Premier League

၉.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ပြီးခဲ့တဲ့ညက မန်စီးတီးအသင်းနဲ့ပွဲမှာ လီဗာပူးလ်အသင်းရဲ့ အဓိကကစားသမား ညာနောက်ခံလူ အလက်ဇန်းဒါး အားနိုးလ်ဒ် ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပြီး အသင်းရဲ့ခံစစ်ပိုင်းအတွက် စိတ်ပျက်စရာ ထိုးနှက်ချက်အသစ်ဖြစ်လာ။

မန်စီးတီးအသင်းနဲ့ အဝေးကွင်းပွဲစဥ်မှာ လီဗာပူးလ်အသင်းဟာ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရပြီး အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ လက်စတာအသင်းနဲ့ ၁ မှတ်အကွာ၊ အမှတ်ပေးဇယား တတိယနေရာမှာ ရမှတ် ၁၇ မှတ်နဲ့ ရပ်တည်နိုင်ခဲ့။

ဖာမီနို နဲ့ ဂျိုတာ ကို တပြိုင်နက်တည်း ပွဲထွက်စေခဲ့တဲ့ ကလော့ပ်ရဲ့လုပ်ရပ်က အံ့အားသင့်စရာဖြစ်စေခဲ့ပြီး ပြတ်သားတဲ့လူထုတ်ပုံနဲ့ ပတ်သတ်လို့ မိုဆာလား၊ မာနေး၊ ဖာမီနို၊ နဲ့ ဂျိုတာတို့​ကို တွဲဖက်ကစားစေခဲ့တာဟာ အကူအညီဖြစ်ခဲ့ကြောင်း သူက ချီးကျူးခဲဲ့ပြီး နောက်လည်း လိုအပ်သလို အသုံးပြုသွားဖို့ရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့သလို အငြင်းပွားဖွယ်ရာ ပင်နယ်တီနဲ့ပတ်သက်လို့ တခုမှမပြောချင်ကြောင်း ငြင်းဆန်သွားခဲ့။

ဒီဘရိုင်းရဲ့ကန်ချက် ဂိုးမက်ဇ်ရဲ့လက်နဲ့ထိခဲ့လို့ မန်စီးတီးအသင်း အငြင်းပွားဖွယ်ရာ ပင်နယ်တီရခဲ့ပေမယ့် အလားတူဖြစ်ရပ်အနေနဲ့ ဂျိုတာရဲ့ကန်ချက်ဟာ မန်စီးတီးခံစစ်လူနဲ့ ထိခဲ့ပေမယ့် လီဗာပူးလ်အသင်း ပင်နယ်တီမရရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သတ်ပြီး မိမိသာ ဂိုးမက်ဇ်ဖြစ်နေခဲ့ရင် ဒီနေ့ခေတ်မှာ ခံစစ်ဘယ်လိုကစားရမလဲဆိုတာတောင် သိနိုင်တော့မှာမဟုတ်ကြောင်း နဲ့ သူ့ရဲ့လက်နဲ့ခန္ဓာကိုယ်ဟာ သဘာဝကျကျသာ ရှိနေခဲ့ကြောင်း ကာရေဂါ ဝေဖန်။

မဖြစ်သင့်တဲ့ ပင်နယ်တီပေးခဲ့ရလို ဂိုးမက်ဇ် စိတ်ပျက်နေပြီး မိမိရဲ့လက်ဟာ သဘာဝအနေအထားအတိုင်း ရာနှုန်းပြည့်ရှိနေတာကို ဒိုင်လူကြီးတွေအနေနဲ့ သဘာဝကျကျကျ ဆုံးဖြတ်နိုင်ခဲ့ဖို့ လိုအပ်​ကြောင်းနဲ့ ဘောလုံးကို လက်နဲ့ထိအောင် လုပ်ဆောင်ခဲ့ခြင်း လုံးဝမရှိ​ကြောင်း တုံ့ပြန်သွားခဲ့တယ်လို့ သိရ။

အာနိုးလ်ရဲ့ ဒဏ်ရာအခြေအနေကို အတိအကျ သိရဖို့ စစ်ဆေးမှု ပြုလုပ်သွားဦးရမှာဖြစ်ပြီး ပြောနိုင်တာကတော့ မိမိကစားသမားအနေနဲ့ အင်္ဂလန်အသင်းနဲ့ ​ပူး​ပေါင်းနိုင်တော့မှာ မဟုတ်ဘဲ နိုင်ငံတကာပွဲစဥ်တွေကို သေချာပေါက် လွဲချော်မှာဖြစ်တယ်လို့ လီဗာပူးလ်နည်းပြ ကလော့ပ် အတည်ပြုခဲ့။

လီဗာပူးလ်နောက်ခံလူဂိုးမက်ဇ် လက်နဲ့ထိခဲ့လို့ ပေးခဲ့တဲ့ ပင်နယ်တီမျိုးဟာ လုံးဝမပေးသင့်ကြောင်း နဲ့ လက်စတာနဲ့ ဝုဗ်ပွဲစဥ်မှာလည်း ဒီထက်ပိုဆိုးရွားတဲ့ဆုံးဖြတ်ချက်နဲ့ ပင်နယ်တီသတ်မှတ်ခဲ့တာကြောင့် လက်ထိဘောဥပဒေစည်းမျဥ်းဟာ လုံးဝအဓိပ္ပါယ်မရှိဘူးလို့ နဗီးလ် ဝေဖန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက မန္စီးတီးအသင္းနဲ႕ပြဲမွာ လီဗာပူးလ္အသင္းရဲ႕ အဓိကကစားသမား ညာေနာက္ခံလူ အလက္ဇန္းဒါး အားနိုးလ္ဒ္ ဒဏ္ရာရရွိသြားခဲ့တယ္လို႔ သိရၿပီး အသင္းရဲ႕ခံစစ္ပိုင္းအတြက္ စိတ္ပ်က္စရာ ထိုးႏွက္ခ်က္အသစ္ျဖစ္လာ။

မန္စီးတီးအသင္းနဲ႕ အေဝးကြင္းပြဲစဥ္မွာ လီဗာပူးလ္အသင္းဟာ သေရတမွတ္နဲ႕ ေက်နပ္ခဲ့ရၿပီး အမွတ္ေပးဇယားကို ဦးေဆာင္ထားတဲ့ လက္စတာအသင္းနဲ႕ ၁ မွတ္အကြာ၊ အမွတ္ေပးဇယား တတိယေနရာမွာ ရမွတ္ ၁၇ မွတ္နဲ႕ ရပ္တည္နိုင္ခဲ့။

ဖာမီနို နဲ႕ ဂ်ိဳတာ ကို တၿပိဳင္နက္တည္း ပြဲထြက္ေစခဲ့တဲ့ ကေလာ့ပ္ရဲ႕လုပ္ရပ္က အံ့အားသင့္စရာျဖစ္ေစခဲ့ၿပီး ျပတ္သားတဲ့လူထုတ္ပုံနဲ႕ ပတ္သတ္လို႔ မိုဆာလား၊ မာေနး၊ ဖာမီနို၊ နဲ႕ ဂ်ိဳတာတို႔​ကို တြဲဖက္ကစားေစခဲ့တာဟာ အကူအညီျဖစ္ခဲ့ေၾကာင္း သူက ခ်ီးက်ဴးခဲဲ့ၿပီး ေနာက္လည္း လိုအပ္သလို အသုံးျပဳသြားဖို႔ရွိေၾကာင္း အရိပ္အႁမြက္ ေျပာၾကားခဲ့သလို အျငင္းပြားဖြယ္ရာ ပင္နယ္တီနဲ႕ပတ္သက္လို႔ တခုမွမေျပာခ်င္ေၾကာင္း ျငင္းဆန္သြားခဲ့။

ဒီဘရိုင္းရဲ႕ကန္ခ်က္ ဂိုးမက္ဇ္ရဲ႕လက္နဲ႕ထိခဲ့လို႔ မန္စီးတီးအသင္း အျငင္းပြားဖြယ္ရာ ပင္နယ္တီရခဲ့ေပမယ့္ အလားတူျဖစ္ရပ္အေနနဲ႕ ဂ်ိဳတာရဲ႕ကန္ခ်က္ဟာ မန္စီးတီးခံစစ္လူနဲ႕ ထိခဲ့ေပမယ့္ လီဗာပူးလ္အသင္း ပင္နယ္တီမရရွိခဲ့တဲ့ ျဖစ္ရပ္နဲ႕ပတ္သတ္ၿပီး မိမိသာ ဂိုးမက္ဇ္ျဖစ္ေနခဲ့ရင္ ဒီေန႕ေခတ္မွာ ခံစစ္ဘယ္လိုကစားရမလဲဆိုတာေတာင္ သိနိုင္ေတာ့မွာမဟုတ္ေၾကာင္း နဲ႕ သူ႕ရဲ႕လက္နဲ႕ခႏၶာကိုယ္ဟာ သဘာဝက်က်သာ ရွိေနခဲ့ေၾကာင္း ကာေရဂါ ေဝဖန္။

မျဖစ္သင့္တဲ့ ပင္နယ္တီေပးခဲ့ရလိူ႕
ဂိုးမက္ဇ္ စိတ္ပ်က္ေနၿပီး မိမိရဲ႕လက္ဟာ သဘာဝအေနအထားအတိုင္း ရာႏႈန္းျပည့္ရွိေနတာကို ဒိုင္လူႀကီးေတြအေနနဲ႕ သဘာဝက်က်က် ဆုံးျဖတ္နိုင္ခဲ့ဖို႔ လိုအပ္​ေၾကာင္းနဲ႕ ေဘာလုံးကို လက္နဲ႕ထိေအာင္ လုပ္ေဆာင္ခဲ့ျခင္း လုံးဝမရွိ​ေၾကာင္း တုံ႕ျပန္သြားခဲ့တယ္လို႔ သိရ။

အာနိုးလ္ရဲ႕ ဒဏ္ရာအေျခအေနကို အတိအက် သိရဖို႔ စစ္ေဆးမႈ ျပဳလုပ္သြားဦးရမွာျဖစ္ၿပီး ေျပာနိုင္တာကေတာ့ မိမိကစားသမားအေနနဲ႕ အဂၤလန္အသင္းနဲ႕ ​ပူး​ေပါင္းနိုင္ေတာ့မွာ မဟုတ္ဘဲ နိုင္ငံတကာပြဲစဥ္ေတြကို ေသခ်ာေပါက္ လြဲေခ်ာ္မွာျဖစ္တယ္လို႔ လီဗာပူးလ္နည္းျပ ကေလာ့ပ္ အတည္ျပဳခဲ့။

လီဗာပူးလ္ေနာက္ခံလူဂိုးမက္ဇ္ လက္နဲ႕ထိခဲ့လို႔ ေပးခဲ့တဲ့ ပင္နယ္တီမ်ိဳးဟာ လုံးဝမေပးသင့္ေၾကာင္း နဲ႕ လက္စတာနဲ႕ ဝုဗ္ပြဲစဥ္မွာလည္း ဒီထက္ပိုဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္နဲ႕ ပင္နယ္တီသတ္မွတ္ခဲ့တာေၾကာင့္ လက္ထိေဘာဥပေဒစည္းမ်ဥ္းဟာ လုံးဝအဓိပၸါယ္မရွိဘူးလို႔ နဗီးလ္ ေဝဖန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.