Premier League

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီး ညပိုင္းသတင္းမ်ား စုစည္းမွဳ

– လီဗာပူးလ္နဲ႔ ကစားမယ့္ပြဲစဥ္ကို မန္ခ်က္စတာစီးတီးတုိက္စစ္မွဴး ဆာဂ်ီယို အေဂြ႐ို ပါဝင္လာဖို႔ မျဖစ္ႏုိင္ေသးဘူးလို႔ အသင္းဘက္ တရားဝင္ထုတ္ျပန္သြားခဲ့ၿပီး ဖယ္ရန္ ေတာရက္စ္နဲ႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္တုိ႔ကိုပဲ အသုံးျပဳသြားရဖို႔ ရွိေန။

– အစ္တီဟတ္မွာ ကစားမယ့္ပြဲစဥ္အတြက္ လီဗာပူးလ္အသင္းရဲ႕ ခံစစ္ပုိင္းမွာ စီနီယာကစားသမားႏွစ္ဦးကို ပြဲထုတ္ႏုိင္ဖို႔ နီးစပ္ေနၿပီး ဂ်ဳိးဂိုမက္ဇ္နဲ႔အတူ ဒဏ္ရာက သက္သာၿပီး ထရိန္နင္ ဆင္းႏုိင္ၿပီျဖစ္တဲ့ ဂ်ဳိယယ္လ္ မာတစ္ပ္ကို ယာဂန္ ကေလာ့ပ္ အသုံးျပဳဖြယ္ရွိ။

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ အိမ္ကြင္းမွာ လီဗာပူးလ္ကို အႏုိင္ယူႏုိင္ဖို႔ တခ်ဳိ႕အခက္အခဲေတြကို ရင္ဆုိင္ျဖတ္ေက်ာ္ရမွာျဖစ္ၿပီး သူတုိ႔အေနနဲ႔ ကိုယ့္ရဲ႕ အေကာင္းဆုံး အင္အားကို အသုံးျပဳၿပီး ႀကဳိးစားသြားရမွာျဖစ္တယ္လို႔ ဂြါဒီယိုလာ ေျပာၾကား။

– အိုလံပီယာေကာ့စ္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ ဒုတိယပုိင္းမွာ လူစားဝင္ေရာက္ၿပီး ၂၁ မိနစ္ ကစားႏုိင္ခဲ့တဲ့ တုိက္စစ္မွဴး ဂါဘရီယယ္လ္ ေဂ်ဆူးစ္အေနနဲ႔ လီဗာပူးလ္နဲ႔ တနဂၤေႏြေန႔ညပြဲကို ပြဲထြက္ႏုိင္ဖို႔ ႀကဳိးစားေနၿပီး နည္းျပ ဂြါဒီယိုလာရဲ႕ အဆုံးအျဖတ္အေပၚ မူတည္ေန။

– ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးႏွစ္သင္း ရင္ဆုိင္ၾကတဲ့ ပြဲစဥ္မွာ ျမင္ေနက်အတုိင္း လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကို မျမင္ေတြ႕ရတဲ့အတြက္ သူ႕အေနနဲ႔ ႏွေျမာမိတယ္လို႔ မန္စီးတီးနည္းျပ ပက္ပ္ ဂြါဒီယုိလာ ေျပာၾကား။

– ဂြါဒီယိုလာနဲ႔ ဘာစီလုိနာ၊ ဘိုင္ယန္ျမဴးနစ္အသင္းေတြမွာ လက္တြဲညီခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာကေတာ့ အစ္တီဟတ္ပြဲစဥ္မွာ ပါဝင္ႏုိင္ဦးမွာ မဟုတ္ဘဲ စပိန္အသင္းရဲ႕ လူစာရင္းကပါ ဒဏ္ရာေၾကာင့္ ႏုတ္ထြက္ထားခဲ့။

– မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲ ၁၀၀ ျပည့္ေျမာက္ခဲ့တဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ပြဲစဥ္မွာ အႏိုင္ဂိုးနဲ႔ ေျခစြမ္းျပႏုိင္ခဲ့တဲ့ ေနာက္ခံလူ ခိုင္လ္ ေဝၚလ္ကာက သူ႕ရဲ႕ ကြင္းတြင္း စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးေနၾကတာထက္ ပုိေကာင္းေအာင္ ႀကဳိးစားသြားဦးမွာလို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်နဲ့ ကစားမယ့်ပွဲစဉ်ကို မန်ချက်စတာစီးတီးတိုက်စစ်မှူး ဆာဂျီယို အဂွေရို ပါဝင်လာဖို့ မဖြစ်နိုင်သေးဘူးလို့ အသင်းဘက် တရားဝင်ထုတ်ပြန်သွားခဲ့ပြီး ဖယ်ရန် တောရက်စ်နဲ့ ဂါဘရီယယ်လ် ဂျေဆူးစ်တို့ကိုပဲ အသုံးပြုသွားရဖို့ ရှိနေ။

– အစ်တီဟတ်မှာ ကစားမယ့်ပွဲစဉ်အတွက် လီဗာပူးလ်အသင်းရဲ့ ခံစစ်ပိုင်းမှာ စီနီယာကစားသမားနှစ်ဦးကို ပွဲထုတ်နိုင်ဖို့ နီးစပ်နေပြီး ဂျိုးဂိုမက်ဇ်နဲ့အတူ ဒဏ်ရာက သက်သာပြီး ထရိန်နင် ဆင်းနိုင်ပြီဖြစ်တဲ့ ဂျိုယယ်လ် မာတစ်ပ်ကို ယာဂန် ကလော့ပ် အသုံးပြုဖွယ်ရှိ။

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ အိမ်ကွင်းမှာ လီဗာပူးလ်ကို အနိုင်ယူနိုင်ဖို့ တချို့အခက်အခဲတွေကို ရင်ဆိုင်ဖြတ်ကျော်ရမှာဖြစ်ပြီး သူတို့အနေနဲ့ ကိုယ့်ရဲ့ အကောင်းဆုံး အင်အားကို အသုံးပြုပြီး ကြိုးစားသွားရမှာဖြစ်တယ်လို့ ဂွါဒီယိုလာ ပြောကြား။

– အိုလံပီယာကော့စ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ဒုတိယပိုင်းမှာ လူစားဝင်ရောက်ပြီး ၂၁ မိနစ် ကစားနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီယယ်လ် ဂျေဆူးစ်အနေနဲ့ လီဗာပူးလ်နဲ့ တနင်္ဂနွေနေ့ညပွဲကို ပွဲထွက်နိုင်ဖို့ ကြိုးစားနေပြီး နည်းပြ ဂွါဒီယိုလာရဲ့ အဆုံးအဖြတ်အပေါ် မူတည်နေ။

– ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနှစ်သင်း ရင်ဆိုင်ကြတဲ့ ပွဲစဉ်မှာ မြင်နေကျအတိုင်း လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို မမြင်တွေ့ရတဲ့အတွက် သူ့အနေနဲ့ နှမြောမိတယ်လို့ မန်စီးတီးနည်းပြ ပက်ပ် ဂွါဒီယိုလာ ပြောကြား။

– ဂွါဒီယိုလာနဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ လက်တွဲညီခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာကတော့ အစ်တီဟတ်ပွဲစဉ်မှာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ စပိန်အသင်းရဲ့ လူစာရင်းကပါ ဒဏ်ရာကြောင့် နုတ်ထွက်ထားခဲ့။

– မန်ချက်စတာစီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲ ၁၀၀ ပြည့်မြောက်ခဲ့တဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ အနိုင်ဂိုးနဲ့ ခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်ခံလူ ခိုင်လ် ဝေါ်လ်ကာက သူ့ရဲ့ ကွင်းတွင်း စွမ်းဆောင်ရည်ကို ချီးကျူးနေကြတာထက် ပိုကောင်းအောင် ကြိုးစားသွားဦးမှာလို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.