Premier League

ကိုဗစ်ပျောက်ကင်းပြီး ပြန်ကစားနိုင်တော့မယ့် အဲလက်စ် တဲလက်စ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေကနေ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှုကြောင့် အနားယူနေခဲ့ရတဲ့ နောက်ခံလူ အဲလက်စ် တဲလက်စ်အနေနဲ့ ကာရင်တန်ကွင်းမှာ ထရိန်နင်ဆင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက် ထုတ်ပြန်သွားခဲ့ပါတယ်။

ပေါ်တိုအသင်းကနေ အပြောင်းအရွှေ့ပိတ်ခါနီးမှာမှ ရောက်ရှိလာခဲ့တဲ့ အဲလက်စ် တဲလက်စ်ဟာ ပီအက်စ်ဂျီကို အဝေးကွင်းမှာ အနိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့ အရည်အသွေးကောင်းတွေကို ပြသခဲ့ပြီး ပရိသတ်တွေရဲ့ မျှော်လင့်ချက်နဲ့ ချီးကျူးမှုတွေကိုလည်း ရရှိထားသူဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဘရာဇီးလ်သားအနေနဲ့ ဒီတစ်ပွဲကိုသာ ယူနိုက်တက်အတွက် ကိုယ်စားပြုနိုင်ခဲ့ပြီး ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုကြောင့် နှစ်ပတ် အနားယူခဲ့ရချိန်မှာ အသင်းရဲ့ ချဲလ်ဆီး၊ RB လိုက်ပ်ဇစ်၊ အာဆင်နယ်၊ အစ္စတန်ဘူလ် ဘာရှက်ရှီဟာတို့နဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရသလို သူပါဝင်နိုင်ရင် ကောင်းမယ်လို့ အားလုံးက တမ်းတခဲ့ကြတာလည်းဖြစ်ပါတယ်။

အဲလက်စ် တဲလက်စ်ရဲ့ လေ့ကျင့်နေပုံတွေကို မန်ချက်စတာယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်း AON Training Complex မှာ ဓာတ်ပုံတွေ ရရှိထားခဲ့ပြီး သောကြာနေ့နံနက်က ပါဝင်လုပ်ဆောင်နိုင်ခဲ့တာလည်းဖြစ်သလို အဲဗာတန်နဲ့ပွဲအမီ ပါဝင်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဂွတ်ဒီဆန်ပါ့ခ်မှာ မနက်ဖြန် စနေနေ့ ည ၇ နာရီ (မြန်မာစံတော်ချိန်)မှာ ကစားရမှာဖြစ်တဲ့ ပွဲအတွက် သူ့ကို ခေါ်ယူသွားမလားဆိုတာကတော့ နည်းပြ အိုလီ ဂန်နာ ဆိုးလ်ရှားရဲ့ အဆုံးအဖြတ်ကို စောင့်ကြည့်ရဦးမယ်လို့ အသင်းဝက်ဘ်ဆိုက်က ဖော်ပြသွားခဲ့ပြီး နည်းပြရဲ့ အင်တာဗျူး ဖြေကြားမှုကို စောင့်ကြည့်ဖို့လည်း တိုက်တွန်းထားကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: MANCHESTER UNITED
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ေလ့က်င့္ခန္းအစီအစဥ္ေတြကေန ကိုဗစ္-၁၉ ဗုိင္းရပ္စ္ ကူးစက္မွဳေၾကာင့္ အနားယူေနခဲ့ရတဲ့ ေနာက္ခံလူ အဲလက္စ္ တဲလက္စ္အေနနဲ႔ ကာရင္တန္ကြင္းမွာ ထရိန္နင္ဆင္းႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း အသင္းရဲ႕ တရားဝင္ဝက္ဘ္ဆုိက္ ထုတ္ျပန္သြားခဲ့ပါတယ္။

ေပၚတုိအသင္းကေန အေျပာင္းအေရႊ႕ပိတ္ခါနီးမွာမွ ေရာက္ရွိလာခဲ့တဲ့ အဲလက္စ္ တဲလက္စ္ဟာ ပီအက္စ္ဂ်ီကို အေဝးကြင္းမွာ အႏုိင္ကစားခဲ့တဲ့ပြဲစဥ္မွာ သူ႕ရဲ႕ အရည္အေသြးေကာင္းေတြကို ျပသခဲ့ၿပီး ပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္နဲ႔ ခ်ီးက်ဴးမွဳေတြကိုလည္း ရရွိထားသူျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီးလ္သားအေနနဲ႔ ဒီတစ္ပြဲကိုသာ ယူႏုိက္တက္အတြက္ ကိုယ္စားျပဳႏုိင္ခဲ့ၿပီး ကိုဗစ္ဗုိင္းရပ္စ္ ကူးစက္မွဳေၾကာင့္ ႏွစ္ပတ္ အနားယူခဲ့ရခ်ိန္မွာ အသင္းရဲ႕ ခ်ဲလ္ဆီး၊ RB လိုက္ပ္ဇစ္၊ အာဆင္နယ္၊ အစၥတန္ဘူလ္ ဘာရွက္ရွီဟာတုိ႔နဲ႔ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ရသလို သူပါဝင္ႏုိင္ရင္ ေကာင္းမယ္လုိ႔ အားလုံးက တမ္းတခဲ့ၾကတာလည္းျဖစ္ပါတယ္။

အဲလက္စ္ တဲလက္စ္ရဲ႕ ေလ့က်င့္ေနပုံေတြကို မန္ခ်က္စတာယူႏုိက္တက္ရဲ႕ ေလ့က်င့္ေရးကြင္း AON Training Complex မွာ ဓာတ္ပုံေတြ ရရွိထားခဲ့ၿပီး ေသာၾကာေန႔နံနက္က ပါဝင္လုပ္ေဆာင္ႏုိင္ခဲ့တာလည္းျဖစ္သလို အဲဗာတန္နဲ႔ပြဲအမီ ပါဝင္ႏုိင္မလားဆုိတာကိုေတာ့ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

ဂြတ္ဒီဆန္ပါ့ခ္မွာ မနက္ျဖန္ စေနေန႔ ည ၇ နာရီ (ျမန္မာစံေတာ္ခ်ိန္)မွာ ကစားရမွာျဖစ္တဲ့ ပြဲအတြက္ သူ႕ကို ေခၚယူသြားမလားဆုိတာကေတာ့ နည္းျပ အုိလီ ဂန္နာ ဆုိးလ္ရွားရဲ႕ အဆုံးအျဖတ္ကို ေစာင့္ၾကည့္ရဦးမယ္လို႔ အသင္းဝက္ဘ္ဆုိက္က ေဖာ္ျပသြားခဲ့ၿပီး နည္းျပရဲ႕ အင္တာဗ်ဴး ေျဖၾကားမွဳကို ေစာင့္ၾကည့္ဖို႔လည္း တုိက္တြန္းထားေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: MANCHESTER UNITED
PHOTOS CREDIT TO OWNERS
SPORTS A2Z.