Premier League

၈.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ဖာမီနိုမပါဘဲ မိမိတို့အသင်း ချန်ပီယံလိဂ်ဆုဖလားနဲ့အတူ နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးလိဂ်ဆုဖလားတို့လို အဓိကအောင်မြင်မှုတွေကို ဆွတ်ခူးနိုင်ခဲ့မှာ မဟုတ်ဘူးလို့ မိုဆာလား ထုတ်ဖော်ပြောကြားခဲ့ပြီး သူ​က ကိုယ်ကျိုးမကြည့်ဘဲ အသင်းဖော်တွေအတွက် ပေးဆပ်ကစားသူဖြစ်တယ်လို့ ချီးကျူးသွားခဲ့။

အသင်းမှာ ဘယ်သူဂိုးသွင်းသည်ဖြစ်စေ ပျော်ရွင်မှုကို ခံစားရတာဖြစ်ကြောင်း မိုဆာလားက ပြောပြခဲ့ပြီး ဂျိုတာရဲ့ လက်ရှိသွင်းဂိုးတွေဟာ အသင်းရဲ့တိုက်စစ်ကို ပိုမိုလွယ်ကူအောင် ပြုလုပ်ပေးပြီး သူ့ကိုယ်သူ ယုံကြည်မှုတိုးတက်သွားစေတဲ့ ဂိုးတွေဖြစ်လို့ ပျော်ရွှင်မိကြောင်းဆိုခဲ့ကာ လာမယ့်မန်စီးတီးပွဲအတွက် တသင်းလုံး အပြည့်အဝအာရုံစိုက်ထားကြောင်း သိရ။

လီဗာပူးလ်အသင်းမှာ အမြင့်ပျံပြီး ထိပ်တန်းခြေစွမ်းပြသကာ ဂိုးတွေ ဆက်တိုက်သွင်းယူနေတဲ့ တပည့်ဟောင်း ဒီယိုဂို ဂျိုတာအတွက် အရမ်းပျော်ရွှင်ရတယ်လို့ ဝုလ်ဗ်စ်နည်းပြပြောကြားခဲ့ပြီး ကလော့ပ်လည်း ပျော်ရွှင်နေလိမ့်မယ်လို့ မုဒိတာပွားခဲ့။

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်က မဲလ်ဝုဒ် လေ့ကျင့်ရေးကွင်းမှာ မန်စီးတီးပွဲမတိုင်မီ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိ မဲလ်ဝုဒ်ကို စွန့်ခွာကာ ကာ့ခ်ဘီက လေ့ကျင့်ရေးကွင်းသစ်ဆီ ပြောင်းရွှေ့ဖို့ ဖြစ်လာပြီမို့ ကွင်းဟောင်းသံယောဇဥ်နဲ့ ဝမ်းနည်းမိကြောင်း ဝန်ခံ။

ဘရာဇီးလ်ရဲ့ ဂန္ထဝင်ညာနောက်ခံလူဟောင်း ကာဖူးက အလက်ဇန်းဒါး အာနိုးလ်ကို ကမ္ဘာ့အဆင့် ကစားသမားအဖြစ် ထာဝရအကောင်းဆုံး ညာနောက်ခံလူတွေထဲက တဦးဖြစ်လာမယ်လို့ အမြင့်ဆုံးအထိ ရည်မှန်းထားပြီး ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ ကြိုးစားသွားစေလိုကြောင်း တိုက်တွန်းသွားခဲ့။

နိုင်ငံတကာ လက်ရွေးစင်အဆင့် ပြိုင်ပွဲတွေကြောင့် ကစားသမားတွေ ကိုဗစ်ရောဂါပိုး ထပ်မံကူးစက်မှာကို ယာဂင် ကလော့ပ် စိုးရိမ်ပူပန်နေပြီး ရောဂါအတွက် စိတ်မချရသေးခင်အထိ အသင်းသားတွေကို နိုင်ငံတကာပွဲတွေ စေလွှတ်ကစားစေခြင်း မပြုဖို့ ကလပ်အသင်းနည်းပြတွေကို အကြုံပြုသွားခဲ့ကြောင်းသိရ။

The Times သတင်းရဲ့ဆောင်းပါးပါ ရေးသားဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေတုန်းက ဂျိုတာအပြင် အခြားရွေးချယ်မှုတွေအနေနဲ့ တီမို ဗာနာ၊ ဆားရ် နဲ့ ဂျိုနသန် ဒေးဗစ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:


အသင်းမှာ ဘယ်သူဂိုးသွင်းသည်ဖြစ်စေ ပျော်ရွင်မှုကို ခံစားရတာဖြစ်ကြောင်း မိုဆာလားက ပြောပြခဲ့ပြီး ဂျိုတာရဲ့ လက်ရှိသွင်းဂိုးတွေဟာအသင်းရဲ့တိုက်စစ်ကို ပိုမိုလွယ်ကူအောင်လုပ်ပေးပြီး သူ့ကိုယ်သူ ယုံကြည်မှုတိုးတက်သွားစေတဲ့ ဂိုးတွေဖြစ်လို့ ပျော်ရွှင်မိကြောင်းဆိုခဲ့ကာ လာမယ့်မန်စီးတီးပွဲအတွက် တသင်းလုံး အပြည့်အဝအာရုံစိုက်ထားကြောင်း သိရ။



ဘရာဇီးလ်ရဲ့ ဂန္ထဝင်ညာနောက်ခံလူဟောင်း ကာဖူးက အလက်ဇန်းဒါး အာနိုးလ်ကို ကမ္ဘာ့အဆင့် ကစားသမားအဖြစ် ထာဝရအကောင်းဆုံး ညာနောက်ခံလူတွေထဲက တဦးဖြစ်လာမယ်လို့ အမြင့်ဆုံးအထိ ရည်မှန်းထားပြီး ကမ္ဘာ့ဖလားချန်ပီယံဖြစ်ဖို့ ကြိုးစားစေလိုကြောင်း တိုက်တွန်းသွားခဲ့။

နိုင်ငံတကာ လက်ရွေးစင်အဆင့် ပြိုင်ပွဲတွေကြောင့် ကစားသမားတွေ ကိုဗစ်ရောဂါ ထပ်မံကူးစက်မှာကို ယာဂင် ကလော့ပ် စိုးရိမ်ပူပန်နေပြီး ရောဂါအတွက် စိတ်မချရသေးခင်အထိ အသင်းသားတွေကို နိုင်ငံတကာပွဲတွေ စေလွှတ်ကစားစေခြင်း မပြုဖို့ ကလပ်နည်းပြတွေကို အကြုံပြုသွားခဲ့ကြောင်းသိရ။

The Times သတင်းရဲ့ဆောင်းပါးပါ ရေးသားဖော်ပြချက်အရ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွတေုန်းက ဂျိုတာအပြင် အခြားရွေးချယ်မှုတွေအနေနဲ့ တီမို ဗာနာ၊ ဆားရ်နဲ့ ဂျိုနသန် ဒေးဗစ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ကြောင်း သိရ။

REF: INTERNET SOURCES
SPORTS A2Z.