Premier League

အိုဇေးလ်ကို အာဆင်နယ် ပြန်သုံးလို့ရမယ့် စည်းမျဉ်းတစ်ခုကို ပြောင်းလဲပစ်ဖို့ အံ့အားသင့်ဖွယ် တောင်းဆိုခဲ့တဲ့ အာဆင်ဝင်းဂါး

နည်းပြ အာတီတာ၊ အသင်းရဲ့ဆုံးဖြတ်မှုနဲ့အတူ ဒီရာသီ အာဆင်နယ်အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံထားရတာကြောင့် လာမယ့်ဇန်နဝါရီလအထိ အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရော ယူရိုပါလိဂ်ပွဲစဉ်တွေကိုပါ ပါဝင်ကစားခွင့် ရရှိတော့မှာ မဟုတ်တော့တဲ့ တပည့်ဟောင်း မီဆွတ် အိုဇေးလ်အတွက် ကစားခွင့်သာစေဖို့ အာဆင်ဝင်းဂါးက အကြံဉာဏ်ပေးမှုတခု ပြုလုပ်သွားကြောင်း သိရပါတယ်။

အိုဇေးလ်လို အနုပညာမြောက်ပြီး မှော်ဝင်တဲ့ ကစားကွက်ဖန်တီးရှင် ဘောလုံးသမားမျိုးတွေကို ခေတ်သစ်ဘောလုံးလောကရဲ့ မြက်ခင်းစိမ်းတွေပေါ်မှာ ပြန်မြင်တွေ့ရဖို့အတွက် လူကျွံဘောဥပေဒကို အနည်းငယ် အပြောင်းအလဲလုပ်ဖို့ လိုအပ်တယ်လို့ အာဆင်းဝင်းဂါးက တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ဖန်တီးမှုမြင့်မားတဲ့ ပါရမီရှင် ဘောလုံးသမားတွေဟာ ကစားပွဲတွေထဲကနေ တဖြည်းဖြည်း ပျောက်ကွယ်လာပြီလို့ သူက သုံးသပ်သွားခဲ့တာဖြစ်ပြီး အိုဇေးလ်လို ကစားသမားမျိုးကို လူစာရင်းထဲ မထည့်ခဲ့တဲ့ဖြစ်ရပ်အပေါ် အံ့သြဝေဖန်မှုနဲ့ အသံပေါင်းစုံထွက်ခဲ့ရတာပါ။ ဝင်းဂါးကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ဖန်တီးမှုမြင့်ကစားသမားတွေရဲ့ အရေးပါမှုကို ချေဖျက်ပစ်ခဲ့တဲ့ ဘောလုံးလောကရေစီးကြောင်းရဲ့ အကြီးမားဆုံး အပြောင်းအလဲကို ထောက်ပြသွားခဲ့ပါတယ်။

” ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဘောလုံးလောကမှာ ရုပ်ပိုင်းကို အဓိကအားပြုလာခဲ့ကြတာပါ။ ပေါက်ကွဲအားတွေ၊ ခွန်အားတွေနဲ့ ကစားကြတော့ ခံစစ်တွေကို လုံနေအောင်ပိတ်ပြီး ကျစ်လစ်အောင် ထိန်းထားရတဲ့ဘက် ရောက်လာတယ်။ ခံစစ်ဇုန်ထဲမှာ တိုက်စစ်ကစားသမားတွေရဲ့ နေရာလွတ်က အတော့်ကိုနည်းသွားတယ်။ ဒါကြောင့် တိုက်စစ်ဖန်တီးရှင်တွေက ဒီလိုကစားပွဲတွေနဲ့ အံချော်တယ်လို့ ယူဆပြီး ဖယ်ထုတ်ခံရတော့တာပါပဲ။”

” ဘောလုံးအနုပညာရှင်တွေ ပျောက်ကွယ်လာပေမယ့် သူတို့မသေဆုံးသေးပါဘူး။ ပိတ်ဆော့လွန်းနေတဲ့ ခံစစ်ကြောင်းတွေကို အရှေ့ကို ပိုတက်လာစေယ့် လူကျွံဘောဥပဒေမျိုးနဲ့ ထိန်းချုပ်ပြီး အိုဇေးလ်လို ကစားသမားတွေကို ကွင်းထဲမှာ ပြန်မြင်လာရအောင် လုပ်ဆောင်နိုင်ပါတယ်” လို့ သူက စဉ်းစားပုံနည်းလမ်းတခုကို ပြောပြသွားခဲ့ပြီး အာဆင်နယ်အသင်းအနေနဲ့ အိုဇေးလ်နေရာ အစားထိုး ခေါ်ယူဖို့ဆိုတာ သန်း ၁၀၀ လောက်ကုန်သွားနိုင်တယ်လို့ သတိပေးသွားခဲ့ပါသေးတယ်။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နည္းျပ အာတီတာ၊ အသင္းရဲ႕ဆုံးျဖတ္မႈနဲ႕အတူ ဒီရာသီ အာဆင္နယ္အသင္းရဲ႕ လူစာရင္းကေန ခ်န္လွပ္ခံထားရတာေၾကာင့္ လာမယ့္ဇန္နဝါရီလအထိ အသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေရာ ယူရိုပါလိဂ္ပြဲစဥ္ေတြကိုပါ ပါဝင္ကစားခြင့္ ရရွိေတာ့မွာ မဟုတ္ေတာ့တဲ့ တပည့္ေဟာင္း မီဆြတ္ အိုေဇးလ္အတြက္ ကစားခြင့္သာေစဖို႔ အာဆင္ဝင္းဂါးက အႀကံဥာဏ္ေပးမႈတခု ျပဳလုပ္သြားေၾကာင္း သိရပါတယ္။

အိုေဇးလ္လို အႏုပညာေျမာက္ၿပီး ေမွာ္ဝင္တဲ့ ကစားကြက္ဖန္တီးရွင္ ေဘာလုံးသမားမ်ိဳးေတြကို ေခတ္သစ္ေဘာလုံးေလာကရဲ႕ ျမက္ခင္းစိမ္းေတြေပၚမွာ ျပန္ျမင္ေတြ႕ရဖို႔အတြက္ လူကြၽံေဘာဥေပဒကို အနည္းငယ္ အေျပာင္းအလဲလုပ္ဖို႔ လိုအပ္တယ္လို႔ အာဆင္းဝင္းဂါးက ေတာင္းဆိုလုိက္တာလည္း ျဖစ္ပါတယ္။

ဖန္တီးမႈျမင့္မားတဲ့ ပါရမီရွင္ ေဘာလုံးသမားေတြဟာ ကစားပြဲေတြထဲကေန တျဖည္းျဖည္း ေပ်ာက္ကြယ္လာၿပီလို႔ သူက သုံးသပ္သြားခဲ့တာျဖစ္ၿပီး အိုေဇးလ္လို ကစားသမားမ်ိဳးကို လူစာရင္းထဲ မထည့္ခဲ့တဲ့ျဖစ္ရပ္အေပၚ အံ့ၾသေဝဖန္မႈနဲ႕ အသံေပါင္းစုံထြက္ခဲ့ရတာပါ။ ဝင္းဂါးကေတာ့ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္းမွာ ဖန္တီးမႈျမင့္ကစားသမားေတြရဲ႕ အေရးပါမႈကို ေခ်ဖ်က္ပစ္ခဲ့တဲ့ ေဘာလုံးေလာကေရစီးေၾကာင္းရဲ႕ အႀကီးမားဆုံး အေျပာင္းအလဲကို ေထာက္ျပသြားခဲ့ပါတယ္။

” ၿပီးခဲ့တဲ့ ၁၀ ႏွစ္အတြင္း ေဘာလုံးေလာကမွာ ႐ုပ္ပိုင္းကို အဓိကအားျပဳလာခဲ့ၾကတာပါ။ ေပါက္ကြဲအားေတြ၊ ခြန္အားေတြနဲ႕ ကစားၾကေတာ့ ခံစစ္ေတြကို လုံေနေအာင္ပိတ္ၿပီး က်စ္လစ္ေအာင္ ထိန္းထားရတဲ့ဘက္ ေရာက္လာတယ္။ ခံစစ္ဇုန္ထဲမွာ တိုက္စစ္ကစားသမားေတြရဲ႕ ေနရာလြတ္က အေတာ့္ကိုနည္းသြားတယ္။ ဒါေၾကာင့္ တိုက္စစ္ဖန္တီးရွင္ေတြက ဒီလိုကစားပြဲေတြနဲ႕ အံေခ်ာ္တယ္လို႔ ယူဆၿပီး ဖယ္ထုတ္ခံရေတာ့တာပါပဲ။”

” ေဘာလုံးအႏုပညာရွင္ေတြ ေပ်ာက္ကြယ္လာေပမယ့္ သူတို႔မေသဆုံးေသးပါဘူး။ ပိတ္ေဆာ့လြန္းေနတဲ့ ခံစစ္ေၾကာင္းေတြကို အေရွ႕ကို ပိုတက္လာေစယ့္ လူကြၽံေဘာဥပေဒမ်ိဳးနဲ႕ ထိန္းခ်ဳပ္ၿပီး အိုေဇးလ္လို ကစားသမားေတြကို ကြင္းထဲမွာ ျပန္ျမင္လာရေအာင္ လုပ္ေဆာင္နိုင္ပါတယ္” လို႔ သူက စဥ္းစားပုံနည္းလမ္းတခုကို ေျပာျပသြားခဲ့ၿပီး အာဆင္နယ္အသင္းအေနနဲ႕ အိုေဇးလ္ေနရာ အစားထိုး ေခၚယူဖို႔ဆိုတာ သန္း ၁၀၀ ေလာက္ကုန္သြားနိုင္တယ္လို႔ သတိေပးသြားခဲ့ပါေသးတယ္။

REF: SPORTSKEEDA
PHOTOS CREDIT TO OWNERS
SPORTS A2Z.