Bundesliga Premier League

လီဗာပူးလ္ကစားကြက္နဲ႔ အံဝင္ႏိုင္တယ္လို႔ တီမို ဗာနာယံုၾကည္

ဂ်ာမနီလက္ေရြးစင္တုိက္စစ္မွဴး တီမို ဗာနာက နည္းျပျဖစ္သူ ယာဂန္ကေလာ့ပ္ကို ကမၻာ႔အေကာင္းဆံုးနည္းျပတစ္ေယာက္အျဖစ္ ခ်ီးက်ဴးလိုက္ၿပီး ေႏြရာသီမွာ ေျပာင္းေရႊ႕ျဖစ္ခဲ့ရင္ သူ႕အေနနဲ႔ လီဗာပူးလ္ကစားကြက္နဲ႔ အံ၀င္မယ္လို႔လည္း ယံုၾကည္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။

အသက္(၂၃)ႏွစ္အရြယ္ RB လုိက္ပ္ဇစ္တိုက္စစ္မွဴးကို လီဗာပူးအသင္းက ေခၚမယ္လို႔ ေတာက္ေလွ်ာက္သတင္းေတြ ထြက္ေနၿပီး တစ္ခ်ိန္တည္းမွာပဲ ဗာနာဆီက ခ်ီးက်ဴးသံေတြထြက္လာလို႔ သူ႔အနာဂတ္က ပိုစိတ္၀င္စားစရာေကာင္းလာခဲ့သလို တျခားေခၚယူလိုတဲ့ အသင္းေတြအတြက္ေတာ့ လက္တြန္႔စရာလည္း ျဖစ္လာခဲ့ပါတယ္။

ဗာနာဟာ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ေတာ့တင္ဟမ္ေဟာ့စပါးစ္နဲ႔ ခ်န္ပီယံလိဂ္ ရႈံးထြက္အဆင့္ပြဲစဥ္မွာ လုိက္ပ္ဇစ္အသင္းအတြက္ တစ္လံုးတည္းေသာ အႏိုင္ဂိုးကို ပင္နယ္တီကတဆင့္ သြင္းယူႏုိင္ခဲ့သလုိ စေနေန႔က ဘြန္ဒက္စ္လီဂါပြဲစဥ္မွာလည္း တစ္ဂိုးသြင္း တစ္ဂိုးဖန္တီးႏုိင္ခဲ့ၿပီး လိဂ္ဂိုး ၂၁ ဂိုးအထိ ရယူႏုိင္ခဲ့တာပါ။

စကိုင္းဂ်ာမနီနဲ႔ အင္တာဗ်ဴးမွာ “ယာဂန္ ကေလာ့ပ္ဟာ ကမၻာ႔အေကာင္းဆံုးနည္းျပပါ။ ကၽြန္ေတာ့္ရဲ႕ ကစားဟန္က သူတို႔အသင္းမွာ အံ၀င္ႏိုင္တယ္လို႔ ေျပာၾကတာေတြ အမ်ားႀကီးပါပဲ။ အခုေလာေလာဆယ္ လီဗာပူးအသင္းဟာ ကမၻာ႔အေကာင္းဆံုး အသင္းတစ္သင္းျဖစ္ေနတာကို ကၽြန္ေတာ္သိပါတယ္။ ဒီလိုအသင္းမ်ိဳးနဲ႔ သတင္းထြက္တာက အရမ္းဂုဏ္ယူခ်င္စရာျဖစ္သလို ေပ်ာ္စရာလည္းျဖစ္ပါတယ္။ ဒါေပမယ့္ လီဗာပူးမွာ ကစားသမားေကာင္းေတြ အမ်ားႀကီးရွိလို႔ ကၽြန္ေတာ့္အေနနဲ႔ ကိုယ့္ကိုယ္ကို တိုးတက္ေအာင္ ႀကိဳးစားရပါမယ္။ သူတို႔လိုအသင္းမွာ ကစားခ်င္ရင္ ဒီထက္အမ်ားႀကီး သင္ယူေလ့လာၿပီး ႀကဳိးစားသြားရဦးမွာပါ”လို႔ ေျပာပါတယ္။

တီမုိ ဗာနာဟာ ဒီရာသီၿပိဳင္ပြဲအရပ္ရပ္မွာ RB လိုက္ပ္ဇစ္အသင္းအတြက္ ၂၇ ဂိုး သြင္းထားၿပီး သူ႔ရဲ႕စာခ်ဳပ္ဖ်က္တန္ေၾကးကေတာ့ ေပါင္(၅၁)သန္းရွိမယ္လို႔ ယံုၾကည္ရပါတယ္။ ဒါေပမယ့္ အဲ့ဒီအခ်က္အလက္ဟာ ဧၿပီလမွာ သက္တမ္းကုန္မယ္လို႔ သတင္းထြက္ေနတာေၾကာင့္ ေခၚယူလိုတဲ့အသင္းအေနနဲ႔ ေႏြရာသီအထိ မေစာင့္ဘဲ ကမ္းလွမ္းသြားရဖြယ္ရွိေနတယ္လို႔လည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ဂျာမနီလက်ရွေးစင်တိုက်စစ်မှူး တီမို ဗာနာက နည်းပြဖြစ်သူ ယာဂန်ကလော့ပ်ကို ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ယောက်အဖြစ် ချီးကျူးလိုက်ပြီး နွေရာသီမှာ ပြောင်းရွှေ့ဖြစ်ခဲ့ရင် သူ့အနေနဲ့ လီဗာပူးလ်ကစားကွက်နဲ့ အံဝင်မယ်လို့လည်း ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

အသက်(၂၃)နှစ်အရွယ် RB လိုက်ပ်ဇစ်တိုက်စစ်မှူးကို လီဗာပူးအသင်းက ခေါ်မယ်လို့ တောက်လျှောက်သတင်းတွေ ထွက်နေပြီး တစ်ချိန်တည်းမှာပဲ ဗာနာဆီက ချီးကျူးသံတွေထွက်လာလို့ သူ့အနာဂတ်က ပိုစိတ်ဝင်စားစရာကောင်းလာခဲ့သလို တခြားခေါ်ယူလိုတဲ့ အသင်းတွေအတွက်တော့ လက်တွန့်စရာလည်း ဖြစ်လာခဲ့ပါတယ်။

ဗာနာဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က တော့တင်ဟမ်ဟော့စပါးစ်နဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီကတဆင့် သွင်းယူနိုင်ခဲ့သလို စနေနေ့က ဘွန်ဒက်စ်လီဂါပွဲစဉ်မှာလည်း တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးနိုင်ခဲ့ပြီး လိဂ်ဂိုး ၂၁ ဂိုးအထိ ရယူနိုင်ခဲ့တာပါ။

စကိုင်းဂျာမနီနဲ့ အင်တာဗျူးမှာ “ယာဂန် ကလော့ပ်ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြပါ။ ကျွန်တော့်ရဲ့ ကစားဟန်က သူတို့အသင်းမှာ အံဝင်နိုင်တယ်လို့ ပြောကြတာတွေ အများကြီးပါပဲ။ အခုလောလောဆယ် လီဗာပူးအသင်းဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းဖြစ်နေတာကို ကျွန်တော်သိပါတယ်။ ဒီလိုအသင်းမျိုးနဲ့ သတင်းထွက်တာက အရမ်းဂုဏ်ယူချင်စရာဖြစ်သလို ပျော်စရာလည်းဖြစ်ပါတယ်။ ဒါပေမယ့် လီဗာပူးမှာ ကစားသမားကောင်းတွေ အများကြီးရှိလို့ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကို တိုးတက်အောင် ကြိုးစားရပါမယ်။ သူတို့လိုအသင်းမှာ ကစားချင်ရင် ဒီထက်အများကြီး သင်ယူလေ့လာပြီး ကြိုးစားသွားရဦးမှာပါ”လို့ ပြောပါတယ်။

တီမို ဗာနာဟာ ဒီရာသီပြိုင်ပွဲအရပ်ရပ်မှာ RB လိုက်ပ်ဇစ်အသင်းအတွက် ၂၇ ဂိုး သွင်းထားပြီး သူ့ရဲ့စာချုပ်ဖျက်တန်ကြေးကတော့ ပေါင်(၅၁)သန်းရှိမယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် အဲ့ဒီအချက်အလက်ဟာ ဧပြီလမှာ သက်တမ်းကုန်မယ်လို့ သတင်းထွက်နေတာကြောင့် ခေါ်ယူလိုတဲ့အသင်းအနေနဲ့ နွေရာသီအထိ မစောင့်ဘဲ ကမ်းလှမ်းသွားရဖွယ်ရှိနေတယ်လို့လည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.