Premier League

ဂိုးသြင္းစက္ ကာဗာနီကို ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္ကို ဗန္ပါစီ တုိက္တြန္း

လာမယ့္ ေႏြရာသီမွာ ဂိုးသြင္းမုဆိုး အက္ဒင္ဆန္ ကာဗာနီကို ကမ္းလွမ္းဖို႔ အသင္းေဟာင္း မန္ခ်က္စတာယူႏုိက္တက္ကို BT SPORTS ရဲ႕ ကၽြမ္းက်င္သူအျဖစ္ ေဆာင္ရြက္ေနတဲ့ ကစားသမားေဟာင္း ေရာ္ဘင္ ဗန္ပါစီက တိုက္တြန္းလိုက္ေၾကာင္း သိရပါတယ္။

ဇူလုိင္လမွာ ပါရီၿမိဳ႕ခံအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ အသက္ ၃၂ ႏွစ္အ႐ြယ္ ဥ႐ုေဂြးၾကယ္ပြင့္ဟာ ေလာေလာလတ္လတ္ ၿပီးဆုံးသြားခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ခ်ဲလ္ဆီး၊ မန္ခ်က္စတာယူႏိုက္တက္တို႔နဲ႔ အေျပာင္းအေ႐ႊ႕အတြက္ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ခဲ့ေပမယ့္လည္း အၿပီးသတ္မွာေတာ့ သေဘာတူညီမွဳ ရရွိတဲ့အဆင့္ကိုေတာ့ မေရာက္ရွိႏိုင္ခဲ့သလို ကစားသမားအေနနဲ႔ သူရဲ႕ အိပ္မက္ မဟုတ္တဲ့ စပိန္ကလပ္ အက္သလက္တီကိုရဲ႕ ကမ္းလွမ္းမႈကိုေတာ့ ျငင္းဆန္သြားခဲ့တာလည္းျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာေတာ့ အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႈး အိုဒီယြန္ အီဂါလိုကို တ႐ုတ္ကလပ္ ရွန္ဟိုင္းဂရင္းလန္းရွင္ဟြာအသင္းကေန ၆ လ အငွားစာခ်ဳပ္နဲ႔ ေခၚယူခဲ့ၿပီ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႈးအေနနဲ႔ ဒီအပတ္ထဲမွာပဲ သူရဲ႕ကစားေဖာ္အသစ္ေတြနဲ႔ စတင္ပူးေပါင္းႏိုင္ေတာ့မယ္လို႔လည္း ဆိုပါတယ္။

ဗန္ပါစီဟာ သူရဲ႕ နယ္သာလန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္နည္းျပေဟာင္း လူးဝစ္စ္ဗန္ဟားလ္နဲ႔ ဆက္ဆံေရးအေၾကာင္းနဲ႔အတူ သူရဲ႕ ကမာၻ႔အေကာင္းဆုံး ကစားသမားေ႐ြးခ်ယ္မႈအစီအစဥ္က႑ အေမးအေျဖထဲက ေမးခြန္းတစ္ခုျဖစ္တဲ့ “လာမယ့္ေႏြရာသီမွာ ဘယ္ကစားသမားကို မန္ယူတုိ႔ ေခၚယူသင့္သလဲ”ဆိုတဲ့ နာတာလီ အန္တာရဲ႕ Tweet ေမးခြန္းကို တနလၤာေန႔ေန႔လယ္မွာ “အက္ဒင္ဆန္ ကာဗာနီေလ။ တကယ့္စြမ္းေဆာင္ရည္အံ့မခန္းနဲ႔ ဂိုးသြင္းစက္ေပါ့”လို႔ ျပန္ေျဖခဲ့တာပါ။

ၿပီးခဲ့တဲ့ေဆာင္းရာသီအေျပာင္းအေ႐ႊ႕မွာ မန္ခ်က္စတာၿမိဳ႕ခံအသင္းဟာ ကာဗာနီနဲ႔ သတင္းမ်ိဳးစုံ ထြက္ေပၚေနခဲ့ေပမယ့္လည္း ပရီးမီးယားလိဂ္ကလပ္ေတြအေနနဲ႔ သူ႕ရဲ႕ကစားသမားကို ေခၚယူႏိုင္ေလာက္တဲ့အထိ ေက်နပ္ေလာက္စရာကမ္းလွမ္းမႈမ်ိဳးမရရွိခဲ့ဘူးလို႔ ေအးဂ်င့္အျဖစ္ ေဆာင္ရြက္ေနတဲ့ မေအတူ ဖေအကြဲ ညီအစ္ကို ေဝၚလ္တာ ဂူဂလီယယ္လ္မိုနီက ထုတ္ေဖာ္ေျပာၾကားထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.

UNICODE: လာမယ့် နွေရာသီမှာ ဂိုးသွင်းမုဆိုး အက်ဒင်ဆန် ကာဗာနီကို ကမ်းလှမ်းဖို့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို BT SPORTS ရဲ့ ကျွမ်းကျင်သူအဖြစ် ဆောင်ရွက်နေတဲ့ ကစားသမားဟောင်း ရော်ဘင် ဗန်ပါစီက တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။

ဇူလိုင်လမှာ ပါရီမြို့ခံအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသက် ၃၂ နှစ်အရွယ် ဥရုဂွေးကြယ်ပွင့်ဟာ လောလောလတ်လတ် ပြီးဆုံးသွားခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ အပြောင်းအရွှေ့အတွက် သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပေမယ့်လည်း အပြီးသတ်မှာတော့ သဘောတူညီမှု ရရှိတဲ့အဆင့်ကိုတော့ မရောက်ရှိနိုင်ခဲ့သလို ကစားသမားအနေနဲ့ သူရဲ့ အိပ်မက် မဟုတ်တဲ့ စပိန်ကလပ် အက်သလက်တီကိုရဲ့ ကမ်းလှမ်းမှုကိုတော့ ငြင်းဆန်သွားခဲ့တာလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာတော့ အသက် ၃၀ အရွယ် တိုက်စစ်မှုး အိုဒီယွန် အီဂါလိုကို တရုတ်ကလပ် ရှန်ဟိုင်းဂရင်းလန်းရှင်ဟွာအသင်းကနေ ၆ လ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီ နိုင်ဂျီးရီးယားတိုက်စစ်မှုးအနေနဲ့ ဒီအပတ်ထဲမှာပဲ သူရဲ့ကစားဖော်အသစ်တွေနဲ့ စတင်ပူးပေါင်းနိုင်တော့မယ်လို့လည်း ဆိုပါတယ်။

ဗန်ပါစီဟာ သူရဲ့ နယ်သာလန်နဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း လူးဝစ်စ်ဗန်ဟားလ်နဲ့ ဆက်ဆံရေးအကြောင်းနဲ့အတူ သူရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားရွေးချယ်မှုအစီအစဉ်ကဏ္ဍ အမေးအဖြေထဲက မေးခွန်းတစ်ခုဖြစ်တဲ့ “လာမယ့်နွေရာသီမှာ ဘယ်ကစားသမားကို မန်ယူတို့ ခေါ်ယူသင့်သလဲ”ဆိုတဲ့ နာတာလီ အန်တာရဲ့ Tweet မေးခွန်းကို တနင်္လာနေ့နေ့လယ်မှာ “အက်ဒင်ဆန် ကာဗာနီလေ။ တကယ့်စွမ်းဆောင်ရည်အံ့မခန်းနဲ့ ဂိုးသွင်းစက်ပေါ့”လို့ ပြန်ဖြေခဲ့တာပါ။

ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့မှာ မန်ချက်စတာမြို့ခံအသင်းဟာ ကာဗာနီနဲ့ သတင်းမျိုးစုံ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ သူ့ရဲ့ကစားသမားကို ခေါ်ယူနိုင်လောက်တဲ့အထိ ကျေနပ်လောက်စရာကမ်းလှမ်းမှုမျိုးမရရှိခဲ့ဘူးလို့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ မအေတူ ဖအေကွဲ ညီအစ်ကို ဝေါ်လ်တာ ဂူဂလီယယ်လ်မိုနီက ထုတ်ဖော်ပြောကြားထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
DENNIS
SPORTS A2Z.