Premier League Transfer News

၉.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နောက်ထပ် ဝိန်း ရွန်နီနဲ့ အဲရစ် ကန်တိုနာတို့ကို ပိုင်ဆိုင်ထားတယ်လို့ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်က သုံးသပ်လိုက်ပြီး ဒီနှစ်ယောက်စလုံးရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းတွေကို ဘရူနို ဖာနန်ဒက်စ်က သိမ်းပိုက်ထားတယ်လို့ ချီးကျူး။

– ပွဲစဉ်တွေကို ခပ်စိပ်စိပ်နဲ့ အနားမရအောင် ရေးဆွဲထားခြင်းအပေါ် ဝေဖန်လိုက်တဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားရဲ့ စွဲချက်အပေါ် အိုလီ မှန်တယ်လို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ် ထောက်ခံပြောကြားသွား။

– အငှားစာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူခွင့်ကို ထည့်သွင်းမထားခဲ့ပေမယ့် အေစီမီလန်အသင်းကတော့ ဒီယိုဂို ဒါလော့ကို အငှားစာချုပ် ကုန်ဆုံးချိန်မှာ တစ်ခါတည်း အပြောင်းအရွှေ့လုပ်ဆောင်ပြီး အမြဲတမ်းခေါ်ယူနိုင်ဖို့ ယူနိုက်တက်ဆီ ချဉ်းကပ်နေ။

– အဲဗာတန်နဲ့ပွဲမှာ နှစ်ဂိုးသွင်းယူပြီး တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကို စကားလုံးတစ်လုံးတည်းနဲ့ တောင်းဆိုလိုက်ပြီး သူ့ရဲ့ အင်စတာဂရမ်မှာ “Believe”လို့ ရေးသားသွား။

– လာမယ့်ဇန်နဝါရီမှာ လီယွန်အသင်းကနေ ထွက်ခွာနိုင်တဲ့ တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို ခေါ်ယူချင်နေတဲ့ ဝက်စ်ဟမ်းအသင်းကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ လက်လွတ်မခံချင်ရင် မလိုအပ်သေးပေမယ့်လည်း ကြိုတင်ခေါ်ယူထားရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ချန်ပီယံဆုတွေကို စိန်ခေါ်ချင်တယ်ဆိုရင် ကစားသမား ၄ဦး ကို အားဖြည့်သွားရဖို့ ရှိနေပြီး ဘယ်လိုလူမျိုးတွေလဲဆိုရင်တော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ အရည်အသွေးနဲ့ စိတ်ဓာတ်မျိုး ပိုင်ဆိုင်တဲ့သူတွေလို့ တိုက်စစ်မှူးဟောင်း လူးဝစ် ဆာဟာ အကြံပေး။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက အဲဗာတန်နဲ့ပွဲမှာ ပြစ်ဒဏ်ကျူးလွန်ခံရပြီး ပင်နယ်တီမရခဲ့ခြင်း အပေါ်မှာ သူက အရင် ဂိုးသမား ပစ်ခ်ဖို့ဒ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာလို့ ရိုးရိုးသားသား ဝန်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ေနာက္ထပ္ ဝိန္း ရြန္နီနဲ႔ အဲရစ္ ကန္တိုနာတို႔ကို ပုိင္ဆုိင္ထားတယ္လို႔ အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီ နဗီးလ္က သုံးသပ္လိုက္ၿပီး ဒီႏွစ္ေယာက္စလုံးရဲ႕ စိတ္ဓာတ္နဲ႔ ေျခစြမ္းေတြကို ဘ႐ူႏုိ ဖာနန္ဒက္စ္က သိမ္းပုိက္ထားတယ္လုိ႔ ခ်ီးက်ဴး။

– ပြဲစဥ္ေတြကို ခပ္စိပ္စိပ္နဲ႔ အနားမရေအာင္ ေရးဆြဲထားျခင္းအေပၚ ေဝဖန္လုိက္တဲ့ ယူႏုိက္တက္နည္းျပ ဆုိးလ္ရွားရဲ႕ စြဲခ်က္အေပၚ အုိလီ မွန္တယ္လို႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္ ေထာက္ခံေျပာၾကားသြား။

– အငွားစာခ်ဳပ္ထဲမွာ အၿပီးသတ္ေခၚယူခြင့္ကို ထည့္သြင္းမထားခဲ့ေပမယ့္ ေအစီမီလန္အသင္းကေတာ့ ဒီယိုဂို ဒါေလာ့ကို အငွားစာခ်ဳပ္ ကုန္ဆုံးခ်ိန္မွာ တစ္ခါတည္း အေျပာင္းအေရႊ႕လုပ္ေဆာင္ၿပီး အျမဲတမ္းေခၚယူႏုိင္ဖို႔ ယူႏုိက္တက္ဆီ ခ်ဥ္းကပ္ေန။

– အဲဗာတန္နဲ႔ပြဲမွာ ႏွစ္ဂိုးသြင္းယူၿပီး တစ္ဂိုးဖန္တီးေပးခဲ့တဲ့ ေပၚတူဂီကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္က မန္ခ်က္စတာယူႏုိက္တက္ ပရိသတ္ေတြကို စကားလုံးတစ္လုံးတည္းနဲ႔ ေတာင္းဆိုလုိက္ၿပီး သူ႕ရဲ႕ အင္စတာဂရမ္မွာ “Believe”လုိ႔ ေရးသားသြား။

– လာမယ့္ဇန္နဝါရီမွာ လီယြန္အသင္းကေန ထြက္ခြာႏုိင္တဲ့ တုိက္စစ္မွဴး မူဆာ ဒမ္ဘီလီကို ေခၚယူခ်င္ေနတဲ့ ဝက္စ္ဟမ္းအသင္းေၾကာင့္ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ လက္လြတ္မခံခ်င္ရင္ မလုိအပ္ေသးေပမယ့္လည္း ႀကဳိတင္ေခၚယူထားရဖြယ္ရွိေန။

– မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ခ်န္ပီယံဆုေတြကို စိန္ေခၚခ်င္တယ္ဆုိရင္ ကစားသမား ၄ဦး ကို အားျဖည့္သြားရဖို႔ ရွိေနၿပီး ဘယ္လိုလူမ်ဳိးေတြလဲဆုိရင္ေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အရည္အေသြးနဲ႔ စိတ္ဓာတ္မ်ဳိး ပုိင္ဆုိင္တဲ့သူေတြလုိ႔ တုိက္စစ္မွဴးေဟာင္း လူးဝစ္ ဆာဟာ အႀကံေပး။

– မန္ခ်က္စတာယူႏုိက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားက အဲဗာတန္နဲ႔ပြဲမွာ ျပစ္ဒဏ္က်ဴးလြန္ခံရၿပီး ပင္နယ္တီမရခဲ့ျခင္း အေပၚမွာ သူက အရင္ ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာလုိ႔ ႐ိုး႐ိုးသားသား ဝန္ခံသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.