Premier League

အိုဇေးလ်ကို လွတ်မြောက်ခွင့်ပေးဖို့ အာဆင်နယ်ပရိသတ်တွေ တောင်းဆိုခဲ့ကြ

ပြီးခဲ့တဲ့ညက အာဆင်နယ်အသင်းဟာ အက်စတွန်ဗီလာအသင်းကို အိမ်ကွင်း အမ်းမရိတ်စ်မြေမှာ အရှက်တကွဲ ရှူံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ အာဆင်နယ်အသင်းပရိသတ်တွေဟာ အသင်းလူစာရင်းကနေ ချန်လှပ်ခံထားရတဲ့ မီဆွတ် အိုဇေးလ်ကို လွမ်းဆွတ်ကြောင်း တွစ်တာစာမျက်နှာ ပေါ် မှာ ရေးသားခဲ့ကြပြီး သူ့ကို လွတ်မြောက်ခွင့်ပေးဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရပါတယ်။

အိုဇေးလ်ဟာ အာဆင်နယ်အသင်း ပွဲကစားနေချိန်အတွင်းမှာ တွစ်တာမှာ တက်လာခဲ့တဲ့ ပရိသတ်တွေရဲ့ ရေးသားမှုတွေကို Like လုပ်ကာ ထောက်ခံကြောင်း ပြသသွားခဲ့သလို သူဟာ အာဆင်နယ်အသင်းအတွက် ပြီးခဲ့တဲ့ မတ်လက နောက်ဆုံးပါဝင်ကစားခဲ့ရခြင်း ဖြစ်ပါတယ်။

ဒီရာသီ အာဆင်နယ်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံထားရတာကြောင့် အိုဇေးလ်ဟာ လာမယ့်ဇန်နဝါရီလအထိ အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဥ်ရော ယူရိုပါလိဂ်ပွဲစဥ်တွေကိုပါ ပါဝင်ကစားခွင့် ရရှိတော့မှာ မဟုတ်ဘဲ ဒါဟာ မိမိရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ကြောင်း အအာဆနယ်နည်းပြ အာတီတာကလည်း ပြောဆိုမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

အိုဇေးလ်က လူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရတဲ့အပေါ် စိတ်ပျက် ဒေါသထွက်ခဲ့ပြီး အသင်းတာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တခုလည်း ရေးသားခဲ့ပါသေးတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သတ်ပြီး အာတီတာက ”ကစားသမားတိုင်းက ကိုယ့်ကိုယ်ကိုယ် ရဲရဲဖော်ပြခွင့်ရှိပါတယ်။ အိုဇေးလ်ကို ချန်လှပ်ခဲ့တာက ဘောလုံးကိစ္စနဲ့သာ ပတ်သက်တဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပါ။ သူနဲ့ ကျွန်တော်ရဲ့ ဆက်ဆံရေးက သိပ်ကောင်းမွန်ပါတယ်”

” သူက အသင်းသားအားလုံးနဲ့ တန်းတူ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ကျွန်တော့် ဆုံးဖြတ်ချက်အပြီးမှာ ကစားသမားအားလုံးကိုလည်း ရဲရဲဝံ့ဝံ့ ကြည့်ရဲပါတယ်။ ကျွန်တော် တည်ငြိမ်နေပါတယ်။ ဒီဆုံးဖြတ်ချက်က အိုဇေးလ်ရဲ့ အပြုအမူပိုင်းဆိုင်ရာနဲ့ မသက်ဆိုင်ပါဘူး။ ဒီအသင်းကို ရောက်လာတည်းက ကျွန်တော် ဘာလုပ်မလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောထားခဲ့ပြီးပါ။ ” လို့ အာတီတာက Sky Sports ကို ပြောသွားခဲ့ပါတယ်။

REF: SPORTSBIBLE
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက အာဆင္နယ္အသင္းဟာ အက္စတြန္ဗီလာအသင္းကို အိမ္ကြင္း အမ္းမရိတ္စ္ေျမမွာ အရွက္တကြဲ ရႉံးနိမ့္ခဲ့တဲ့ ပြဲအၿပီးမွာ အာဆင္နယ္အသင္းပရိသတ္ေတြဟာ အသင္းလူစာရင္းကေန ခ်န္လွပ္ခံထားရတဲ့ မီဆြတ္ အိုေဇးလ္ကို လြမ္းဆြတ္ေၾကာင္း တြစ္တာစာမ်က္ႏွာ ေပၚ မွာ ေရးသားခဲ့ၾကၿပီး သူ႕ကို လြတ္ေျမာက္ခြင့္ေပးဖို႔ ဆႏၵထုတ္ေဖာ္ခဲ့ၾကေၾကာင္း သိရပါတယ္။

အိုေဇးလ္ဟာ အာဆင္နယ္အသင္း ပြဲကစားေနခ်ိန္အတြင္းမွာ တြစ္တာမွာ တက္လာခဲ့တဲ့ ပရိသတ္ေတြရဲ႕ ေရးသားမႈေတြကို Like လုပ္ကာ ေထာက္ခံေၾကာင္း ျပသသြားခဲ့သလို သူဟာ အာဆင္နယ္အသင္းအတြက္ ၿပီးခဲ့တဲ့ မတ္လက ေနာက္ဆုံးပါဝင္ကစားခဲ့ရျခင္း ျဖစ္ပါတယ္။

ဒီရာသီ အာဆင္နယ္အသင္းရဲ႕ လူစာရင္းကေန ခ်န္လွပ္ခံထားရတာေၾကာင့္ အိုေဇးလ္ဟာ လာမယ့္ဇန္နဝါရီလအထိ အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေရာ ယူရိုပါလိဂ္ပြဲစဥ္ေတြကိုပါ ပါဝင္ကစားခြင့္ ရရွိေတာ့မွာ မဟုတ္ဘဲ ဒါဟာ မိမိရဲ႕ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္း အအာဆနယ္နည္းျပ အာတီတာကလည္း ေျပာဆိုမႈေတြ ျပဳလုပ္ထားခဲ့ပါတယ္။

အိုေဇးလ္က လူစာရင္းကေန ဖယ္ထုတ္ခံခဲ့ရတဲ့အေပၚ စိတ္ပ်က္ ေဒါသထြက္ခဲ့ၿပီး အသင္းတာဝန္ရွိသူေတြကို ျပင္းျပင္းထန္ထန္ တုံ႕ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္တခုလည္း ေရးသားခဲ့ပါေသးတယ္။ ဒီထုတ္ျပန္ခ်က္နဲ႕ ပတ္သတ္ၿပီး အာတီတာက ”ကစားသမားတိုင္းက ကိုယ့္ကိုယ္ကိုယ္ ရဲရဲေဖာ္ျပခြင့္ရွိပါတယ္။ အိုေဇးလ္ကို ခ်န္လွပ္ခဲ့တာက ေဘာလုံးကိစၥနဲ႕သာ ပတ္သက္တဲ့ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္နဲ႕ပါ။ သူနဲ႕ ကြၽန္ေတာ္ရဲ႕ ဆက္ဆံေရးက သိပ္ေကာင္းမြန္ပါတယ္”

” သူက အသင္းသားအားလုံးနဲ႕ တန္းတူ အခြင့္အေရးေတြ ရရွိခဲ့ပါတယ္။ ကြၽန္ေတာ့္ ဆုံးျဖတ္ခ်က္အၿပီးမွာ ကစားသမားအားလုံးကိုလည္း ရဲရဲဝံ့ဝံ့ ၾကည့္ရဲပါတယ္။ ကြၽန္ေတာ္ တည္ၿငိမ္ေနပါတယ္။ ဒီဆုံးျဖတ္ခ်က္က အိုေဇးလ္ရဲ႕ အျပဳအမူပိုင္းဆိုင္ရာနဲ႕ မသက္ဆိုင္ပါဘူး။ ဒီအသင္းကို ေရာက္လာတည္းက ကြၽန္ေတာ္ ဘာလုပ္မလဲဆိုတာကို ပြင့္ပြင့္လင္းလင္းေျပာထားခဲ့ၿပီးပါ။ ” လို႔ အာတီတာက Sky Sports ကို ေျပာသြားခဲ့ပါတယ္။

REF: SPORTSBIBLE
PHOTOS CREDIT TO OWNERS
SPORTS A2Z.