Premier League

၇.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ပူလီရှစ်ချ်ဟာ အပေါ့စားလေ့ကျင့်ခန်း ပြုလုပ်ခဲ့ပေမယ့် ပေါင်တွင်းကြောဒဏ်ရာ မသက်သာသေးတာကြောင့် လာမယ့် ရှက်ဖီးလ်နဲ့ပွဲမှာ ပါဝင်နိုင်ဦးမှာမဟုတ်ဘဲ ခိုင်ဟားဗတ်ဇ်လည်း ကိုရိုနာရောဂါပိုး Negative ရလဒ်မထွက်ခင်အထိ လွဲချော်ဦးမှာဖြစ်သလို ဂိုးသမား ကယ်ပါ အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်နိုင်ပြီဖြစ်တယ်လို့ ချယ်လ်ဆီးနည်းပြ လမ်းပတ်အတည်ပြုခဲ့။

လူစာရင်းကို အသိမပေးလိုတာကြောင့် မနက်ဖြန်ပွဲစဥ်အတွက် တီမို ဗာနာ ပါဝင်လာနိုင်မလားဆိုတဲ့ မေးခွန်းကို နည်းပြလမ်းပတ် ငြင်းဆန်သွားခဲ့ပြီး ပွဲပန်းနေတဲ့ သူ့ကို အနားပေးဖို့ စောင့်ကြည့်နေကြောင်း အရိပ်အမြွက် ပြောကြားခဲ့။

သွင်းဂိုးတွေအတွက် စိတ်ပူစရာမလိုတဲ့ အသင်းတသင်းအနေနဲ့ နောက်ဆုံး ငါးပွဲဆက် ပေးဂိုးခွင့်ပြုရခြင်းမရှိဘဲ ခံစစ်ပိုင်းစွမ်းဆောင်ရည် မြင့်တက်လာခဲ့တာကို ချယ်လ်ဆီးနည်းပြ လမ်းပတ် ကျေနပ်နေမှာဖြစ်တယ်လို့ အသင်းနည်းပြဟောင်း ဂလင်း ဟော်ဒယ်လ်သုံးသပ်။

ပွဲဦးထွက် ဝက်စ်ဘရွမ်းအသင်းနဲ့ပွဲမှာ ကြီးမားတဲ့အမှားကို ကျူးလွန်ခဲ့ပြီး အသက်အရွယ်နဲ့ ခြေစွမ်းပိုင်းကို နှိုင်းယှဥ် ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရပေမယ့် သီယာဂို ဆေးလ်ဗားဟာ ခံစစ်ကာကွယ်မှုမှာ ပထမတန်းစား ကစားသမားဖြစ်ပြီး အတွေ့အကြုံနဲ့ အသင်းကိုအားဖြည့်ပေးနေတဲ့ ဝါရင့်၊ သမ္ဘာရင့်ကစားသမားဖြစ်တယ်လို့ ဂလင်း ဟော်ဒယ်လ် ပြောကြားခဲ့။

အောက်တိုဘာလရဲ့ ပရီးမီးယားလိဂ် တလတာအကောင်းဆုံးလူစာရင်းမှာ သီယာဂို ဆေးလ်ဗား ဆန်ခါတင်ပါဝင်လာခဲ့ပြီး တလတာ အကောင်းဆုံးသွင်းဂိုးဆုအတွက်လည်း ဆောက်သမ်တန်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ တီမို ဗာနာရဲ့ဂိုးက ဆန်ခါတင်ရွေးချယ်ခံထားရ။

ဘီလီ ဂီးလ်မိုးက ၂၀၁၆ ခုနှစ်တည်းက ပြဿနာရှိနေတဲ့ ဒူးဒဏ်ရာအကြောင်းကို ဖွင့်ဟသွားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီအကုန်မှာ အ​ခြေအနေဆိုးရွားလာခဲ့တဲ့ ဒူးအရွတ်ကြောဒဏ်ရာကို ခွဲစိတ်အောင်မြင်ခဲဲ့တဲ့နောက် အမြန်ဆုံး ပွဲကစားနိုင်ဖို့ မစောင့်နိုင်တော့အောင် ဖြစ်ရကြောင်း ​ဝန်ခံသွားခဲ့။

အင်တာမီလန်နည်းပြ ကွန်တီဟာ ချယ်ဆီးကစားသမား ၃ ဦးကို လာမယ့်ဇန်နဝါရီမှာ ခေါ်ယူသွားဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး သူ့ရဲ့ ပစ်မှတ်စာရင်းမှာ ခံစစ်ကစားသမား အီမာဆန်၊ အလွန်ဆိုနဲ့ တိုက်စစ်မှူး ဂျီရူးတို့ ပါဝင်နေကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပူလီရွစ္ခ်္ဟာ အေပါ့စားေလ့က်င့္ခန္း ျပဳလုပ္ခဲ့ေပမယ့္ ေပါင္တြင္းေၾကာဒဏ္ရာ မသက္သာေသးတာေၾကာင့္ လာမယ့္ ရွက္ဖီးလ္နဲ႕ပြဲမွာ ပါဝင္နိုင္ဦးမွာမဟုတ္ဘဲ ခိုင္ဟားဗတ္ဇ္လည္း ကိုရိုနာေရာဂါပိုး Negative ရလဒ္မထြက္ခင္အထိ လြဲေခ်ာ္ဦးမွာျဖစ္သလို ဂိုးသမား ကယ္ပါ အသင္းလူစာရင္းမွာ ျပန္လည္ပါဝင္နိုင္ၿပီျဖစ္တယ္လို႔ ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္အတည္ျပဳခဲ့။

လူစာရင္းကို အသိမေပးလိုတာေၾကာင့္ မနက္ျဖန္ပြဲစဥ္အတြက္ တီမို ဗာနာ ပါဝင္လာနိုင္မလားဆိုတဲ့ ေမးခြန္းကို နည္းျပလမ္းပတ္ ျငင္းဆန္သြားခဲ့ၿပီး ပြဲပန္းေနတဲ့ သူ႕ကို အနားေပးဖို႔ ေစာင့္ၾကည့္ေနေၾကာင္း အရိပ္အႁမြက္ ေျပာၾကားခဲ့။

သြင္းဂိုးေတြအတြက္ စိတ္ပူစရာမလိုတဲ့ အသင္းတသင္းအေနနဲ႕ ေနာက္ဆုံး ငါးပြဲဆက္ ေပးဂိုးခြင့္ျပဳရျခင္းမရွိဘဲ ခံစစ္ပိုင္းစြမ္းေဆာင္ရည္ ျမင့္တက္လာခဲ့တာကို ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္ ေက်နပ္ေနမွာျဖစ္တယ္လို႔ အသင္းနည္းျပေဟာင္း ဂလင္း ေဟာ္ဒယ္လ္သုံးသပ္။

ပြဲဦးထြက္ ဝက္စ္ဘ႐ြမ္းအသင္းနဲ႕ပြဲမွာ ႀကီးမားတဲ့အမွားကို က်ဴးလြန္ခဲ့ၿပီး အသက္အ႐ြယ္နဲ႕ ေျခစြမ္းပိုင္းကို ႏွိုင္းယွဥ္ ေဝဖန္မႈေတြရင္ဆိုင္ခဲ့ရေပမယ့္ သီယာဂို ေဆးလ္ဗားဟာ ခံစစ္ကာကြယ္မႈမွာ ပထမတန္းစား ကစားသမားျဖစ္ၿပီး အေတြ႕အႀကဳံနဲ႕ အသင္းကိုအားျဖည့္ေပးေနတဲ့ ဝါရင့္၊ သမၻာရင့္ကစားသမားျဖစ္တယ္လို႔ ဂလင္း ေဟာ္ဒယ္လ္ ေျပာၾကားခဲ့။

ေအာက္တိုဘာလရဲ႕ ပရီးမီးယားလိဂ္ တလတာအေကာင္းဆုံးလူစာရင္းမွာ သီယာဂို ေဆးလ္ဗား ဆန္ခါတင္ပါဝင္လာခဲ့ၿပီး တလတာ အေကာင္းဆုံးသြင္းဂိုးဆုအတြက္လည္း ေဆာက္သမ္တန္နဲ႕ပြဲမွာ သြင္းယူခဲ့တဲ့ တီမို ဗာနာရဲ႕ဂိုးက ဆန္ခါတင္ေ႐ြးခ်ယ္ခံထားရ။

ဘီလီ ဂီးလ္မိုးက ၂၀၁၆ ခုႏွစ္တည္းက ျပႆနာရွိေနတဲ့ ဒူးဒဏ္ရာအေၾကာင္းကို ဖြင့္ဟသြားခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီအကုန္မွာ အ​ေျခအေနဆိုး႐ြားလာခဲ့တဲ့ ဒူးအ႐ြတ္ေၾကာဒဏ္ရာကို ခြဲစိတ္ေအာင္ျမင္ခဲဲ့တဲ့ေနာက္ အျမန္ဆုံး ပြဲကစားနိုင္ဖို႔ မေစာင့္နိုင္ေတာ့ေအာင္ ျဖစ္ရေၾကာင္း ​ဝန္ခံသြားခဲ့။

အင္တာမီလန္နည္းျပ ကြန္တီဟာ ခ်ယ္ဆီးကစားသမား ၃ ဦးကို လာမယ့္ဇန္နဝါရီမွာ ေခၚယူသြားဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနၿပီး သူ႕ရဲ႕ ပစ္မွတ္စာရင္းမွာ ခံစစ္ကစားသမား အီမာဆန္၊ အလြန္ဆိုနဲ႕ တိုက္စစ္မႉး ဂ်ီ႐ူးတို႔ ပါဝင္ေနေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.