Premier League

အာဆင်နယ်ကို နှစ်ဂိုးသွင်းခဲ့ပေမယ့် မိသားစုက မပျော်ရွှင်နိုင်တဲ့အကြောင်းအရင်းကို ထုတ်ဖော်ပြောလာတဲ့ ဝပ်ကင်းစ်

ပြီးခဲ့တဲ့ညက အမ်းမရိတ်စ်မြေပေါ်မှာ အာဆင်နယ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ အက်စတွန်ဗီလာအသင်းအတွက် တိုက်စစ်မှူး အော်လီ ဝပ်ကင်းစ်က ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကို နှစ်ဂိုးသွင်းခဲ့ပေမယ့် မိသားစုက မပျော်ရွှင်နိုင်တဲ့အကြောင်းအရင်းကို ဝပ်ကင်းစ်က ထုတ်ဖော်ပြောလာခဲ့ပါတယ်။

သူဟာ ငယ်ဘဝတည်းက အာဆင်နယ်အသင်းရဲ့ အမာခံပရိသတ်ဖြစ်ကြောင်း သိရပြီး ပွဲအပြီးမှာ ​​ပြောပြမတတ်အောင် ပျော်ရွှင်နေတယ်လို့ ပြောပြသွားခဲ့ပါတယ်။ ငယ်စဥ်ကတည်းက အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးကြီး သီယာရီ အွန်နရီကို စံပြပုဂ္ဂိုလ်အဖြစ် စံထား လေးစားခဲ့ရကြောင်း ဝပ်ကင်းစ်က ​ပြောကြားခဲ့ဖူးပြီး သူဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်ကနေ ဗီလာအသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပူပူနွေးနွေး အခြေချကစား​နေသူ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်သားဟာ မီခေးလ် အာတီတာရဲ့အသင်းကို အခက်အခဲတွေ့စေခဲ့ပြီး ကိုယ်တိုင် သွင်းဂိုးနှစ်ဂိိုး၊ ဆာကာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့ တဂိုးနဲ့အတူ ချစ်ရတဲ့ အာဆင်နယ်အသင်းကို သုံးဂိုးပြတ် နိုင်ခဲ့တဲ့နောက် သူ့မိသားစုကတော့ ဒါကို သိပ်ပျော်ရွှင်နိုင်မှာမဟုတ်ဘူးလို့ ပွဲအပြီးမှာ ​ပြောပြသွားခဲ့ပါတယ်။

” ကျွန်တော့်အဖိုးရော ဦးလေးကပါ အမ်းမရိတ်စ်မှာ နှစ်ဂိုးသွင်းခဲ့တာကို ပျော်ရွှင်နေကြမယ် မထင်မိပါဘူး။ ဘာလို့ဆို သူတို့အားလုံးက အာဆင်နယ်ပရိသတ်တွေဖြစ်နေကြလို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း အာဆင်နယ်ပရိသတ်အစစ်ပါ။”

” အခု ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ရင်ခုန်ပြီး အပျော်လွန်နေပါတယ်။ သူတို့အတွက် ပျော်စရာမဖြစ်ပေမယ့် ကျွန်တော့်အတွက်တော့ သူတို့ ပျော်ပေးကြမယ်လို့ ထင်ပါတယ်။ အာဆင်နယ်ကို ဂိုးသွင်းပြခဲ့တဲ့ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို သူတို့ တကယ်သဘောကျ​နေပါလိမ့်မယ်။” လို့ ဝပ်ကင်းစ်က ပွဲအပြီးမှာ Sky Sports ကို ပြောသွားခဲ့ပါတယ်။

REF: LONDONEVENINGSTANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက အမ္းမရိတ္စ္ေျမေပၚမွာ အာဆင္နယ္အသင္းကို ၃ ဂိုး ဂိုးမရွိနဲ႕ အနိုင္ယူခဲ့တဲ့ အက္စတြန္ဗီလာအသင္းအတြက္ တိုက္စစ္မႉး ေအာ္လီ ဝပ္ကင္းစ္က ၂ ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။ အာဆင္နယ္ကို ႏွစ္ဂိုးသြင္းခဲ့ေပမယ့္ မိသားစုက မေပ်ာ္႐ႊင္နိုင္တဲ့အေၾကာင္းအရင္းကို ဝပ္ကင္းစ္က ထုတ္ေဖာ္ေျပာလာခဲ့ပါတယ္။

သူဟာ ငယ္ဘဝတည္းက အာဆင္နယ္အသင္းရဲ႕ အမာခံပရိသတ္ျဖစ္ေၾကာင္း သိရၿပီး ပြဲအၿပီးမွာ ​​ေျပာျပမတတ္ေအာင္ ေပ်ာ္႐ႊင္ေနတယ္လို႔ ေျပာျပသြားခဲ့ပါတယ္။ ငယ္စဥ္ကတည္းက အာဆင္နယ္ဂႏၳဝင္တိုက္စစ္မႉးႀကီး သီယာရီ အြန္နရီကို စံျပပုဂၢိုလ္အျဖစ္ စံထား ေလးစားခဲ့ရေၾကာင္း ဝပ္ကင္းစ္က ​ေျပာၾကားခဲ့ဖူးၿပီး သူဟာ ၿပီးခဲ့တဲ့ ႏြေရာသီမွာ ခ်န္ပီယံရွစ္ကလပ္ ဘရန့္ဖို႔ဒ္ကေန ဗီလာအသင္းထံ ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ပူပူႏြေးႏြေး အေျခခ်ကစား​ေနသူ ျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္သားဟာ မီေခးလ္ အာတီတာရဲ႕အသင္းကို အခက္အခဲေတြ႕ေစခဲ့ၿပီး ကိုယ္တိုင္ သြင္းဂိုးႏွစ္ဂိိုး၊ ဆာကာရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းတဲ့ တဂိုးနဲ႕အတူ ခ်စ္ရတဲ့ အာဆင္နယ္အသင္းကို သုံးဂိုးျပတ္ နိုင္ခဲ့တဲ့ေနာက္ သူ႕မိသားစုကေတာ့ ဒါကို သိပ္ေပ်ာ္႐ႊင္နိုင္မွာမဟုတ္ဘူးလို႔ ပြဲအၿပီးမွာ ​ေျပာျပသြားခဲ့ပါတယ္။

” ကြၽန္ေတာ့္အဖိုးေရာ ဦးေလးကပါ အမ္းမရိတ္စ္မွာ ႏွစ္ဂိုးသြင္းခဲ့တာကို ေပ်ာ္႐ႊင္ေနၾကမယ္ မထင္မိပါဘူး။ ဘာလို႔ဆို သူတို႔အားလုံးက အာဆင္နယ္ပရိသတ္ေတြျဖစ္ေနၾကလို႔ပါ။ ကြၽန္ေတာ္ကိုယ္တိုင္လည္း အာဆင္နယ္ပရိသတ္အစစ္ပါ။”

” အခု ကြၽန္ေတာ္ အရမ္းစိတ္လႈပ္ရွားေနပါတယ္။ ရင္ခုန္ၿပီး အေပ်ာ္လြန္ေနပါတယ္။ သူတို႔အတြက္ ေပ်ာ္စရာမျဖစ္ေပမယ့္ ကြၽန္ေတာ့္အတြက္ေတာ့ သူတို႔ ေပ်ာ္ေပးၾကမယ္လို႔ ထင္ပါတယ္။ အာဆင္နယ္ကို ဂိုးသြင္းျပခဲ့တဲ့ ကြၽန္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္ကို သူတို႔ တကယ္သေဘာက်​ေနပါလိမ့္မယ္။” လို႔ ဝပ္ကင္းစ္က ပြဲအၿပီးမွာ Sky Sports ကို ေျပာသြားခဲ့ပါတယ္။

REF: LONDONEVENINGSTANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.