Premier League

၉.၁၁.၂၀၂၀ – နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အက်စတန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး သူ့ရဲ့ ပွဲကြိုခန့်မှန်းချက်အောက်မှာ ပရိသတ်တွေရဲ့ ရေးသားမှုတွေဖြစ်တဲ့ အိုဇေးလ်ကို လွှတ်ပေးပါဆိုတဲ့ Tweet နဲ့ လွမ်းနေပြီဆိုတဲ့ Tweet တွေကို ကွင်းလယ်လူ မီဆွတ် အိုဇေးလ်က Like ပေးပြီး အသိအမှတ်ပြုခဲ့။

– အာဆင်နယ်ရဲ့ ပထမဂိုးမှာ လူပေးမှားခဲ့တဲ့အပြင် တိုက်စစ်မှာ ဘာဖန်တီးမှုမှ မလုပ်နိုင်ခဲ့တဲ့ ကွင်းလယ်လူ ဝီလီယန်က ပွဲထွက်ဖို့အတွက် ပေပေနဲ့ အိုဇေးလ်ထက် ပိုကောင်းတယ်လားလို့ တွစ်တာမှာ ပရိသတ်တွေ တိုက်ခိုက်နေကြ။

– ပရီးမီးယားလိဂ်မှာ သုံးပွဲဆက်ဂိုးသွင်းပြီးတဲ့နောက် လွဲချော်မှုတွေနဲ့အတူ ရပ်တန့်သွားခဲ့တဲ့ လာကာဇက်ကို ရောင်းချဖို့ လေ့လာသူတွေ တိုက်တွန်းလိုက်ပြီး သူ့အတွက် ပြောင်းရွှေ့ကြေးနဲ့ လစာငွေကို စွမ်းဆောင်မှုနဲ့ အချိုးချကြည့်ရင် တစ်ဂိုးကို ပေါင် ၁.၄ သန်း၊ ဖန်တီးမှုတစ်ကြိမ်ကို ပေါင် ၂.၉ သန်းနဲ့ လက်ရှိအချိန်အထိ စုစုပေါင်း ပေါင် ၁၇၅ သန်းလောက် ကျသင့်နေလို့ ကုန်ကျစရိတ် လျှော့ချသင့်ကြောင်းဆိုနေကြ။

– သူမြင်ဖူးသမျှထဲမှာ အာဆင်နယ်အသင်းရဲ့ အဆိုးရွားဆုံးပုံစံနဲ့ လုပ်အားနှုန်းကျဆင်းမှုကို တွေ့မြင်ခဲ့ရတာဖြစ်တယ်လို့ တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်က BBC Match of the Day အစီအစဉ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့။

– ကွင်းလယ်လူ သောမတ်စ် ပါတေးကို ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ခဲ့ရတာဟာ နည်းစနစ်ပိုင်းထက် သူ့ရဲ့ ပေါင်ကြွက်သားဒဏ်ရာကို ရေခဲနဲ့ ကုသတာ သိပ်မသက်သာခဲ့လို့ဖြစ်ပြီး စွန့်စားသုံးစွဲတာမျိုး မလုပ်ချင်ခဲ့ဘူးလို့ အာတီတာ ရှင်းလင်း။

– အမ်းမရိတ်မှာ နှစ်ဂိုးသွင်းယူခဲ့တဲ့ ဗီလာတိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်နဲ့ သူ့ရဲ့ တစ်မိသားစုလုံးဟာ အာဆင်နယ်ပရိသတ်တွေဖြစ်ကြပြီး ဒီနေ့ဂိုးတွေအတွက် အဘိုးနဲ့ ဦးလေးတို့ကတော့ ကျေနပ်လိမ့်မှာ မဟုတ်ဘူးလို့ ကစားသမားက အင်တာဗျူးမှာ ပြောကြားသွား။

– ဂိုးကန်သွင်းခွင့် တစ်ကြိမ်မှ မရခဲ့တဲ့ အာဆင်နယ်ကစားသမားသုံးယောက်ထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းရဲ့ စွမ်းဆောင်ရည်က မဖြစ်သင့်ဘူးလို့ ပရိသတ်တွေ သုံးသပ်ခဲ့ကြပြီး အာတီတာရဲ့ နည်းစနစ်တွေကိုလည်း မေးခွန်းထုတ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အက္စတန္ဗီလာကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး သူ႔ရဲ႕ ပြဲႀကိဳခန႔္မွန္းခ်က္ေအာက္မွာ ပရိသတ္ေတြရဲ႕ ေရးသားမႈေတြျဖစ္တဲ့ အိုေဇးလ္ကို လႊတ္ေပးပါဆိုတဲ့ Tweet နဲ႔ လြမ္းေနၿပီဆိုတဲ့ Tweet ေတြကို ကြင္းလယ္လူ မီဆြတ္ အိုေဇးလ္က Like ေပးၿပီး အသိအမွတ္ျပဳခဲ့။

– အာဆင္နယ္ရဲ႕ ပထမဂိုးမွာ လူေပးမွားခဲ့တဲ့အျပင္ တိုက္စစ္မွာ ဘာဖန္တီးမႈမွ မလုပ္ႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ဝီလီယန္က ပြဲထြက္ဖို႔အတြက္ ေပေပနဲ႔ အိုေဇးလ္ထက္ ပိုေကာင္းတယ္လားလို႔ တြစ္တာမွာ ပရိသတ္ေတြ တိုက္ခိုက္ေနၾက။

– ပရီးမီးယားလိဂ္မွာ သုံးပြဲဆက္ဂိုးသြင္းၿပီးတဲ့ေနာက္ လြဲေခ်ာ္မႈေတြနဲ႔အတူ ရပ္တန႔္သြားခဲ့တဲ့ လာကာဇက္ကို ေရာင္းခ်ဖို႔ ေလ့လာသူေတြ တိုက္တြန္းလိုက္ၿပီး သူ႔အတြက္ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ လစာေငြကို စြမ္းေဆာင္မႈနဲ႔ အခ်ိဳးခ်ၾကည့္ရင္ တစ္ဂိုးကို ေပါင္ ၁.၄ သန္း၊ ဖန္တီးမႈတစ္ႀကိမ္ကို ေပါင္ ၂.၉ သန္းနဲ႔ လက္ရွိအခ်ိန္အထိ စုစုေပါင္း ေပါင္ ၁၇၅ သန္းေလာက္ က်သင့္ေနလို႔ ကုန္က်စရိတ္ ေလွ်ာ့ခ်သင့္ေၾကာင္းဆိုေနၾက။

– သူျမင္ဖူးသမွ်ထဲမွာ အာဆင္နယ္အသင္းရဲ႕ အဆိုး႐ြားဆုံးပုံစံနဲ႔ လုပ္အားႏႈန္းက်ဆင္းမႈကို ေတြ႕ျမင္ခဲ့ရတာျဖစ္တယ္လို႔ တိုက္စစ္မႉးေဟာင္းႀကီး အီယန္႐ိုက္က BBC Match of the Day အစီအစဥ္မွာ ျပင္းျပင္းထန္ထန္ ေဝဖန္သြားခဲ့။

– ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို ပထမပိုင္းအၿပီးမွာ လူစားလဲလွယ္ခဲ့ရတာဟာ နည္းစနစ္ပိုင္းထက္ သူ႔ရဲ႕ ေပါင္ႂကြက္သားဒဏ္ရာကို ေရခဲနဲ႔ ကုသတာ သိပ္မသက္သာခဲ့လို႔ျဖစ္ၿပီး စြန႔္စားသုံးစြဲတာမ်ိဳး မလုပ္ခ်င္ခဲ့ဘူးလို႔ အာတီတာ ရွင္းလင္း။

– အမ္းမရိတ္မွာ ႏွစ္ဂိုးသြင္းယူခဲ့တဲ့ ဗီလာတိုက္စစ္မႉး အိုလီ ဝပ္ကင္းစ္နဲ႔ သူ႔ရဲ႕ တစ္မိသားစုလုံးဟာ အာဆင္နယ္ပရိသတ္ေတြျဖစ္ၾကၿပီး ဒီေန႔ဂိုးေတြအတြက္ အဘိုးနဲ႔ ဦးေလးတို႔ကေတာ့ ေက်နပ္လိမ့္မွာ မဟုတ္ဘူးလို႔ ကစားသမားက အင္တာဗ်ဴးမွာ ေျပာၾကားသြား။

– ဂိုးကန္သြင္းခြင့္ တစ္ႀကိမ္မွ မရခဲ့တဲ့ အာဆင္နယ္ကစားသမားသုံးေယာက္ထဲမွာ တစ္ဦးအပါအဝင္ျဖစ္ခဲ့တဲ့ တိုက္စစ္မႉး အူဘာမီယန္းရဲ႕ စြမ္းေဆာင္ရည္က မျဖစ္သင့္ဘူးလို႔ ပရိသတ္ေတြ သုံးသပ္ခဲ့ၾကၿပီး အာတီတာရဲ႕ နည္းစနစ္ေတြကိုလည္း ေမးခြန္းထုတ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.