Premier League

မှော်ဝင်ခြေစွမ်းနဲ့ ဇီးယက်ရှ်အတွက် ပရိသတ်တွေ မျက်ရည်ကျလောက်ရအောင် ပီတိဖြစ်ခဲ့ရ

ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ပွဲက အကောင်းဆုံးကစားသမားဆုရှင် ဟာကင်းမ် ဇီးယက်ရှ်ရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပြသခဲ့တဲ့ မှော်ဝင်ခြေစွမ်းနဲ့ ထက်မြက်တဲ့ ဖန်တီးမှုတွေအတွက် ချဲလ်ဆီးပရိသတ်တွေကြားမှာ ဝမ်းသာပီတိဖြစ်နေကြပြီး ကြည်နူးမှု မျက်ရည်တွေက မျက်လုံးအိမ်တွေကို ဖုံးလွှမ်းသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အိုင်းယက်စ်ကစားသမားဟောင်းဟာ အသင်းသစ်မှာ ပရီးမီးယားလိဂ် ၄ ပွဲသာ ကစားထားခဲ့ပေမယ့် တကယ်တမ်း အပြည့်အဝ ကစားခွင့်ရခဲ့တာတော့ ဘန်လေနဲ့ပွဲမှာ ၇၂ မိနစ်နဲ့ မနေ့ညက ရှက်ဖီးလ်ဒ်နဲ့ပွဲမှာ ပွဲချိန်ပြည့်နှစ်ပွဲသာ ရှိခဲ့တာဖြစ်ပြီး ဒီနှစ်ပွဲမှာ ၁ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီးနိုင်ခဲ့သလို နည်းပြ ဖရန့် လမ်းပတ်အတွက်တော့ ခွန်အားသစ်တွေကိုလည်း မွေးဖွားစေခဲ့တာပါ။

ဘန်လေနဲ့ပွဲမှာ သူ့ရဲ့ Through Pass တွေကို အဓိက မြင်ခဲ့ရပေမယ့် မနေ့ညကတော့ အသင်းမှာ ပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ တိကျတဲ့ ဖြတ်တင်ဘောတွေ အဝေးဘောတွေကို မြင်ခဲ့ရပြီး ဒီပွဲမှာ အသင်းဖော်တွေသာ အဆုံးသတ်ကောင်းခဲ့တဲ့ သူ့အနေနဲ့ ဖန်တီးမှု ၄ ကြိမ်လောက်ကို ရခဲ့သင့်တာလည်းဖြစ်သလို ချဲလ်ဆီးကစားသမားဟောင်း အက်ရှ်လီ ကိုးလ်ကတော့ ဇီးယက်ရှ်ရဲ့ ဘယ်ခြေဟာ ဆေးကြိမ်လုံးပဲလို့ ချီးကျူးခဲ့ပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ ဖန်တီးမှု အညွှန်းကိန်းအမြင့်ဆုံးကစားသမားလို့ Opta က ဖော်ပြခဲ့ အချက်အလက်တွေအရတော့ အသက် ၂၇ နှစ်အရွယ် မော်ရိုကိုသားဟာ တစ်ပွဲပျမ်းမျှဖန်တီးမှု ဝ.၅၇ ရှိခဲ့ပြီး ရှက်ဖီးလ်ဒ်နဲ့ပွဲမှာ ထိချက် ၈၂ ကြိမ်၊ ပေးပို့မှု တိကျခြင်း ၇၂.၉ ရာခိုင်နှုန်း၊ ဖြတ်တင်ဘော အောင်မြင်မှု ၅ ကြိမ်မှာ ၃ ကြိမ်၊ အဝေးဘောတိကျမှု ၈ ကြိမ်မှာ ၆ ကြိမ်၊ Key Pass ၆ ကြိမ်၊ အပိုင်အခွင့်အရေး ဖန်တီးမှု ၃ ကြိမ်နဲ့ ၂ ဂိုးဖန်တီးနိုင်ခဲ့တယ်လို့ မှတ်တမ်းတွေကလည်း ဖော်ပြထားပါတယ်။

ကစားသမားဘဝမှာ နယ်သာလန် ပထမတန်းကို အဓိက ဖြတ်သန်းခဲ့ပြီး သူ့ကို မန်ချက်စတာယူနိုက်တက်မှာ ခြေစွမ်းပြနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ နှိုင်းယှဉ်ရင် နှစ်သင်းပရိသတ်တွေကြား အငြင်းပွားစရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ၃၂၅ ပွဲမှာ ဂိုး ၁၁၀ သွင်း၊ ၁၂၅ ဂိုး ဖန်တီးခဲ့မှုတွေဟာ အလကားမဟုတ်ဘူးဆိုတာ ပရီးမီးယားလိဂ်မှာ အစမ်းသပ်ခံနိုင်ခဲ့ပြီဖြစ်သလို အသင်းကြီးချင်း တွေ့ဆုံမှုတွေကိုသာ စောင့်ကြည့်ရတော့မှာပါ။

ပရိသတ်တွေကတော့ ရော်ဘင်နောက်ပိုင်း ပျောက်ဆုံးနေခဲ့တဲ့ အကောင်းဆုံး ညာတောင်ပံသမားတစ်ယောက်ကို ပြန်ရလိုက်တဲ့အတွက် မျက်ရည်ကျအောင် ဝမ်းသာမိတယ်လို့ ပွဲအပြီးမှာ ဝိုင်းဝန်းရေးသားနေကြပြီး လိုအပ်တဲ့ နေရာတွေကို ကွက်တိရောက်သွားခဲ့တဲ့ ပေးပို့မှုတွေက ဝိုင်ယာကြိုးနဲ့ သွယ်ပြီး ပို့ပေးနေသလိုပဲလို့လည်း ချီးကျူးခဲ့ကြပါတယ်။

အာဆင်နယ်အသင်းကို ထွက်ခွာသွားတဲ့ ဝီလီယန်ကြောင့် ညာခြမ်းကနေ ဖန်တီးမှုတွေ ကျဆင်းသွားမှာကို စိုးရိမ်နေကြတဲ့ ပရိသတ်တွေလည်း ရင်အေးခဲ့ကြရပြီဖြစ်သလို သူယူဆောင်လာခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံးနှစ်ပွဲဆက်တိုက်မှတ်တမ်းက လှပလွန်းနေတာကြောင့် ပြိုင်ဘက်အသင်းတွေကတော့ သူ့ကို မခေါ်ယူနိုင်ခဲ့တာကို နှမြောတသနေလောက်ပြီလည်းဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက်တော့ မှော်ဆရာတစ်ဦးကို Magician လို့ခေါ်ခေါ်၊ Wizard လို့ ခေါ်ခေါ် ဇီးယက်ရှ်ဆိုတာ မပါရင်တော့ မပြည့်စုံလောက်ဘူးလို့ ရေးသားဖော်ပြလိုက်ရပါတယ်။

REF: FOOTBALL LONDON & TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရွက္ဖီးလ္ဒ္ယူႏုိက္တက္နဲ႔ပြဲက အေကာင္းဆုံးကစားသမားဆုရွင္ ဟာကင္းမ္ ဇီးယက္ရွ္ရဲ႕ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ျပသခဲ့တဲ့ ေမွာ္ဝင္ေျခစြမ္းနဲ႔ ထက္ျမက္တဲ့ ဖန္တီးမွဳေတြအတြက္ ခ်ဲလ္ဆီးပရိသတ္ေတြၾကားမွာ ဝမ္းသာပီတိျဖစ္ေနၾကၿပီး ၾကည္ႏူးမွဳ မ်က္ရည္ေတြက မ်က္လုံးအိမ္ေတြကို ဖုံးလႊမ္းသြားခဲ့တယ္လုိ႔ ဆုိရမွာျဖစ္ပါတယ္။

အုိင္းယက္စ္ကစားသမားေဟာင္းဟာ အသင္းသစ္မွာ ပရီးမီးယားလိဂ္ ၄ ပြဲသာ ကစားထားခဲ့ေပမယ့္ တကယ္တမ္း အျပည့္အဝ ကစားခြင့္ရခဲ့တာေတာ့ ဘန္ေလနဲ႔ပြဲမွာ ၇၂ မိနစ္နဲ႔ မေန႔ညက ရွက္ဖီးလ္ဒ္နဲ႔ပြဲမွာ ပြဲခ်ိန္ျပည့္ႏွစ္ပြဲသာ ရွိခဲ့တာျဖစ္ၿပီး ဒီႏွစ္ပြဲမွာ ၁ ဂိုးသြင္းၿပီး ၃ ဂိုး ဖန္တီးႏုိင္ခဲ့သလို နည္းျပ ဖရန္႔ လမ္းပတ္အတြက္ေတာ့ ခြန္အားသစ္ေတြကိုလည္း ေမြးဖြားေစခဲ့တာပါ။

ဘန္ေလနဲ႔ပြဲမွာ သူ႕ရဲ႕ Through Pass ေတြကို အဓိက ျမင္ခဲ့ရေပမယ့္ မေန႔ညကေတာ့ အသင္းမွာ ေပ်ာက္ကြယ္ေနတာၾကာၿပီျဖစ္တဲ့ တိက်တဲ့ ျဖတ္တင္ေဘာေတြ အေဝးေဘာေတြကို ျမင္ခဲ့ရၿပီး ဒီပြဲမွာ အသင္းေဖာ္ေတြသာ အဆုံးသတ္ေကာင္းခဲ့တဲ့ သူ႕အေနနဲ႔ ဖန္တီးမွဳ ၄ ႀကိမ္ေလာက္ကို ရခဲ့သင့္တာလည္းျဖစ္သလို ခ်ဲလ္ဆီးကစားသမားေဟာင္း အက္ရွ္လီ ကိုးလ္ကေတာ့ ဇီးယက္ရွ္ရဲ႕ ဘယ္ေျခဟာ ေဆးႀကိမ္လုံးပဲလုိ႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ ဖန္တီးမွဳ အညႊန္းကိန္းအျမင့္ဆုံးကစားသမားလို႔ Opta က ေဖာ္ျပခဲ့ အခ်က္အလက္ေတြအရေတာ့ အသက္ ၂၇ ႏွစ္အရြယ္ ေမာ္႐ိုကိုသားဟာ တစ္ပြဲပ်မ္းမွ်ဖန္တီးမွဳ ၀.၅၇ ရွိခဲ့ၿပီး ရွက္ဖီးလ္ဒ္နဲ႔ပြဲမွာ ထိခ်က္ ၈၂ ႀကိမ္၊ ေပးပို႔မွဳ တိက်ျခင္း ၇၂.၉ ရာခိုင္ႏွဳန္း၊ ျဖတ္တင္ေဘာ ေအာင္ျမင္မွဳ ၅ ႀကိမ္မွာ ၃ ႀကိမ္၊ အေဝးေဘာတိက်မွဳ ၈ ႀကိမ္မွာ ၆ ႀကိမ္၊ Key Pass ၆ ႀကိမ္၊ အပုိင္အခြင့္အေရး ဖန္တီးမွဳ ၃ ႀကိမ္နဲ႔ ၂ ဂိုးဖန္တီးႏိုင္ခဲ့တယ္လုိ႔ မွတ္တမ္းေတြကလည္း ေဖာ္ျပထားပါတယ္။

ကစားသမားဘဝမွာ နယ္သာလန္ ပထမတန္းကို အဓိက ျဖတ္သန္းခဲ့ၿပီး သူ႕ကို မန္ခ်က္စတာယူႏိုက္တက္မွာ ေျခစြမ္းျပေနခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ႏွဳိင္းယွဥ္ရင္ ႏွစ္သင္းပရိသတ္ေတြၾကား အျငင္းပြားစရာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ၃၂၅ ပြဲမွာ ဂိုး ၁၁၀ သြင္း၊ ၁၂၅ ဂိုး ဖန္တီးခဲ့မွဳေတြဟာ အလကားမဟုတ္ဘူးဆုိတာ ပရီးမီးယားလိဂ္မွာ အစမ္းသပ္ခံႏုိင္ခဲ့ၿပီျဖစ္သလို အသင္းႀကီးခ်င္း ေတြ႕ဆုံမွဳေတြကိုသာ ေစာင့္ၾကည့္ရေတာ့မွာပါ။

ပရိသတ္ေတြကေတာ့ ေရာ္ဘင္ေနာက္ပုိင္း ေပ်ာက္ဆုံးေနခဲ့တဲ့ အေကာင္းဆုံး ညာေတာင္ပံသမားတစ္ေယာက္ကို ျပန္ရလိုက္တဲ့အတြက္ မ်က္ရည္က်ေအာင္ ဝမ္းသာမိတယ္လုိ႔ ပြဲအၿပီးမွာ ဝိုင္းဝန္းေရးသားေနၾကၿပီး လိုအပ္တဲ့ ေနရာေတြကို ကြက္တိေရာက္သြားခဲ့တဲ့ ေပးပုိ႔မွဳေတြက ဝိုင္ယာႀကဳိးနဲ႔ သြယ္ၿပီး ပုိ႔ေပးေနသလိုပဲလုိ႔လည္း ခ်ီးက်ဴးခဲ့ၾကပါတယ္။

အာဆင္နယ္အသင္းကို ထြက္ခြာသြားတဲ့ ဝီလီယန္ေၾကာင့္ ညာျခမ္းကေန ဖန္တီးမွဳေတြ က်ဆင္းသြားမွာကို စိုးရိမ္ေနၾကတဲ့ ပရိသတ္ေတြလည္း ရင္ေအးခဲ့ၾကရၿပီျဖစ္သလို သူယူေဆာင္လာခဲ့တဲ့ ပရီးမီးယားလိဂ္ေနာက္ဆုံးႏွစ္ပြဲဆက္တုိက္မွတ္တမ္းက လွပလြန္းေနတာေၾကာင့္ ၿပဳိင္ဘက္အသင္းေတြကေတာ့ သူ႕ကို မေခၚယူႏုိင္ခဲ့တာကို ႏွေျမာတသေနေလာက္ၿပီလည္းျဖစ္ၿပီး ခ်ဲလ္ဆီးအသင္းအတြက္ေတာ့ ေမွာ္ဆရာတစ္ဦးကို Magician လုိ႔ေခၚေခၚ၊ Wizard လုိ႔ ေခၚေခၚ ဇီးယက္ရွ္ဆုိတာ မပါရင္ေတာ့ မျပည့္စုံေလာက္ဘူးလို႔ ေရးသားေဖာ္ျပလုိက္ရပါတယ္။

REF: FOOTBALL LONDON & TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.