Premier League

အသင္းႀကီးေတြ အႏုိင္ရၿပီး ဥေရာပဝင္ခြင့္အတြက္ ၿပဳိင္ဆုိင္မွဳပိုလာတဲ့ တနဂၤေႏြ

တနဂၤေႏြေန႔မွာ ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာေတာ့ အသင္းႀကီးေတြ အႏုိင္ရရွိခဲ့ၾကၿပီး ဥေရာပဝင္ခြင့္အတြက္ ၿပဳိင္ဆုိင္မွဳက ပုိမိုျပင္းထန္လာခဲ့သလို အာဆင္နယ္အသင္းအေနနဲ႔လည္း ဒီေနာက္ပုိင္းမွာ အဆင့္ ၉ ေနရာအထိ ျပန္လည္တက္ေရာက္ခဲ့ၿပီး အဆင့္ ၄ နဲ႔ ၇ မွတ္အကြာကို ေရာက္လာခဲ့ပါတယ္။

အေစာပြဲႏွစ္ပြဲထဲက တစ္ပြဲျဖစ္ခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ဝတ္ဖို႔ဒ္အသင္းတုိ႔ရဲ႕ အုိးလ္ထရက္ဖို႔ဒ္က ပြဲစဥ္မွာေတာ့ အားလုံး ေမွ်ာ္လင့္ထားသလိုပဲ အိမ္ရွင္တုိ႔ ျပတ္သားတဲ့ ႏုိင္ပြဲရခဲ့ၿပီး ဘ႐ူႏုိ ဖာနန္ဒက္စ္က သူ႕ေၾကာင့္ရတဲ့ ပင္နယ္တီကို သူကိုယ္တိုင္ကန္ၿပီး မန္ယူကစားသမားဘဝအတြက္ ပထမဆုံးဂိုးကို ရယူခဲ့သလို က်န္တဲ့ႏွစ္ဂိုးကိုေတာ့ တုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ အန္တိုနီ မာစီယယ္လ္နဲ႔ ေမဆန္ ဂရင္းဝုဒ္တုိ႔က အသီးသီးသြင္းယူၿပီး သုံးဂိုး-ဂိုးမရွိနဲ႔ စပါးစ္နဲ႔ ရွက္ဖီးလ္ဒ္တုိ႔ကို ေက်ာ္တက္ကာ အဆင့္ ၅ ကို တက္လွမ္းခဲ့ပါတယ္။

ေနာက္တစ္ပြဲမွာေတာ့ ဥေရာပဝင္ခြင့္အတြက္ ၿပဳိင္ဆိုင္ေနတဲ့အသင္းတစ္သင္းျဖစ္တဲ့ ဝုလ္ဗ္စ္အသင္းက တန္းဆင္းဇုန္ အဆင့္ ၂၀ က ေနာ့ဝစ္ခ်္အသင္းကို သုံးဂိုး-ဂိုးမရွိနဲ႔ပဲ အႏုိင္ယူၿပီး အဆင့္ ၈ မွာ ဆက္လက္ရပ္တည္ေနသလို သြင္းဂိုးေတြကိုေတာ့ ယူ႐ိုပါလိဂ္မွာ ေျခစြမ္းျပခဲ့တဲ့ ဒီယုိဂို ဂ်ဳိတာက ႏွစ္ဂိုးနဲ႔ တိုက္စစ္မွဴး ရာအူးလ္ ဟီမီနက္ဇ္က တစ္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

ေနာက္က်ပြဲစဥ္ျဖစ္တဲ့ အာဆင္နယ္နဲ႔ အဲဗာတန္တုိ႔ပြဲစဥ္ကေတာ့ နည္းျပေကာင္းႏွစ္ဦး ေတြ႕ဆုံတဲ့ပြဲၿပီၿပီ အႀကိတ္အနယ္ရွိခဲ့ၿပီး အဲဗာတန္တုိ႔က ပြဲခ်ိန္ ၁ မိနစ္မျပည့္ခင္မွာပဲ ကဲလ္ဗတ္-လူဝင္ရဲ႕ အဖြင့္ဂိုးနဲ႔ ဦးေဆာင္ခဲ့သလို အာဆင္နယ္က ၂၇ နဲ႔ ၃၃ မိနစ္ေတြမွာ နကီးတီးယားနဲ႔ အူဘာမီယန္းတုိ႔ရဲ႕ သြင္းဂိုးေတြနဲ႔ ဦးေဆာင္ခဲ့ၿပီး ရစ္ခ်ာလစ္ဆန္က နာက်င္အခ်ိန္ပိုမွာ ျပန္လည္ေခ်ပခဲ့လို႔ ပထမပုိင္းမွာ ႏွစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။ ဒုတိယပုိင္း ပြဲစၿပီး ၂၅ စကၠန္႔မွာေတာ့ အူဘာမီယန္းကပဲ အႏုိင္ဂိုးကို ေခါင္းတုိက္သြင္းယူခဲ့လို႔ သုံးဂိုး-ႏွစ္ဂိုးႏိုင္ပြဲနဲ႔ အိမ္ရွင္တုိ႔ အဆင့္ ၉ ကို ေရာက္ရွိလာပါတယ္။

လက္ရွိအေနအထားမွာေတာ့ လီဗာပူးလ္အသင္းက တစ္ပြဲေလွ်ာ့ကစားၿပီး ထိပ္ဆုံးကေန ရမွတ္ ၇၆ မွတ္နဲ႔ ဦးေဆာင္ေနၿပီး မန္စီးတီး၊ လက္စတာနဲ႔ ခ်ဲလ္ဆီးတုိ႔က အဆင့္ ၄ အတြင္းမွာ ရွိေနၾကၿပီး ေနာက္မွာေတာ့ မန္ယူ၊ စပါးစ္၊ ရွက္ဖီးလ္၊ ဝုလ္ဗ္၊ အာဆင္နယ္နဲ႔ ဘန္ေလအသင္းေတြက အဆင့္ ၁၀ အထိ အစဥ္လုိက္ရပ္တည္ေနၾကေၾကာင္း တနဂၤေႏြေန႔ည ပရီးမီးယားလိဂ္ပြဲစဥ္အက်ဥ္းခ်ဳပ္အျဖစ္ စုစည္းေဖာ္ျပလုိက္ရပါတယ္။

REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေ အနိုင်ရရှိခဲ့ကြပြီး ဥရောပဝင်ခွင့်အတွက် ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လာခဲ့သလို အာဆင်နယ်အသင်းအနေနဲ့လည်း ဒီနောက်ပိုင်းမှာ အဆင့် ၉ နေရာအထိ ပြန်လည်တက်ရောက်ခဲ့ပြီး အဆင့် ၄ နဲ့ ၇ မှတ်အကွာကို ရောက်လာခဲ့ပါတယ်။

အစောပွဲနှစ်ပွဲထဲက တစ်ပွဲဖြစ်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဝတ်ဖို့ဒ်အသင်းတို့ရဲ့ အိုးလ်ထရက်ဖို့ဒ်က ပွဲစဉ်မှာတော့ အားလုံး မျှော်လင့်ထားသလိုပဲ အိမ်ရှင်တို့ ပြတ်သားတဲ့ နိုင်ပွဲရခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်က သူ့ကြောင့်ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင်ကန်ပြီး မန်ယူကစားသမားဘဝအတွက် ပထမဆုံးဂိုးကို ရယူခဲ့သလို ကျန်တဲ့နှစ်ဂိုးကိုတော့ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ အန်တိုနီ မာစီယယ်လ်နဲ့ မေဆန် ဂရင်းဝုဒ်တို့က အသီးသီးသွင်းယူပြီး သုံးဂိုး-ဂိုးမရှိနဲ့ စပါးစ်နဲ့ ရှက်ဖီးလ်ဒ်တို့ကို ကျော်တက်ကာ အဆင့် ၅ ကို တက်လှမ်းခဲ့ပါတယ်။

နောက်တစ်ပွဲမှာတော့ ဥရောပဝင်ခွင့်အတွက် ပြိုင်ဆိုင်နေတဲ့အသင်းတစ်သင်းဖြစ်တဲ့ ဝုလ်ဗ်စ်အသင်းက တန်းဆင်းဇုန် အဆင့် ၂၀ က နော့ဝစ်ချ်အသင်းကို သုံးဂိုး-ဂိုးမရှိနဲ့ပဲ အနိုင်ယူပြီး အဆင့် ၈ မှာ ဆက်လက်ရပ်တည်နေသလို သွင်းဂိုးတွေကိုတော့ ယူရိုပါလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ ဒီယိုဂို ဂျိုတာက နှစ်ဂိုးနဲ့ တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်က တစ်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

နောက်ကျပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်နဲ့ အဲဗာတန်တို့ပွဲစဉ်ကတော့ နည်းပြကောင်းနှစ်ဦး တွေ့ဆုံတဲ့ပွဲပြီပြီ အကြိတ်အနယ်ရှိခဲ့ပြီး အဲဗာတန်တို့က ပွဲချိန် ၁ မိနစ်မပြည့်ခင်မှာပဲ ကဲလ်ဗတ်-လူဝင်ရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်ခဲ့သလို အာဆင်နယ်က ၂၇ နဲ့ ၃၃ မိနစ်တွေမှာ နကီးတီးယားနဲ့ အူဘာမီယန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်ခဲ့ပြီး ရစ်ချာလစ်ဆန်က နာကျင်အချိန်ပိုမှာ ပြန်လည်ချေပခဲ့လို့ ပထမပိုင်းမှာ နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲစပြီး ၂၅ စက္ကန့်မှာတော့ အူဘာမီယန်းကပဲ အနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူခဲ့လို့ သုံးဂိုး-နှစ်ဂိုးနိုင်ပွဲနဲ့ အိမ်ရှင်တို့ အဆင့် ၉ ကို ရောက်ရှိလာပါတယ်။

လက်ရှိအနေအထားမှာတော့ လီဗာပူးလ်အသင်းက တစ်ပွဲလျှော့ကစားပြီး ထိပ်ဆုံးကနေ ရမှတ် ၇၆ မှတ်နဲ့ ဦးဆောင်နေပြီး မန်စီးတီး၊ လက်စတာနဲ့ ချဲလ်ဆီးတို့က အဆင့် ၄ အတွင်းမှာ ရှိနေကြပြီး နောက်မှာတော့ မန်ယူ၊ စပါးစ်၊ ရှက်ဖီးလ်၊ ဝုလ်ဗ်၊ အာဆင်နယ်နဲ့ ဘန်လေအသင်းတွေက အဆင့် ၁၀ အထိ အစဉ်လိုက်ရပ်တည်နေကြကြောင်း တနင်္ဂနွေနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်အကျဉ်းချုပ်အဖြစ် စုစည်းဖော်ပြလိုက်ရပါတယ်။

REF: PREMIER LEAGUE
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.