Premier League

၈.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းဟာ ရှက်ဖီးလ်အသင်းကို လေးဂိုး တဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲအပြီးမှာ ဒီရာသီ ပြိုင်ပွဲစုံ ၁၁ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းကို ရေးထိုးသွားခဲဲ့ပြီး တိုက်စစ်မှူးသစ် တီမို ဗာနာဟာ ၁၂ ပွဲကစား၊ ၈ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသလို အသင်းရဲ့ ၅ ပွဲဆက် ပေးဂိုးမရှိစံချိန် ရပ်တန့်ခဲ့ရ။

ရှက်ဖီးလ်နဲ့နိုင်ပွဲအပြီးမှာ ချယ်လ်ဆီးအသင်းရဲ့ ရာသီ စတင်ပြီဖြစ်ကြောင်း နဲ့ ဟာကင်းမ် ဇီးယက်ရှ်ရဲ့ မှော်ဆန်ဆန်ဖန်တီးမှုနဲ့ ခြေစွမ်း အစစအရာရာကို အနာဂတ်မှာ ပိုမိုမြင်တွေ့လာရတော့မှာဖြစ်ကြောင်း ကာရေဂါ သုံးသပ်ခဲ့။

ဇီးယက်ရှ်လို အရည်အသွေးမြင့် ထိပ်တန်းကစားသမားမျိုးနဲ့ တွဲဖက်ကစားပြီး ဂိုးသွင်းယူချင်မိကြောင်း ချယ်လ်ဆီးအသင်းနောက်ခံလူဟောင်း အက်ရှ်လေ ကိုးလ်ကဖွင့်ဟသွားခဲ့ပြီး ဘယ်ခြေထဲ ဘောလုံးရောက်ပြီဆိုတာနဲ့ မျက်လှည့်ဆန်ဆန် တင်ပေးမယ့် ဖြတ်တင်ဘောကို ပြေးဝင်ပိတ်သွင်းယူလိုက်ချင်တယ်လို့ ချီးကျူးသွားခဲ့။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ တည်ကန်ဘော Set-Piece တွေကနေတဆင့် ဂိုးအများဆုံးပေးခဲ့ရတဲ့ အသင်းဖြစ်ခဲ့တဲ့ ချယ်လ်ဆီးဟာ ဒီရာသီ ၈ ပွဲအတွင်း ဂိုးသွင်းယူမှုမှာ Set-Piece ကနေ ၆ ဂိုးအထိရရှိထားကာ Set-piece ကတဆင့် အများဆုံး ဂိုးရရှိထားတဲ့အသင်းဖြစ်နေကြောင်း သိရ။

ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဆရာဟောင်း မော်ရင်ညိုရဲ့ ပင်နယ်တီ အလကားရနေတဲ့အသင်း ဆိုတဲ့ စွပ်စွဲချက်ကို အံ့သြခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး မိမိတို့အသင်းရရှိခဲ့တဲ့ ပင်နယ်တီတွေဟာ ဒိုင်ဗင်ပစ်၊ ဟန်ဆောင်လှဲချပြီး ရယူခဲ့တာ တခါမှမရှိခဲ့ကြောင်း တုံ့ပြန်ခဲ့။

ပြီးခဲ့တဲ့ညက အသင်းရဲ့ခြေစွမ်းဟာ မိမိတို့အသင်း ကစားဖူးသမျှပွဲတွေထဲ အကောင်းတကာ့အကောင်းဆုံးပွဲဖြစ်လို့ နည်းပြလမ်းပတ်က ကျေနပ်နေပြီး နိုင်ပွဲတပွဲကိုရယူဖို့ ထိုက်တန်လုံလောက်တဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ကြတဲ့ အသင်းသားအားလုံးကို ချီးမွမ်းသွားခဲ့။

ရှက်ဖီးလ်နဲ့ပွဲမှာ မျက်လှည့်ဆန်ဆန် ခြေစွမ်းမျိုးကို ထုတ်ဖော်ပြသသွားခဲ့တဲ့ ဇီးယက်ရှ်က
ဖြတ်တင်ဘောမပို့ခင် အသင်းဖော်တွေကို လှမ်းကြည့်ပြီး မျက်လုံးချင်းဆက်သွယ်မှု ပြုလုပ်ကြောင်းပြောပြခဲ့ပြီး ဘယ်ခြေကို လုံးဝယုံကြည်တာကြောင့် အနီး၊ အဝေး ဘယ်လိုပေးပေး ခက်ခဲတယ်ဆိုတာ မရှိဘူးလို့ဆိုခဲ့ကာ အသင်းမှာပျော်ရွှင်နေလို့သာ အခုလိုကစားနိုင်​ခြင်းဖြစ်ကြောင်း ဝန်ခံသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီးအသင္းဟာ ရွက္ဖီးလ္အသင္းကို ေလးဂိုး တဂိုးနဲ႕ အနိုင္ရရွိတဲ့ပြဲအၿပီးမွာ ဒီရာသီ ၿပိဳင္ပြဲစုံ ၁၁ ပြဲဆက္ ရႈံးပြဲမရွိမွတ္တမ္းကို ေရးထိုးသြားခဲဲ့ၿပီး တိုက္စစ္မႉးသစ္ တီမို ဗာနာဟာ ၁၂ ပြဲကစား၊ ၈ ဂိုးသြင္း၊ ၂ ဂိုးဖန္တီးေပးနိုင္ခဲ့ေၾကာင္း သိရသလို အသင္းရဲ႕ ၅ ပြဲဆက္ ေပးဂိုးမရွိစံခ်ိန္ ရပ္တန့္ခဲ့ရ။

ရွက္ဖီးလ္နဲ႕နိုင္ပြဲအၿပီးမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ ရာသီ စတင္ၿပီျဖစ္ေၾကာင္း နဲ႕ ဟာကင္းမ္ ဇီးယက္ရွ္ရဲ႕ ေမွာ္ဆန္ဆန္ဖန္တီးမႈနဲ႕ ေျခစြမ္း အစစအရာရာကို အနာဂတ္မွာ ပိုမိုျမင္ေတြ႕လာရေတာ့မွာျဖစ္ေၾကာင္း ကာေရဂါ သုံးသပ္ခဲ့။

ဇီးယက္ရွ္လို အရည္အေသြးျမင့္ ထိပ္တန္းကစားသမားမ်ိဳးနဲ႕ တြဲဖက္ကစားၿပီး ဂိုးသြင္းယူခ်င္မိေၾကာင္း ခ်ယ္လ္ဆီးအသင္းေနာက္ခံလူေဟာင္း အက္ရွ္ေလ ကိုးလ္ကဖြင့္ဟသြားခဲ့ၿပီး ဘယ္ေျခထဲ ေဘာလုံးေရာက္ၿပီဆိုတာနဲ႕ မ်က္လွည့္ဆန္ဆန္ တင္ေပးမယ့္ ျဖတ္တင္ေဘာကို ေျပးဝင္ပိတ္သြင္းယူလိုက္ခ်င္တယ္လို႔ ခ်ီးက်ဴးသြားခဲ့။

ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ တည္ကန္ေဘာ Set-Piece ေတြကေနတဆင့္ ဂိုးအမ်ားဆုံးေပးခဲ့ရတဲ့ အသင္းျဖစ္ခဲ့တဲ့ ခ်ယ္လ္ဆီးဟာ ဒီရာသီ ၈ ပြဲအတြင္း ဂိုးသြင္းယူမႈမွာ Set-Piece ကေန ၆ ဂိုးအထိရရွိထားကာ Set-piece ကတဆင့္ အမ်ားဆုံး ဂိုးရရွိထားတဲ့အသင္းျဖစ္ေနေၾကာင္း သိရ။

ခ်ယ္လ္ဆီးအသင္းနည္းျပ လမ္းပတ္က ဆရာေဟာင္း ေမာ္ရင္ညိုရဲ႕ ပင္နယ္တီ အလကားရေနတဲ့အသင္း ဆိုတဲ့ စြပ္စြဲခ်က္ကို အံ့ၾသျခင္းမရွိေၾကာင္း ေျပာၾကားခဲ့ၿပီး မိမိတို႔အသင္းရရွိခဲ့တဲ့ ပင္နယ္တီေတြဟာ ဒိုင္ဗင္ပစ္၊ ဟန္ေဆာင္လွဲခ်ၿပီး ရယူခဲ့တာ တခါမွမရွိခဲ့ေၾကာင္း တုံ႕ျပန္ခဲ့။

ၿပီးခဲ့တဲ့ညက အသင္းရဲ႕ေျခစြမ္းဟာ မိမိတို႔အသင္း ကစားဖူးသမွ်ပြဲေတြထဲ အေကာင္းတကာ့အေကာင္းဆုံးပြဲျဖစ္လို႔ နည္းျပလမ္းပတ္က ေက်နပ္ေနၿပီး နိုင္ပြဲတပြဲကိုရယူဖို႔ ထိုက္တန္လုံေလာက္တဲ့ ေျခစြမ္းနဲ႕ စြမ္းေဆာင္ရည္ကို ျပသခဲ့ၾကတဲ့ အသင္းသားအားလုံးကို ခ်ီးမြမ္းသြားခဲ့။

ရွက္ဖီးလ္နဲ႕ပြဲမွာ မ်က္လွည့္ဆန္ဆန္ ေျခစြမ္းမ်ိဳးကို ထုတ္ေဖာ္ျပသသြားခဲ့တဲ့ ဇီးယက္ရွ္က
ျဖတ္တင္ေဘာမပို႔ခင္ အသင္းေဖာ္ေတြကို လွမ္းၾကည့္ၿပီး မ်က္လုံးခ်င္းဆက္သြယ္မႈ ျပဳလုပ္ေၾကာင္းေျပာျပခဲ့ၿပီး ဘယ္ေျခကို လုံးဝယုံၾကည္တာေၾကာင့္ အနီး၊ အေဝး ဘယ္လိုေပးေပး ခက္ခဲတယ္ဆိုတာ မရွိဘူးလို႔ဆိုခဲ့ကာ အသင္းမွာေပ်ာ္႐ႊင္ေနလို႔သာ အခုလိုကစားနိုင္​ျခင္းျဖစ္ေၾကာင္း ဝန္ခံသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.