Premier League

သက္ႀကီးရြယ္အို ၁၁ ဦးကို အထူးဧည့္သည္အျဖစ္ အိုးလ္ထရက္ဖို႔ဒ္ကြင္းထဲ ဖိတ္ေခၚခဲ့တဲ့ ယူႏိုက္တက္

သက္ႀကီးရြယ္အိုေတြအၾကား အထီးက်န္ဆန္လာမႈကို ျမင္သာေစမယ့္ လႈပ္ရွားမႈရဲ႕ အစိတ္အပိုင္းတစ္ခုအျဖစ္ တနဂၤေႏြေန႔က ၀တ္ဖို႔ဒ္နဲ႔ပြဲမတိုင္ခင္ အသက္ ၆၀ ေက်ာ္အရြယ္ အထူးဧည့္သည္ ၁၁ ေယာက္ကို အိုးလ္ထရက္ဖို႔ဒ္ကြင္းဆီ အလည္လာဖို႔ မန္ခ်က္စတာယူႏုိက္တက္က ဖိတ္ေခၚခဲ့ပါတယ္။

အိုးလ္ထရက္ဖို႔ဒ္ကြင္းကို ဖိတ္ၾကားခံခဲ့ရတဲ့ အသက္ႀကီးပရိသတ္ေတြအားလံုးဟာ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြျဖစ္ၾကၿပီး အသက္ ၆၁ ႏွစ္နဲ႔ ၈၇ ႏွစ္ၾကား အရြယ္ေတြလည္း ျဖစ္ၾကၿပီး သူတို႔ကို မန္ခ်က္စတာေဒသ သက္ႀကီးရြယ္အိုရန္ပံုေငြေထာက္ပံ့ေရးအဖြဲ႔ရဲ႕ စီစဥ္မႈနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကြင္းကို ဖိတ္ေခၚခဲ့တာျဖစ္ၿပီး အသင္းေခါင္းေဆာင္ ဟယ္ရီ မက္ဂြိဳင္းယား ဦးေဆာင္တဲ့ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြက ကြင္းထဲကို အ၀င္မွာ လက္ဆြဲႏႈတ္ဆက္ခဲ့ၾကပါတယ္။

ဒီအစီအစဥ္ဟာ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ကက္ဒ္ဘာရီ ေခ်ာကလက္ကုမၸဏီတို႔ပူးေပါင္းမႈရဲ႕ အစိတ္အပိုင္းတစ္ခုလည္းျဖစ္ၿပီး ဒါဟာ သူတို႔အဖြဲ႔အစည္းႏွစ္ခု ပူးေပါင္းမႈနဲ႔အတူ သက္ႀကီးရြယ္အိုေတြ ေတြ႔ဆံုစကားေျပာၾကၿပီး အားေပးႏွစ္သိမ့္တဲ့ Donate your words ဆိုတဲ့ လႈပ္ရွားမႈတစ္ခုနဲ႔လည္း ပတ္သက္ပါတယ္။

ဒီအစီအစဥ္အတြက္ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ပူးေပါင္းမွဳဒါရိုက္တာ တာ၀န္ယူထားသူ ေရွာင္ဂ်က္ဖာဆန္က “အသင္းပရိသတ္ေတြကို သူတို႔အနီးနားက သက္ႀကီးရြယ္အိုေတြနဲ႔ အခ်ိန္ခဏေပးၿပီး ကစားေျပာၾကဖို႔ ကလပ္အသင္းဘက္က အားေပးတုိက္တြန္းခဲ့ပါတယ္။ သက္ႀကီးရြယ္အိုေတြကလည္း သူတို႔ရဲ႕အေတြးအေခၚေလးေတြ ေျပာခြင့္ရတာကို ႀကိဳဆိုၾကမွာပါ”လို႔ ဆိုပါတယ္။

အိမ္ကြင္းမွာ ဝတ္ဖို႔ဒ္အသင္းကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲမတုိင္ခင္မွာ ကစားသမားေတြနဲ႔အတူ မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားကလည္း အိုးလ္ထရက္ဖို႔ဒ္ကြင္းကို ဖိတ္ၾကားခဲ့တဲ့ သက္ႀကီးရြယ္အို ၁၁ ေယာက္နဲ႔ လက္ဆြဲႏႈတ္ဆက္ၿပီး စကားစျမည္ဆုိခဲ့ၾကေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: သက်ကြီးရွယ်အိုတွေအကြား အထီးကျန်ဆန်လာမှုကို မြင်သာစေမယ့် လှုပ်ရှားမှုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တနင်္ဂနွေနေ့က ဝတ်ဖို့ဒ်နဲ့ပွဲမတိုင်ခင် အသက် ၆၀ ကျော်အရွယ် အထူးဧည့်သည် ၁၁ ယောက်ကို အိုးလ်ထရက်ဖို့ဒ်ကွင်းဆီ အလည်လာဖို့ မန်ချက်စတာယူနိုက်တက်က ဖိတ်ခေါ်ခဲ့ပါတယ်။

အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဖိတ်ကြားခံခဲ့ရတဲ့ အသက်ကြီးပရိသတ်တွေအားလုံးဟာ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဖြစ်ကြပြီး အသက် ၆၁ နှစ်နဲ့ ၈၇ နှစ်ကြား အရွယ်တွေလည်း ဖြစ်ကြပြီး သူတို့ကို မန်ချက်စတာဒေသ သက်ကြီးရွယ်အိုရန်ပုံငွေထောက်ပံ့ရေးအဖွဲ့ရဲ့ စီစဉ်မှုနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဖိတ်ခေါ်ခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား ဦးဆောင်တဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေက ကွင်းထဲကို အဝင်မှာ လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။

ဒီအစီအစဉ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ကက်ဒ်ဘာရီ ချောကလက်ကုမ္ပဏီတို့ပူးပေါင်းမှုရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပြီး ဒါဟာ သူတို့အဖွဲ့အစည်းနှစ်ခု ပူးပေါင်းမှုနဲ့အတူ သက်ကြီးရွယ်အိုတွေ တွေ့ဆုံစကားပြောကြပြီး အားပေးနှစ်သိမ့်တဲ့ Donate your words ဆိုတဲ့ လှုပ်ရှားမှုတစ်ခုနဲ့လည်း ပတ်သက်ပါတယ်။

ဒီအစီအစဉ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပူးပေါင်းမှုဒါရိုက်တာ တာဝန်ယူထားသူ ရှောင်ဂျက်ဖာဆန်က “အသင်းပရိသတ်တွေကို သူတို့အနီးနားက သက်ကြီးရွယ်အိုတွေနဲ့ အချိန်ခဏပေးပြီး ကစားပြောကြဖို့ ကလပ်အသင်းဘက်က အားပေးတိုက်တွန်းခဲ့ပါတယ်။ သက်ကြီးရွယ်အိုတွေကလည်း သူတို့ရဲ့အတွေးအခေါ်လေးတွေ ပြောခွင့်ရတာကို ကြိုဆိုကြမှာပါ”လို့ ဆိုပါတယ်။

အိမ်ကွင်းမှာ ဝတ်ဖို့ဒ်အသင်းကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲမတိုင်ခင်မှာ ကစားသမားတွေနဲ့အတူ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားကလည်း အိုးလ်ထရက်ဖို့ဒ်ကွင်းကို ဖိတ်ကြားခဲ့တဲ့ သက်ကြီးရွယ်အို ၁၁ ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ပြီး စကားစမြည်ဆိုခဲ့ကြကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.