Premier League Transfer News

၇.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ကိုဗစ်ကူးစက်မှုကနေ ပျောက်ကင်းသက်သာလာတဲ့ အဲလက်စ် တဲလက်စ်ကို ကာရင်တန် ထရိန်နင်စင်တာမှာ လေ့ကျင့်ခန်းဆင်းနေတာကို ပြန်လည်မြင်တွေ့ခဲ့ရအပြီးမှာ အားတက်နေကြတဲ့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေက အိုလီရဲ့ ရာထူးကို ကယ်တင်ပေးမယ့်သူလို့ ဆိုနေကြ။

– အသင်းကနေ ထွက်ခွာချင်နေတဲ့ ပြင်သစ်ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ ယူနိုက်တက်ဘက်က လုပ်ဆောင်ခွင့်ရှိတဲ့ ၁၂ လ သက်တမ်းတိုးခွင့်ကို ပြီးခဲ့တဲ့လက အသုံးပြုပြီး သူ့ကို ဈေးစကားပြောလို့ အဆင်ပြေအောင်လုပ်ခဲ့တာကို စိတ်ပျက်နေ။

– မန်ချက်စတာယူနိုက်တက်ရဲ့ အဝတ်လဲခန်းအတွင်းမှာတော့ လက်ရှိနည်းပြ ဆိုးလ်ရှားအတွက် ကန့်ကွက်မှု၊ ထောက်ခံမှု တစ်စုံတစ်ရာ မမြင်ရပေမယ့် နည်းပြသစ်ဖြစ်လာနိုင်တဲ့ မော်ရီစီယို ပိုချက်တီနိုကိုတော့ ကြိုဆိုနေကြတယ်လို့ သတင်းထွက်ပေါ်လာ။

– ယူနိုက်တက်အသင်းရဲ့ လက်ရှိရလဒ်တွေ ဆိုးရွားနေတာကို ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်အနေနဲ့ မခံမရပ်နိုင်ဖြစ်နေတဲ့ အမူအရာကို တွေ့မြင်နေရပြီး ပေါ်တူဂီကွင်းလယ်လူဟာ နည်းပြ ဆိုးလ်ရှားကို စိတ်အပျက်ရဆုံးသူပဲဖြစ်လိမ့်မယ်လို့ အီယန်ရိုက် ခန့်မှန်း။

– မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းမှာ လူငယ်ကစားသမားဘဝတစ်လျှောက် ဂိုး ၆၀၀ ကျော်သွင်းယူခဲ့တဲ့ လူငယ်တိုက်စစ်မှူး ချာလီ မက်နီးလ်ရဲ့ ထရိန်နင်တွေမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို ယူနိုက်တက်နည်းပြတွေ အံ့သြနေကြပြီး အသင်းကြီးကို အမြန်ဆုံး ရောက်လာလိမ့်မယ်လို့ ခန့်မှန်းနေကြ။

– အိုးလ်ထရက်ဖို့ဒ်မှာ ဖာဂူဆန်ကို ဆက်ခံခဲ့ပြီး မအောင်မြင်ခဲ့တဲ့ လက်ရှိဝက်စ်ဟမ်းနည်းပြ ဒေးဗစ် မွိုက်စ်က ဆိုးလ်ရှားအနေနဲ့ ဖိအားတွေကို ခံနေရပေမယ့် ကမ္ဘာ့အကောင်းဆုံးရာထူးတစ်ခုမှာ လုပ်နေရတဲ့အတွက် ဒါဟာ ခံသာကြောင်း အားပေးပြောကြားသွား။

– မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ပယ်ထရိစ် အီဗရာကတော့ သူနဲ့ အကြိတ်အခဲရှိနေတဲ့ အက်ဒ် ဝုဒ်ဝဒ်ကို ထပ်မံတိုက်ခိုက်လိုက်ပြီး အသင်းအနေနဲ့ နည်းပြ ဆိုးလ်ရှားကို မထုတ်ပယ်ခင် ဘုတ်အဖွဲ့တစ်ခုလုံးကို အရင်ထုတ်ရမှာဖြစ်တယ်လို့ ဝေဖန်သွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ကိုဗစ္ကူးစက္မွဳကေန ေပ်ာက္ကင္းသက္သာလာတဲ့ အဲလက္စ္ တဲလက္စ္ကုိ ကာရင္တန္ ထရိန္နင္စင္တာမွာ ေလ့က်င့္ခန္းဆင္းေနတာကို ျပန္လည္ျမင္ေတြ႕ခဲ့ရအၿပီးမွာ အားတက္ေနၾကတဲ့ မန္ခ်က္စတာယူႏုိက္တက္ ပရိသတ္ေတြက အုိလီရဲ႕ ရာထူးကို ကယ္တင္ေပးမယ့္သူလို႔ ဆုိေနၾက။

– အသင္းကေန ထြက္ခြာခ်င္ေနတဲ့ ျပင္သစ္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ ယူႏုိက္တက္ဘက္က လုပ္ေဆာင္ခြင့္ရွိတဲ့ ၁၂ လ သက္တမ္းတုိးခြင့္ကို ၿပီးခဲ့တဲ့လက အသုံးျပဳၿပီး သူ႕ကို ေဈးစကားေျပာလုိ႔ အဆင္ေျပေအာင္လုပ္ခဲ့တာကို စိတ္ပ်က္ေန။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ အဝတ္လဲခန္းအတြင္းမွာေတာ့ လက္ရွိနည္းျပ ဆုိးလ္ရွားအတြက္ ကန္႔ကြက္မွဳ၊ ေထာက္ခံမွဳ တစ္စုံတစ္ရာ မျမင္ရေပမယ့္ နည္းျပသစ္ျဖစ္လာႏိုင္တဲ့ ေမာ္ရီစီယို ပိုခ်က္တီႏိုကိုေတာ့ ႀကဳိဆုိေနၾကတယ္လို႔ သတင္းထြက္ေပၚလာ။

– ယူႏုိက္တက္အသင္းရဲ႕ လက္ရွိရလဒ္ေတြ ဆုိးရြားေနတာကို ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္အေနနဲ႔ မခံမရပ္ႏုိင္ျဖစ္ေနတဲ့ အမူအရာကို ေတြ႕ျမင္ေနရၿပီး ေပၚတူဂီကြင္းလယ္လူဟာ နည္းျပ ဆိုးလ္ရွားကို စိတ္အပ်က္ရဆုံးသူပဲျဖစ္လိမ့္မယ္လုိ႔ အီယန္႐ိုက္ ခန္႔မွန္း။

– ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးအသင္းမွာ လူငယ္ကစားသမားဘဝတစ္ေလွ်ာက္ ဂိုး ၆၀၀ ေက်ာ္သြင္းယူခဲ့တဲ့ လူငယ္တုိက္စစ္မွဴး ခ်ာလီ မက္နီးလ္ရဲ႕ ထရိန္နင္ေတြမွာ ျပသခဲ့တဲ့ စြမ္းေဆာင္ရည္ကို ယူႏုိက္တက္နည္းျပေတြ အံ့ၾသေနၾကၿပီး အသင္းႀကီးကို အျမန္ဆုံး ေရာက္လာလိမ့္မယ္လို႔ ခန္႔မွန္းေနၾက။

– အိုးလ္ထရက္ဖို႔ဒ္မွာ ဖာဂူဆန္ကို ဆက္ခံခဲ့ၿပီး မေအာင္ျမင္ခဲ့တဲ့ လက္ရွိဝက္စ္ဟမ္းနည္းျပ ေဒးဗစ္ မြဳိက္စ္က ဆုိးလ္ရွားအေနနဲ႔ ဖိအားေတြကို ခံေနရေပမယ့္ ကမာၻ႕အေကာင္းဆုံးရာထူးတစ္ခုမွာ လုပ္ေနရတဲ့အတြက္ ဒါဟာ ခံသာေၾကာင္း အားေပးေျပာၾကားသြား။

– မန္ခ်က္စတာယူႏုိက္တက္ေနာက္ခံလူေဟာင္း ပယ္ထရိစ္ အီဗရာကေတာ့ သူနဲ႔ အႀကိတ္အခဲရွိေနတဲ့ အက္ဒ္ ဝုဒ္ဝဒ္ကို ထပ္မံတုိက္ခိုက္လုိက္ၿပီး အသင္းအေနနဲ႔ နည္းျပ ဆုိးလ္ရွားကို မထုတ္ပယ္ခင္ ဘုတ္အဖြဲ႕တစ္ခုလုံးကို အရင္ထုတ္ရမွာျဖစ္တယ္လို႔ ေဝဖန္သြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.