Match Report Premier League

လေးလံတဲ့ ခံစစ်၊ နည်းဗျူဟာအမှားတွေနဲ့ အိမ်ကွင်းမှာ အထိနာခဲ့တဲ့ အာဆင်နယ်

၃-၄-၃ လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့တဲ့ အာဆင်နယ်တို့အနေနဲ့ ဒီနေ့မှာ အသင်းကို လူစုံထုတ်လာခဲ့ပြီး ခံစစ်မှာ လူစုံခဲ့သလို ကွင်းလယ်မှာ လုပ်အားနှုန်းအခြေပြု အယ်လ်နန်နီနဲ့ ပါတေးအထိုင်ကို သုံးခဲ့ပြီး ရှေ့မှာတော့ အူဘာမီယန်း၊ လာကာဇက်နဲ့ ဝီလီယန်တို့ ကစားလာခဲ့ကြပါတယ်။

ပွဲစစချင်း တစ်မိနစ်မပြည့်ခင်မှာပဲ ဗီလာအသင်းခေါင်းဆောင် ဂရီးလစ်ရှ် ထိုးဖောက်ပြီး ချပေးတာကို ကွင်းလယ်လူ မက်ဂင်းကန်ခွင့်ရတာမှာ ဂိုးဝင်သွားခဲ့ပေမယ့် ဘောလုံးလမ်းကြောင်းနဲ့ ဂိုးသမားရှေ့မှာ ဘာကလီက ကွယ်နေခဲ့လို့ လူကျွံဘော သတ်မှတ်ခံခဲ့ရပြီး အာဆင်နယ်တို့ ကံကောင်းခဲ့ပါတယ်။

အာဆင်နယ်တို့ ကွင်းလယ်မှာ ဘောလုံးအိုင်နေတာများနေပြီး အက်စတန်ဗီလာကတော့ ခံစစ်မှာ ပိတ်ဆို့ကစားသွားခဲ့သလို အသင်းဟောင်းနဲ့ ပြန်တွေ့တဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကလည်း လုပ်ပုံကိုင်ပုံတချို့ကို တွက်ဆမိနေတာကြောင့် အိမ်ရှင်တွေ ဂိုးရှာဖွေဖို့ ခက်နေခဲ့ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ ကွင်းလယ်လူ ဝီလီယန် လူပေးမှားရာကနေ ဗီလာတို့ ပြန်လည်တိုက်စစ်ဆင်ခဲ့ပြီး ဘယ်ခြမ်းကို ပိတ်ဖို့ ကြိုးစားနေတဲ့ အာဆင်နယ်ခံစစ်ကို နောက်ခံလူ တားဂက် ဖောက်ထွက်ပြီး ချိုးပေးတာကို အဝေးတိုင်ဘက်မှာ ပိတ်ဆို့ဖို့ ကြိုးစားခဲ့တဲ့ ဆာကာက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ ဧည့်သည်တွေ အဖွင့်ဂိုး ရခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အာဆင်နယ်တို့ တိုက်စစ်မြှင့်ခဲ့ပေမယ့် ဗီလာနောက်တန်းနဲ့ ဂိုးသမားက အမှားအယွင်း မရှိခဲ့တဲ့အပြင် လာကာဇက်က အခွင့်အရေး တစ်ကြိမ်ကိုလည်း ခေါင်းတိုက်ရာမှာ အလဟဿဖြစ်သွားခဲ့လို့ ပထမပိုင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ဧည့်သည်တွေက ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ထင်မှတ်မထားတဲ့ ပြောင်းလဲမှုတစ်ရပ်ကို လုပ်ခဲ့ပြီး ကွင်းလယ်မှာ ခံစစ်သန်ကစားသမား သောမတ်စ် ပါတေးအစား ဒါနီ စီဘာယော့စ်ကို ထည့်သွင်းပြီး ဗီလာနောက်တန်းကို ဖိအားပေးမယ့် ဘောလုံးပေးပို့မှုတွေကို ပိုလုပ်နိုင်ဖို့ ပြင်ဆင်လာခဲ့ပေမယ့် ဒါက သူတို့ရဲ့ ခံစစ်ကို အထိနာစေခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာတော့ အာဆင်နယ်ရဲ့ လက်ကျန်လူစားလဲမှုတွေကို ပြုလုပ်ခဲ့ပြီး လာကာဇက်အစား နကီးတီးယားနဲ့ ဝီလီယန်အစား ပေပေတို့ကို ထည့်သွင်းလာခဲ့လို့ ဂိုးကန်သွင်းမှုတွေကို မြင်ခဲ့ရသလို သူတို့နှစ်ဦးကလည်း အတော်လေး လှုပ်ကစားနိုင်ခဲ့တာကြောင့်အိမ်ရှင်တိုက်စစ်က ပိုစီးမိလာပြီး အက်စတန်ဗီလာတို့ ခံစစ်ကနေ ကောင်တာသာ ချောင်းနေခဲ့ရပါတယ်။

ဒါပေမယ့် မတင်မှတ်ဘဲ ထောင့်ကန်ဘောကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ဖြတ်တင်ပေးတာကို ဘာကလီက Volley ကန်ချက်နဲ့ ပြန်ချိုးပေးခဲ့တာကို ပွဲချိန် ၇၂ မိနစ်မှာ တိုက်စစ်မှူး ဝပ်ကင်းစ်က ခေါင်းတိုက်သွင်းယူသွားလို့ အက်စတန်ဗီလာတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။

အာဆင်နယ်တို့ ဒီနောက်ပိုင်းမှာတော့ တော်တော်လေး ပြိုလဲသွားခဲ့ပြီး ဂရီးလစ်ရှ်၊ ဘာကလီတို့ရဲ့ ထိုးနှက်မှုတွေကို ခံနေခဲ့ရသလို ပွဲချိန် ၇၅ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဗီလာအသင်းခေါင်းဆောင်က ခင်းပေးတာကို ဝပ်ကင်းစ်ကပဲ လီနိုရဲ့ ပေါင်ကြားထဲက ချိုးကန်ပြီး တတိယဂိုး ရယူသွားခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဧည့်သည် ဗီလိန်တွေက ပါးပါးနပ်နပ်ပုံစံနဲ့ ကွင်းလယ်က ထိန်းကစားခဲ့သလို ခံစစ်နဲ့ ဂိုးသမားကလည်း ပုံစံကောင်းရနေခဲ့တာကြောင့် အာဆင်နယ်တို့ အိမ်ကွင်းမှာ နှစ်သိမ့်ချေပဂိုးတောင် ရယူနိုင်ခြင်းမရှိဘဲ သုံးဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး အနိုင်ရခဲ့တဲ့ အက်စတန်ဗီလာတို့ကတော့ ရှုံးပွဲဆက်မှုကို ရပ်တန့်ပြီး အဆင့် ၆ ကို တက်ရောက်လာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၃-၄-၃ လူစာရင္းနဲ႔ပဲ ပြဲထြက္လာခဲ့တဲ့ အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔မွာ အသင္းကို လူစုံထုတ္လာခဲ့ၿပီး ခံစစ္မွာ လူစုံခဲ့သလို ကြင္းလယ္မွာ လုပ္အားႏႈန္းအေျချပဳ အယ္လ္နန္နီနဲ႔ ပါေတးအထိုင္ကို သုံးခဲ့ၿပီး ေရွ႕မွာေတာ့ အူဘာမီယန္း၊ လာကာဇက္နဲ႔ ဝီလီယန္တို႔ ကစားလာခဲ့ၾကပါတယ္။

ပြဲစစခ်င္း တစ္မိနစ္မျပည့္ခင္မွာပဲ ဗီလာအသင္းေခါင္းေဆာင္ ဂရီးလစ္ရွ္ ထိုးေဖာက္ၿပီး ခ်ေပးတာကို ကြင္းလယ္လူ မက္ဂင္းကန္ခြင့္ရတာမွာ ဂိုးဝင္သြားခဲ့ေပမယ့္ ေဘာလုံးလမ္းေၾကာင္းနဲ႔ ဂိုးသမားေရွ႕မွာ ဘာကလီက ကြယ္ေနခဲ့လို႔ လူကြၽံေဘာ သတ္မွတ္ခံခဲ့ရၿပီး အာဆင္နယ္တို႔ ကံေကာင္းခဲ့ပါတယ္။

အာဆင္နယ္တို႔ ကြင္းလယ္မွာ ေဘာလုံးအိုင္ေနတာမ်ားေနၿပီး အက္စတန္ဗီလာကေတာ့ ခံစစ္မွာ ပိတ္ဆို႔ကစားသြားခဲ့သလို အသင္းေဟာင္းနဲ႔ ျပန္ေတြ႕တဲ့ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကလည္း လုပ္ပုံကိုင္ပုံတခ်ိဳ႕ကို တြက္ဆမိေနတာေၾကာင့္ အိမ္ရွင္ေတြ ဂိုးရွာေဖြဖို႔ ခက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ ကြင္းလယ္လူ ဝီလီယန္ လူေပးမွားရာကေန ဗီလာတို႔ ျပန္လည္တိုက္စစ္ဆင္ခဲ့ၿပီး ဘယ္ျခမ္းကို ပိတ္ဖို႔ ႀကိဳးစားေနတဲ့ အာဆင္နယ္ခံစစ္ကို ေနာက္ခံလူ တားဂက္ ေဖာက္ထြက္ၿပီး ခ်ိဳးေပးတာကို အေဝးတိုင္ဘက္မွာ ပိတ္ဆို႔ဖို႔ ႀကိဳးစားခဲ့တဲ့ ဆာကာက ကိုယ့္ဂိုးကိုယ္သြင္းယူမိခဲ့လို႔ ဧည့္သည္ေတြ အဖြင့္ဂိုး ရခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ အာဆင္နယ္တို႔ တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ ဗီလာေနာက္တန္းနဲ႔ ဂိုးသမားက အမွားအယြင္း မရွိခဲ့တဲ့အျပင္ လာကာဇက္က အခြင့္အေရး တစ္ႀကိမ္ကိုလည္း ေခါင္းတိုက္ရာမွာ အလဟႆျဖစ္သြားခဲ့လို႔ ပထမပိုင္းကို တစ္ဂိုး-ဂိုးမရွိနဲ႔ ဧည့္သည္ေတြက ဦးေဆာင္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ထင္မွတ္မထားတဲ့ ေျပာင္းလဲမႈတစ္ရပ္ကို လုပ္ခဲ့ၿပီး ကြင္းလယ္မွာ ခံစစ္သန္ကစားသမား ေသာမတ္စ္ ပါေတးအစား ဒါနီ စီဘာေယာ့စ္ကို ထည့္သြင္းၿပီး ဗီလာေနာက္တန္းကို ဖိအားေပးမယ့္ ေဘာလုံးေပးပို႔မႈေတြကို ပိုလုပ္ႏိုင္ဖို႔ ျပင္ဆင္လာခဲ့ေပမယ့္ ဒါက သူတို႔ရဲ႕ ခံစစ္ကို အထိနာေစခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာေတာ့ အာဆင္နယ္ရဲ႕ လက္က်န္လူစားလဲမႈေတြကို ျပဳလုပ္ခဲ့ၿပီး လာကာဇက္အစား နကီးတီးယားနဲ႔ ဝီလီယန္အစား ေပေပတို႔ကို ထည့္သြင္းလာခဲ့လို႔ ဂိုးကန္သြင္းမႈေတြကို ျမင္ခဲ့ရသလို သူတို႔ႏွစ္ဦးကလည္း အေတာ္ေလး လႈပ္ကစားႏိုင္ခဲ့တာေၾကာင့္အိမ္ရွင္တိုက္စစ္က ပိုစီးမိလာၿပီး အက္စတန္ဗီလာတို႔ ခံစစ္ကေန ေကာင္တာသာ ေခ်ာင္းေနခဲ့ရပါတယ္။

ဒါေပမယ့္ မတင္မွတ္ဘဲ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ျဖတ္တင္ေပးတာကို ဘာကလီက Volley ကန္ခ်က္နဲ႔ ျပန္ခ်ိဳးေပးခဲ့တာကို ပြဲခ်ိန္ ၇၂ မိနစ္မွာ တိုက္စစ္မႉး ဝပ္ကင္းစ္က ေခါင္းတိုက္သြင္းယူသြားလို႔ အက္စတန္ဗီလာတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ထပ္မံဦးေဆာင္ႏိုင္ခဲ့ပါတယ္။

အာဆင္နယ္တို႔ ဒီေနာက္ပိုင္းမွာေတာ့ ေတာ္ေတာ္ေလး ၿပိဳလဲသြားခဲ့ၿပီး ဂရီးလစ္ရွ္၊ ဘာကလီတို႔ရဲ႕ ထိုးႏွက္မႈေတြကို ခံေနခဲ့ရသလို ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဗီလာအသင္းေခါင္းေဆာင္က ခင္းေပးတာကို ဝပ္ကင္းစ္ကပဲ လီႏိုရဲ႕ ေပါင္ၾကားထဲက ခ်ိဳးကန္ၿပီး တတိယဂိုး ရယူသြားခဲ့ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဧည့္သည္ ဗီလိန္ေတြက ပါးပါးနပ္နပ္ပုံစံနဲ႔ ကြင္းလယ္က ထိန္းကစားခဲ့သလို ခံစစ္နဲ႔ ဂိုးသမားကလည္း ပုံစံေကာင္းရေနခဲ့တာေၾကာင့္ အာဆင္နယ္တို႔ အိမ္ကြင္းမွာ ႏွစ္သိမ့္ေခ်ပဂိုးေတာင္ ရယူႏိုင္ျခင္းမရွိဘဲ သုံးဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ရၿပီး အႏိုင္ရခဲ့တဲ့ အက္စတန္ဗီလာတို႔ကေတာ့ ရႈံးပြဲဆက္မႈကို ရပ္တန႔္ၿပီး အဆင့္ ၆ ကို တက္ေရာက္လာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: REUTERS
PHOTOS CREDIT TO OWNERS
SPORTS A2Z.