Premier League

အိုဇေးလ်ရဲ့ပြဿနာကို ရဲရဲဖြေရှင်းဖို့ တောင်းဆိုလိုက်တဲ့ အွန်နရီ

အာဆင်နယ်ရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း သီယာရီ အွန်နရီက အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြအာတီတာရဲ့ လုပ်ဆောင်မှုတွေကို ချီးကျူးမှု ပြုလုပ်သွားခဲ့ပြီး အသင်းရဲ့ အတွင်းပြဿနာတွေနဲ့ အိုဇေးလ်ရဲ့ပြဿနာကို ရဲရဲဖြေရှင်းဖို့ အာတီတာကို တောင်းဆိုသွားခဲ့ကြောင်း သိရှိရပါတယ်။

အမ်းမရိတ်မြေကိုခြေချပြီး ခြေစွမ်းအကျပိုင်းထဲက အာဆင်နယ်အသင်းကို အပြုံးတွေနဲ့ ပျော်ရွှင်စရာ ကွင်းတွင်းရလဒ်တွေ ယူဆောင်ပေးခဲ့ကာ FA ဖလားကို ရယူပေးထားတဲ့ အာတီတာရဲ့ စွမ်းဆောင်မှုနဲ့အတူ ဒီရာသီမှာလည်း ကောင်းမွန်တဲ့တာထွက်မှုကို ပြသထားခဲ့တဲ့အတွက် အွန်နရီက အာတီတာကို လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်နဲ့ ခိုင်းနှိုင်း ချီးကျူးသွားခဲ့ပါတယ်။

တဖက်မှာတော့ အသင်းတွင်း ပြဿနာတွေအပြင် ပွဲဆူစရာဖြစ်နေတဲ့ အဓိက ကစားသမား အိုဇေးလ်ရဲ့ အရှုပ်တော်ပုံအရေးကိုလည်း ရှင်းလင်းသွားရမှာဖြစ်ကြောင်း အွန်နရီက သတိပေးသွားခဲ့ပါတယ်။

” အရင်ဆုံးပြောရရင် အသင်းရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ စုစည်းကျစ်လစ်မှုကို မြင်နေရပြီဗျာ။ အာဆင်း ဗန်ဂါးလို ပုဂ္ဂိုလ်ရဲ့ နေရာကိုဆက်ခံရတာ လွယ်ကူတဲ့အလုပ်လို့ ကျွန်တော် လုံးဝမထင်ဘူး။ အသင်းမှာ ဆာလောင်မှု၊ ပြင်းပြမှုကို ဖော်ဆောင်ပေးတယ်။ ကွင်းတွင်း ပျော်ရွှင်မှုတွေ ပြန်ရောက်လာအောင် အာတီတာလုပ်ပြခဲ့တယ်။ ”

” ဒါပေမယ့် အသင်းတွင်း အခြားပြဿနာတွေနဲ့ အိုဇေးလ်ရဲ့အရေးကိုတော့ သူ သေချာပေါက် ဖြေရှင်းရပါလိမ့််မယ်။ ဒါက ညတွင်းချင်းတော့ မဖြစ်နိုင်ဘူးပေါ့ဗျာ။ ကိုယ့်အသင်းရဲ့စနစ်နဲ့ ကိုက်ညီမယ့် ကစားသမားမျိုး​ကို သူရှာဖို့ လိုပါလိမ့်မယ်။ အချိန်ယူရမှာပါ။ ကလော့ပ်ရောက်ခါစကလည်း လီဗာပူးလ်ကို ချက်ချင်းပြင်ယူနိုင်ခဲ့တာမဟုတ်ဘူးလေ။ နှစ်နှစ်ခွဲ သုံးနှစ်ကြာမှ ပြီးပြည့်စုံတဲ့ ပုံစံတခုဖြစ်လာခဲ့တာ မဟုတ်လား။ အခုလို အသင်းတိုင်းရှုံးပွဲတွေ့ထားတဲ့ ရာသီအစမှာတောင် ပြိုင်ဆိုင်မှုဒီလောက်ပြင်းထန်နေတာမျိုးက တောင့်တင်းတဲ့အသင်းတွေအတွက်တောင် လွယ်လွယ်ကူကူကိစ္စမဟုတ်ပါဘူး။ အသင်းကို ပျိုးထောင်ဖို့ အာတီတာကို အချိန်တခု ပေးသွားရမှာပါ။ ” လို့ အွန်နရီက CBS SPORTS ကို ပြောပြသွားခဲ့ပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ရဲ႕ ဂႏၳဝင္တိုက္စစ္မႉးေဟာင္း သီယာရီ အြန္နရီက အသင္းကို ကိုင္တြယ္ေနတဲ့ နည္းျပအာတီတာရဲ႕ လုပ္ေဆာင္မႈေတြကို ခ်ီးက်ဴးမႈ ျပဳလုပ္သြားခဲ့ၿပီး အသင္းရဲ႕ အတြင္းျပႆနာေတြနဲ႕ အိုေဇးလ္ရဲ႕ျပႆနာကို ရဲရဲေျဖရွင္းဖို႔ အာတီတာကို ေတာင္းဆိုသြားခဲ့ေၾကာင္း သိရွိရပါတယ္။

အမ္းမရိတ္ေျမကိုေျခခ်ၿပီး ေျခစြမ္းအက်ပိဳင္းထဲက အာဆင္နယ္အသင္းကို အၿပဳံးေတြနဲ႕ ေပ်ာ္႐ႊင္စရာ ကြင္းတြင္းရလဒ္ေတြ ယူေဆာင္ေပးခဲ့ကာ FA ဖလားကို ရယူေပးထားတဲ့ အာတီတာရဲ႕ စြမ္းေဆာင္မႈနဲ႕အတူ ဒီရာသီမွာလည္း ေကာင္းမြန္တဲ့တာထြက္မႈကို ျပသထားခဲ့တဲ့အတြက္ အြန္နရီက အာတီတာကို လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္နဲ႕ ခိုင္းႏွိုင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

တဖက္မွာေတာ့ အသင္းတြင္း ျပႆနာေတြအျပင္ ပြဲဆူစရာျဖစ္ေနတဲ့ အဓိက ကစားသမား အိုေဇးလ္ရဲ႕ အရႈပ္ေတာ္ပုံအေရးကိုလည္း ရွင္းလင္းသြားရမွာျဖစ္ေၾကာင္း အြန္နရီက သတိေပးသြားခဲ့ပါတယ္။

” အရင္ဆုံးေျပာရရင္ အသင္းရဲ႕ ကိုယ္ပိုင္လကၡဏာနဲ႕ စုစည္းက်စ္လစ္မႈကို ျမင္ေနရၿပီဗ်ာ။ အာဆင္း ဗန္ဂါးလို ပုဂၢိုလ္ရဲ႕ ေနရာကိုဆက္ခံရတာ လြယ္ကူတဲ့အလုပ္လို႔ ကြၽန္ေတာ္ လုံးဝမထင္ဘူး။ အသင္းမွာ ဆာေလာင္မႈ၊ ျပင္းျပမႈကို ေဖာ္ေဆာင္ေပးတယ္။ ကြင္းတြင္း ေပ်ာ္႐ႊင္မႈေတြ ျပန္ေရာက္လာေအာင္ အာတီတာလုပ္ျပခဲ့တယ္။ ”

” ဒါေပမယ့္ အသင္းတြင္း အျခားျပႆနာေတြနဲ႕ အိုေဇးလ္ရဲ႕အေရးကိုေတာ့ သူ ေသခ်ာေပါက္ ေျဖရွင္းရပါလိမ့္္မယ္။ ဒါက ညတြင္းခ်င္းေတာ့ မျဖစ္နိုင္ဘူးေပါ့ဗ်ာ။ ကိုယ့္အသင္းရဲ႕စနစ္နဲ႕ ကိုက္ညီမယ့္ ကစားသမားမ်ိဳး​ကို သူရွာဖို႔ လိုပါလိမ့္မယ္။ အခ်ိန္ယူရမွာပါ။ ကေလာ့ပ္ေရာက္ခါစကလည္း လီဗာပူးလ္ကို ခ်က္ခ်င္းျပင္ယူနိုင္ခဲ့တာမဟုတ္ဘူးေလ။ ႏွစ္ႏွစ္ခြဲ သုံးႏွစ္ၾကာမွ ၿပီးျပည့္စုံတဲ့ ပုံစံတခုျဖစ္လာခဲ့တာ မဟုတ္လား။ အခုလို အသင္းတိုင္းရႈံးပြဲေတြ႕ထားတဲ့ ရာသီအစမွာေတာင္ ၿပိဳင္ဆိုင္မႈဒီေလာက္ျပင္းထန္ေနတာမ်ိဳးက ေတာင့္တင္းတဲ့အသင္းေတြအတြက္ေတာင္ လြယ္လြယ္ကူကူကိစၥမဟုတ္ပါဘူး။ အသင္းကို ပ်ိဳးေထာင္ဖို႔ အာတီတာကို အခ်ိန္တခု ေပးသြားရမွာပါ။ ” လို႔ အြန္နရီက CBS SPORTS ကို ေျပာျပသြားခဲ့ပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.