Premier League Serie A

စေမာလင္းနဲ႔ မစ္ခီတာရီယန္ကို လိုခ်င္ေနတဲ့ ႐ိုးမားနည္းျပ

စီးရီးေအကလပ္ ႐ိုးမားအသင္းနည္းျပ ေပၚလို ဖြန္ဆီကာက အသင္းမွာ အငွားနဲ႔ ေခၚယူထားတဲ့ ေနာက္ခံလူ ခရစၥ စေမာလင္းနဲ႔ ကြင္းလယ္လူ ဟင္းနရစ္ မစ္ခီတာရီယန္တုိ႔ကို သူတုိ႔အသင္းေတြဆီကေန အၿပီးသတ္ေခၚယူဖို႔ ဆႏၵရွိေၾကာင္း ေျပာၾကားလုိက္ပါတယ္။

ဒီကစားသမားႏွစ္ေယာက္စလုံးကို အလိုရွိေနတဲ့ ဖြန္ဆီကာအတြက္ ႐ိုးမားအသင္းအေနနဲ႔ အလြယ္တကူေတာ့ ရႏိုင္ဖြယ္မရွိဘဲ အသီးသီး က်န္ရွိေနေသးတဲ့ စာခ်ဳပ္ေတြေၾကာင့္ တန္ရာတန္ေၾကးေပးဝယ္ရမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ႏွစ္သင္းဘက္ကေတာ့ ခပ္တင္းတင္းပဲ ဆက္ဆံခဲ့တာပါ။

႐ိုးမားအသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ဒီကစားသမားႏွစ္ေယာက္ကို အၿပီးသတ္ေခၚယူဖို႔ မန္ခ်က္စတာယူႏုိက္တက္နဲ႔ အာဆင္နယ္အသင္းေတြဆီ ကမ္းလွမ္းခဲ့ဖူးေပမယ့္ ေျပာင္းေရႊ႕ေၾကးက လက္မခံႏုိင္စရာ ပမာဏျဖစ္ေနခဲ့တာေၾကာင့္ မေအာင္ျမင္ခဲ့ဘဲ သူတုိ႔လိုတဲ့ ေဈးမရရင္ မေရာင္းဘူး ဆုိတဲ့အေၾကာင္း တုံ႔ျပန္ခံခဲ့ရပါတယ္။

စေမာလင္းဟာ ႐ိုးမားအသင္းနဲ႔ ပြဲခ်ိန္ျပည့္ ၂၆ ပြဲ ပါဝင္ကစားထားၿပီး ၂ ဂိုးသြင္းယူႏုိင္ခဲ့သလို မစ္ခီတာရီယန္ကေတာ့ ဒဏ္ရာအခ်ဳိ႕ရွိေနခဲ့ ေပမယ့္ ၁၈ ပြဲမွာ ပြဲခ်ိန္ျပည့္ ၅ ပြဲပါဝင္ခဲ့ၿပီး သြင္းဂိုး ၅ ဂိုးနဲ႔ ဖန္တီးမွဳ ၂ ႀကိမ္ျပဳလုပ္ေပးထားႏိုင္ခဲ့လို႔ နည္းျပ ဖြန္ဆီကာက အၿပီးသတ္ေခၚယူခ်င္ေနတာလည္း ျဖစ္ပါတယ္။

ေငြေၾကးခ်မ္းသာၾကြယ္ဝမွဳ ျမင့္မားျခင္းမရွိတဲ့ ႐ိုးမားအသင္းအေနနဲ႔ သူတုိ႔ရဲ႕ ကစားသမားေတြကို ေဈးကိုင္လြန္ၿပီး ေရာင္းမထြက္ေတာ့လို႔ ေငြမလည္ပတ္ေတာ့တဲ့ အေျခအေနနဲ႔လည္း ရင္ဆုိင္ေနရၿပီး ဒီအတုိင္းဆုိရင္ေတာ့ ေႏြရာသီမွာ ဥေရာပအသင္းႀကီးေတြ အလိုရွိေနတဲ့ ကစားသမားေတြကို ေရာင္းခ်ၿပီးမွ စေမာလင္းနဲ႔ မစ္ခီတာရီယန္တုိ႔ကို ျပန္လည္ေခၚယူႏုိင္ဖြယ္ရွိေၾကာင္းလည္း သုံးသပ္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: စီးရီးအေကလပ် ရိုးမားအသင်းနည်းပြ ပေါ်လို ဖွန်ဆီကာက အသင်းမှာ အငှားနဲ့ ခေါ်ယူထားတဲ့ နောက်ခံလူ ခရစ္စ စမောလင်းနဲ့ ကွင်းလယ်လူ ဟင်းနရစ် မစ်ခီတာရီယန်တို့ကို သူတို့အသင်းတွေဆီကနေ အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိကြောင်း ပြောကြားလိုက်ပါတယ်။

ဒီကစားသမားနှစ်ယောက်စလုံးကို အလိုရှိနေတဲ့ ဖွန်ဆီကာအတွက် ရိုးမားအသင်းအနေနဲ့ အလွယ်တကူတော့ ရနိုင်ဖွယ်မရှိဘဲ အသီးသီး ကျန်ရှိနေသေးတဲ့ စာချုပ်တွေကြောင့် တန်ရာတန်ကြေးပေးဝယ်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ်နှစ်သင်းဘက်ကတော့ ခပ်တင်းတင်းပဲ ဆက်ဆံခဲ့တာပါ။

ရိုးမားအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဒီကစားသမားနှစ်ယောက်ကို အပြီးသတ်ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတွေဆီ ကမ်းလှမ်းခဲ့ဖူးပေမယ့် ပြောင်းရွှေ့ကြေးက လက်မခံနိုင်စရာ ပမာဏဖြစ်နေခဲ့တာကြောင့် မအောင်မြင်ခဲ့ဘဲ သူတို့လိုတဲ့ ဈေးမရရင် မရောင်းဘူး ဆိုတဲ့အကြောင်း တုံ့ပြန်ခံခဲ့ရပါတယ်။

စမောလင်းဟာ ရိုးမားအသင်းနဲ့ ပွဲချိန်ပြည့် ၂၆ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့သလို မစ်ခီတာရီယန်ကတော့ ဒဏ်ရာအချို့ရှိနေခဲ့ ပေမယ့် ၁၈ ပွဲမှာ ပွဲချိန်ပြည့် ၅ ပွဲပါဝင်ခဲ့ပြီး သွင်းဂိုး ၅ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့လို့ နည်းပြ ဖွန်ဆီကာက အပြီးသတ်ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။

ငွေကြေးချမ်းသာကြွယ်ဝမှု မြင့်မားခြင်းမရှိတဲ့ ရိုးမားအသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားတွေကို ဈေးကိုင်လွန်ပြီး ရောင်းမထွက်တော့လို့ ငွေမလည်ပတ်တော့တဲ့ အခြေအနေနဲ့လည်း ရင်ဆိုင်နေရပြီး ဒီအတိုင်းဆိုရင်တော့ နွေရာသီမှာ ဥရောပအသင်းကြီးတွေ အလိုရှိနေတဲ့ ကစားသမားတွေကို ရောင်းချပြီးမှ စမောလင်းနဲ့ မစ်ခီတာရီယန်တို့ကို ပြန်လည်ခေါ်ယူနိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.