ္သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရေတာ့ မန္စီးတီးအသင္းအေနနဲ႔ အျပစ္ေပးခံရဖို႔ ထိုက္တန္ၿပီး မွတ္ေလာက္သားေလာက္ပါ ရွိေစခ်င္ေၾကာင္း ပရီးမီးယားလိဂ္ၿပဳိင္ဘက္ေတြက ဆုိခဲ့ၾကၿပီး ၿပဳိင္ဘက္တခ်ဳိ႕ေနနဲ႔ ေဈးကြက္ထဲမွာ မန္စီးတီးအသင္းရဲ႕ ေဈးဖ်က္တဲ့ သေဘာမ်ဳိး ေဖာင္းပြတဲ့ ေငြေၾကးပမာဏေတြနဲ႔ ကစားသမားေတြ ေခၚယူခဲ့တာကို ေဒါသထြက္ေနၾကတယ္လုိ႔လည္း ဆုိပါတယ္။

တခ်ဳိ႕ၿပဳိင္ဘက္ေတြကေတာ့ ပရီးမီးယားလိဂ္ရဲ႕ အေရးယူမွဳကိုလည္း လိုလားေနၿပီး တန္းဆင္းေစမယ့္ ျပစ္ဒဏ္မ်ဳိးေတာ့ အလိုမရွိေၾကာင္းနဲ႔ ဒါဟာ ၿပဳိင္ပြဲကို ဆပ္ကပ္ပြဲတစ္ပြဲလိုျဖစ္ေအာင္ စတန္႔ထြင္တာပဲျဖစ္လိမ့္မယ္လုိ႔လည္း မွတ္ခ်က္ေပးခဲ့ၾကပါတယ္။

မန္စီးတီးအသင္းဘက္ကေတာ့ ပရိသတ္နဲ႔ ေထာက္ခံသူေတြရဲ႕ လွဳပ္ရွားမွဳတခ်ဳိ႕ ျပဳလုပ္သြားဖြယ္ရွိေနၿပီး လက္ရွိငွားရမ္းထားတဲ့ ဥပေဒ အႀကံေပးအဖြဲ႕နဲ႔အတူ အားကစားခုံ႐ုံးမွာ အယူခံဝင္ျခင္းနဲ႔ ျပစ္ဒဏ္ကို ေျပာင္းလဲျပင္ဆင္ႏုိင္လိမ့္မယ္လို႔ ယုံၾကည္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL & ATHLETIC
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းကို ဘဏ္ဏာရေးစည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်မှုနဲ့ ဥရောပပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေက အလိုရှိနေကြတယ်လို့ စစ်တမ်းတွေအရ သိရပြီး တန်းဆင်းခိုင်းဖို့ဆိုတာကတော့ မဖြစ်နိုင်ကြောင်းနဲ့ မဖြစ်သင့်ကြောင်း ဆန္ဒပြုခဲ့ကြပါတယ်။

ယူအီးအက်ဖ်အေရဲ့ နှစ်နှစ်တာ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ မန်စီးတီးအနေနဲ့ အားကစားခုံရုံးမှာ အယူခံဝင်ဖို့ ကြိုးစားနေပြီး လက်ရှိအခြေအနေမှာတော့ သူတို့ပရိသတ်တွေကလွဲရင် ကျန်တဲ့သူတွေကတော့ ထိုက်တန်တယ်လို့ ထင်နေကြပြီး အပြိုင်အဆိုင်ဖြစ်နေတဲ့ ဥရောပဝင်ခွင့် တစ်နေရာကိုလည်း မျက်စောင်းထိုးနေခဲ့ကြတာပါ။

အက်သလက်တစ်သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ မန်စီးတီးအသင်းအနေနဲ့ အပြစ်ပေးခံရဖို့ ထိုက်တန်ပြီး မှတ်လောက်သားလောက်ပါ ရှိစေချင်ကြောင်း ပရီးမီးယားလိဂ်ပြိုင်ဘက်တွေက ဆိုခဲ့ကြပြီး ပြိုင်ဘက်တချို့နေနဲ့ ဈေးကွက်ထဲမှာ မန်စီးတီးအသင်းရဲ့ ဈေးဖျက်တဲ့ သဘောမျိုး ဖောင်းပွတဲ့ ငွေကြေးပမာဏတွေနဲ့ ကစားသမားတွေ ခေါ်ယူခဲ့တာကို ဒေါသထွက်နေကြတယ်လို့လည်း ဆိုပါတယ်။

တချို့ပြိုင်ဘက်တွေကတော့ ပရီးမီးယားလိဂ်ရဲ့ အရေးယူမှုကိုလည်း လိုလားနေပြီး တန်းဆင်းစေမယ့် ပြစ်ဒဏ်မျိုးတော့ အလိုမရှိကြောင်းနဲ့ ဒါဟာ ပြိုင်ပွဲကို ဆပ်ကပ်ပွဲတစ်ပွဲလိုဖြစ်အောင် စတန့်ထွင်တာပဲဖြစ်လိမ့်မယ်လို့လည်း မှတ်ချက်ပေးခဲ့ကြပါတယ်။

မန်စီးတီးအသင်းဘက်ကတော့ ပရိသတ်နဲ့ ထောက်ခံသူတွေရဲ့ လှုပ်ရှားမှုတချို့ ပြုလုပ်သွားဖွယ်ရှိနေပြီး လက်ရှိငှားရမ်းထားတဲ့ ဥပဒေ အကြံပေးအဖွဲ့နဲ့အတူ အားကစားခုံရုံးမှာ အယူခံဝင်ခြင်းနဲ့ ပြစ်ဒဏ်ကို ပြောင်းလဲပြင်ဆင်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL & ATHLETIC
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.