Premier League

ပရီးမီးယားလိဂ် ပွဲစဥ် ၈ အတွက် မိုက်ဝင်အိုဝင်ရဲ့ ခန့်မှန်းချက်များ

ခရစ္စတယ် ပဲ့လေ့စ် နဲ့ လိဒ်စ်ယူနိုက်တက်
နောက်ဆုံးငါးပွဲမှာ တပွဲသာနိုင်ထားပြီး အိမ်ကွင်းသုံးပွဲ ၁ ဂိုးသာရသေးတဲ့ ပဲလေ့စ်ဟာ ဘမ်းဖို့ဒ်တို့အုပ်စု အထူးခြေစွမ်းပြ​နေပြီး အဝေးကွင်း ၃ပွဲ၊ ၇ ဂိုးသွင်းယူထားတဲ့ လိဒ်စ်ကို ယှဥ်နိုင်ဖို့မရှိဘဲ ဂိုးပြတ်ရှုံးနိုင်ကြောင်း အိုဝင်ရဲ့ခန့်မှန်းမှုအရ သိရပါတယ်။

လက်စတာ နဲ့ ဝုဗ်စ်
ရာသီတာထွက်ကောင်းထားခဲ့တဲ့ ခြေရည်တူနှစ်သင်း ပွဲကျပ်ကစားရမှာဖြစ်ပြီး ၂မှတ် ကွာဟချက်သာရှိတဲ့ ဒီနှစ်သင်း တဂိုးစီ သရေကျမယ့်ပွဲလို့ အိုဝင်က အတိအကျခန့်မှန်းထားပါတယ်။

ချယ်လ်ဆီး နဲ့ ရှက်ဖီးလ်ယူနိုက်တက်
၁၀ ပွဲဆက် ရှုံးပွဲမရှိ၊ ၅ ပွဲဆက် Clean Sheet ရထားတဲ့ ချယ်လ်ဆီးနဲ့ လက်ရှိရာသီရဲ့ အိမ်နိမ့်စံအသင်းဖြစ်နေတဲ့ ရှက်ဖီးလ်တို့ပွဲမှာတော့ ချယ်လ်ဆီးကပဲ သာသာယာယာ အနိုင်ရသွားမယ်လို့ အိုဝင်က သုံးသပ်ထားပါတယ်။

ဝက်စ်ဘရွမ်း နဲ့ တော့တင်ဟမ်ဟော့စပါး
ပရီးမီးယားလိဂ် ၃ပွဲဆက်နိူင်ထားတဲ့ စပါးက ဂိုးမိုးရွာဖို့ တာစူနေတဲ့အသင်းပုံစံမျိုး ပြသထားနိုင်ပြီး တိုက်စစ်ထက်မြက်မှုနဲ့အတူ နောက်ဆုံး ၇ပွဲ နိုင်ပွဲမဲ့ထားတဲ့ ဝက်စ်ဘရွမ်းကို အလဲထိုးပြီး ပေးဂိုးမရှိ အနိုင်ယူသွားမယ်လို့ အိုဝင်က သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ် နဲ့ အက်စတွန်ဗီလာ
အိုးထရက်ဖို့ဒ်မှာ အရေးပါတဲ့ ၃မှတ်ကို စုဆောင်းပြီးတဲ့နောက် အတက်ပိုင်းရောက်နေမှာဖြစ်တဲ့ အာဆင်နယ်နဲ့ တွေ့ဆုံရတာဟာ နောက်ဆုံး နှစ်ပွဲဆက် ရှူံးနိမ့်ထားတဲ့ ဗီလာအတွက် ခက်ခဲတဲ့ ပွဲကျပ်ဖြစ်နေပြီး အာဆင်နယ် သက်သောင့်သက်သာ အနိုင်ရရှိသွားမယ်လို့ အိုဝင်က ခန့်မှန်းထားပါတယ်။

မန်ချက်စတာယူနိုက်တက် နဲ့ အဲဗာတန်
ရှုံးပွဲတွေ ဆက်တိုက်ကြုံထားရလို့ ခြေစွမ်းနဲ့စိတ်ဓာတ် အကျပိုင်းရောက်နေတဲ့ အဲဗာတန်ဟာ ဒီပွဲမှာလည်း အဓိက ကစားသမားတွေ ပါဝင်လာမှာမဟုတ်သလို တဖက်မှာလည်း ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်ရှုံးပွဲနဲ့အတူ ​ခြေစွမ်းမတည်ငြိမ်မှုတွေရှိနေတာကြောင့် နှစ်ဖက်အသင်း သရေသာကစားသွားနိုင်မယ်လို့ အိုဝင်က ခန့်မှန်းသွားခဲ့ပါတယ်။

မန်စီးတီး နဲ့ လီဗာပူးလ်
ဒီတပတ်ရဲ့ အရှိန်အမြင့်ဆုံးပွဲစဥ်မှာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံစီးချင်းထိုးခဲ့ကြတဲ့ ထိပ်သီးနှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပြီး တိုက်စစ်အားကောင်းကောင်းနဲ့ နှစ်ဖက်အသင်း အပြန်အလှန် ဂိုးသွင်းယူကာ ဂိုးပေါင်းအများနဲ့ သရေကျသွားမယ့်ပွဲစဥ်လို့ အိုဝင်က ခန့်မှန်းထားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခရစၥတယ္ ပဲ့ေလ့စ္ နဲ႕ လိဒ္စ္ယူနိုက္တက္
ေနာက္ဆုံးငါးပြဲမွာ တပြဲသာနိုင္ထားၿပီး အိမ္ကြင္းသုံးပြဲ ၁ ဂိုးသာရေသးတဲ့ ပဲေလ့စ္ဟာ ဘမ္းဖို႔ဒ္တို႔အုပ္စု အထူးေျခစြမ္းျပ​ေနၿပီး အေဝးကြင္း ၃ပြဲ၊ ၇ ဂိုးသြင္းယူထားတဲ့ လိဒ္စ္ကို ယွဥ္နိုင္ဖို႔မရွိဘဲ ဂိုးျပတ္ရႈံးနိုင္ေၾကာင္း အိုဝင္ရဲ႕ခန့္မွန္းမႈအရ သိရပါတယ္။

လက္စတာ နဲ႕ ဝုဗ္စ္
ရာသီတာထြက္ေကာင္းထားခဲ့တဲ့ ေျခရည္တူႏွစ္သင္း ပြဲက်ပ္ကစားရမွာျဖစ္ၿပီး ၂မွတ္ ကြာဟခ်က္သာရွိတဲ့ ဒီႏွစ္သင္း တဂိုးစီ သေရက်မယ့္ပြဲလို႔ အိုဝင္က အတိအက်ခန့္မွန္းထားပါတယ္။

ခ်ယ္လ္ဆီး နဲ႕ ရွက္ဖီးလ္ယူနိုက္တက္
၁၀ ပြဲဆက္ ရႈံးပြဲမရွိ၊ ၅ ပြဲဆက္ Clean Sheet ရထားတဲ့ ခ်ယ္လ္ဆီးနဲ႕ လက္ရွိရာသီရဲ႕ အိမ္နိမ့္စံအသင္းျဖစ္ေနတဲ့ ရွက္ဖီးလ္တို႔ပြဲမွာေတာ့ ခ်ယ္လ္ဆီးကပဲ သာသာယာယာ အနိုင္ရသြားမယ္လို႔ အိုဝင္က သုံးသပ္ထားပါတယ္။

ဝက္စ္ဘ႐ြမ္း နဲ႕ ေတာ့တင္ဟမ္ေဟာ့စပါး
ပရီးမီးယားလိဂ္ ၃ပြဲဆက္နိူင္ထားတဲ့ စပါးက ဂိုးမိုး႐ြာဖို႔ တာစူေနတဲ့အသင္းပုံစံမ်ိဳး ျပသထားနိုင္ၿပီး တိုက္စစ္ထက္ျမက္မႈနဲ႕အတူ ေနာက္ဆုံး ၇ပြဲ နိုင္ပြဲမဲ့ထားတဲ့ ဝက္စ္ဘ႐ြမ္းကို အလဲထိုးၿပီး ေပးဂိုးမရွိ အနိုင္ယူသြားမယ္လို႔ အိုဝင္က သုံးသပ္ခဲ့ပါတယ္။

အာဆင္နယ္ နဲ႕ အက္စတြန္ဗီလာ
အိုးထရက္ဖို႔ဒ္မွာ အေရးပါတဲ့ ၃မွတ္ကို စုေဆာင္းၿပီးတဲ့ေနာက္ အတက္ပိုင္းေရာက္ေနမွာျဖစ္တဲ့ အာဆင္နယ္နဲ႕ ေတြ႕ဆုံရတာဟာ ေနာက္ဆုံး ႏွစ္ပြဲဆက္ ရႉံးနိမ့္ထားတဲ့ ဗီလာအတြက္ ခက္ခဲတဲ့ ပြဲက်ပ္ျဖစ္ေနၿပီး အာဆင္နယ္ သက္ေသာင့္သက္သာ အနိုင္ရရွိသြားမယ္လို႔ အိုဝင္က ခန့္မွန္းထားပါတယ္။

မန္ခ်က္စတာယူနိုက္တက္ နဲ႕ အဲဗာတန္
ရႈံးပြဲေတြ ဆက္တိုက္ႀကဳံထားရလို႔ ေျခစြမ္းနဲ႕စိတ္ဓာတ္ အက်ပိဳင္းေရာက္ေနတဲ့ အဲဗာတန္ဟာ ဒီပြဲမွာလည္း အဓိက ကစားသမားေတြ ပါဝင္လာမွာမဟုတ္သလို တဖက္ ယူနိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္ရႈံးပြဲနဲ႕အတူ ​ေျခစြမ္းမတည္ၿငိမ္မႈေတြရွိေနတာေၾကာင့္ ႏွစ္ဖက္အသင္း သေရသာကစားသြားနိုင္မယ္လို႔ အိုဝင္က ခန့္မွန္းသြားခဲ့ပါတယ္။

မန္စီးတီး နဲ႕ လီဗာပူးလ္
ဒီတပတ္ရဲ႕ အရွိန္အျမင့္ဆုံးပြဲစဥ္မွာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံစီးခ်င္းထိုးခဲ့ၾကတဲ့ ထိပ္သီးႏွစ္သင္း ထိပ္တိုက္ေတြ႕ဆုံမႈျဖစ္ၿပီး တိုက္စစ္အားေကာင္းေကာင္းနဲ႕ ႏွစ္ဖက္အသင္း အျပန္အလွန္ ဂိုးသြင္းယူကာ ဂိုးေပါင္းအမ်ားနဲ႕ သေရက်သြားမယ့္ပြဲစဥ္လို႔ အိုဝင္က ခန့္မွန္းထားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.