Premier League

၆.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

အသင်းရဲ့ သမိုင်းဝင်အောင်ပွဲပုံရိပ်တွေနဲ့ အသင်းအကြောင်းကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင် ‘The End of the Storm’ ကို လာမယ့်နိုဝင်ဘာလ ၃၀ ရက်နေ့ကစတင်ပြီး DVD, Blu-ray ပုံစံအမျိုးမျိုးနဲ့ ဖြန့်ချီသွားမှာဖြစ်တယ်လို့ လီဗာပူးလ်အသင်း အတည်ပြုခဲ့။

လာမယ့် ပရီးမီးယားလိဂ်ပွဲစဥ်အဖြစ် မန်စီးတီးအသင်းကို ကွင်းမှာ ရင်ဆိုင်သွားရမယ့် လီဗာပူးလ်အသင်းဟာ ဗဟိုခံစစ်လူ မာတစ်ပ် နဲ့ ကွင်းလယ်ကစားသမား သီယာဂို အယ်လ်ကန်တာရာတို့ ပြန်လည်ပါဝင်ဖို့ မျှော်လင့်နေပြီး ဖာမီနိုလည်း ပွဲထွက်လာဖွယ်ရှိ။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသက် ၂၃ နှစ်အရွယ် ဒီယိုဂို ဂျိုတာဟာ လီဗာပူးလ်အသင်းရဲ့ ဒုတိမြောက် ပစ်မှတ်ကစားသမားသာဖြစ်ခဲ့ပြီး ဝက်ဖို့ဒ်အသင်းရဲ့ တိုက်စစ်ကစားသမား ဆားရ်ကို ပေါင် ၄၅ မပေးချေလိုတာကြောင့် ဂျိုတာကို ခေါ်ယူဖြစ်ခဲ့တာလို့ သိရ။

လီဗာပူးလ်မြို့လုံးကျွတ် ကိုရိုနာရောဂါပိုးစစ်ဆေးခြင်း အစီအစဉ်ကို နောက်တပတ်ကစလို့ အန်ဖီးလ်ကွင်းမှာ လက်ခံပြုလုပ်သွားမှာဖြစ်ကြောင်း အစိုးရကကြေငြာခဲ့ပြီး လီဗာပူးလ်နည်းပြ ကလော့ပ်က အသင်းပရိသတ်တွေကို အတူပူးပေါင်းပါဝင်ပေးဖို့ တိုက်တွန်းခဲ့။

လီဗာပူးလ်အသင်းက ဇန်နဝါရီမှာ ခေါ်ယူသွားဖို့ ပစ်မှတ်ထား စီစဥ်နေတဲ့ ရှော်လ်ကေးခံစစ်မှူး အိုဇန် ကာဘတ်ကို လျှော့စျေးနဲ့ ရနိုင်ဖွယ်ရှိနေပြီး ရှော်လ်ကေးအသင်းက ပေါင် ၂၇ သန်းနဲ့ ထုတ်ရောင်းဖို့ ရှိနေတာကြောင့် အပြောင်းအရွှေ့ဖြစ်လာဖွယ်ရှိ။

u

ဖာဘင်ညိုကို စာချုပ်သက်တမ်းသစ် ချုပ်ဆိုဖို့ ဆွေးနွေးနေတဲ့ လီဗာပူးလ်အသင်းဟာ ၄ နှစ် သို့ ၅ နှစ် အထိ သက်တမ်းတိုးသွားဖွယ်ရှိနေပြီး သူဟာ ပြီးခဲ့တဲ့နွေမှာ စပိန်ထိပ်သီးအသင်းတသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး အန်ဖီးလ်မြေမှာ ဆက်လက်ကစားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရ။

ဗန်ဒိုက်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ပြီး ဒူးဒဏ်ရာရရှိစေခဲ့တဲ့ အဲဗာတန်ဂိုးသမား ပစ်ခ်ဖို့ဒ်ကို အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်သွားခဲ့ပြီး လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ အငြင်းပွားဖွယ်ရာကိစ္စရပ်ဖြစ်ပေမယ့် ဒါဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်မဟုတ်ခဲ့ဘဲ သူ့ရဲ့လက်စွမ်းကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

အသင္းရဲ႕ သမိုင္းဝင္ေအာင္ပြဲပုံရိပ္ေတြနဲ႕ အသင္းအေၾကာင္းကို ရိုက္ကူးထားတဲ့ မွတ္တမ္း႐ုပ္ရွင္ ‘The End of the Storm’ ကို လာမယ့္နိုဝင္ဘာလ ၃၀ ရက္ေန႕ကစတင္ၿပီး DVD, Blu-ray ပုံစံအမ်ိဳးမ်ိဳးနဲ႕ ျဖန့္ခ်ီသြားမွာျဖစ္တယ္လို႔ လီဗာပူးလ္အသင္း အတည္ျပဳခဲ့။

လာမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ မန္စီးတီးအသင္းကို ကြင္းမွာ ရင္ဆိုင္သြားရမယ့္ လီဗာပူးလ္အသင္းဟာ ဗဟိုခံစစ္လူ မာတစ္ပ္ နဲ႕ ကြင္းလယ္ကစားသမား သီယာဂို အယ္လ္ကန္တာရာတို႔ ျပန္လည္ပါဝင္ဖို႔ ေမွ်ာ္လင့္ေနၿပီး ဖာမီနိုလည္း ပြဲထြက္လာဖြယ္ရွိ။

ၿပီးခဲ့တဲ့ ႏြေရာသီအေျပာင္းအေ႐ႊ႕မွာ အသက္ ၂၃ ႏွစ္အ႐ြယ္ ဒီယိုဂို ဂ်ိဳတာဟာ လီဗာပူးလ္အသင္းရဲ႕ ဒုတိေျမာက္ ပစ္မွတ္ကစားသမားသာျဖစ္ခဲ့ၿပီး ဝက္ဖို႔ဒ္အသင္းရဲ႕ တိုက္စစ္ကစားသမား ဆားရ္ကို ေပါင္ ၄၅ မေပးေခ်လိဳတာေၾကာင့္ ဂ်ိဳတာကို ေခၚယူျဖစ္ခဲ့တာလို႔ သိရ။

လီဗာပူးလ္ၿမိဳ႕လုံးကြၽတ္ ကိုရိုနာေရာဂါပိုးစစ္ေဆးျခင္း အစီအစဥ္ကို ေနာက္တပတ္ကစလို႔ အန္ဖီးလ္ကြင္းမွာ လက္ခံျပဳလုပ္သြားမွာျဖစ္ေၾကာင္း အစိုးရကေၾကျငာခဲ့ၿပီး လီဗာပူးလ္နည္းျပ ကေလာ့ပ္က အသင္းပရိသတ္ေတြကို အတူပူးေပါင္းပါဝင္ေပးဖို႔ တိုက္တြန္းခဲ့။

လီဗာပူးလ္အသင္းက ဇန္နဝါရီမွာ ေခၚယူသြားဖို႔ ပစ္မွတ္ထား စီစဥ္ေနတဲ့ ေရွာ္လ္ေကးခံစစ္မႉး အိုဇန္ ကာဘတ္ကို ေလွ်ာ့ေစ်းနဲ႕ ရနိုင္ဖြယ္ရွိေနၿပီး ေရွာ္လ္ေကးအသင္းက ေပါင္ ၂၇ သန္းနဲ႕ ထုတ္ေရာင္းဖို႔ ရွိေနတာေၾကာင့္ အေျပာင္းအေ႐ႊ႕ျဖစ္လာဖြယ္ရွိ။

u

ဖာဘင္ညိုကို စာခ်ဳပ္သက္တမ္းသစ္ ခ်ဳပ္ဆိုဖို႔ ေဆြးႏြေးေနတဲ့ လီဗာပူးလ္အသင္းဟာ ၄ ႏွစ္ သို႔ ၅ ႏွစ္ အထိ သက္တမ္းတိုးသြားဖြယ္ရွိေနၿပီး သူဟာ ၿပီးခဲ့တဲ့ႏြေမွာ စပိန္ထိပ္သီးအသင္းတသင္းရဲ႕ ကမ္းလွမ္းမႈကို ျငင္းပယ္ၿပီး အန္ဖီးလ္ေျမမွာ ဆက္လက္ကစားဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရ။

ဗန္ဒိုက္ကို ၾကမ္းတမ္းစြာ ဖ်က္ထုတ္ၿပီး ဒူးဒဏ္ရာရရွိေစခဲ့တဲ့ အဲဗာတန္ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို အဂၤလန္အသင္းလူစာရင္းမွာ ေ႐ြးခ်ယ္သြားခဲ့ၿပီး လက္ေ႐ြးစင္နည္းျပ ေဆာက္ဂိတ္ဟာ အျငင္းပြားဖြယ္ရာကိစၥရပ္ျဖစ္ေပမယ့္ ဒါဟာ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္မဟုတ္ခဲ့ဘဲ သူ႕ရဲ႕လက္စြမ္းေၾကာင့္ ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္တယ္လို႔ ေျပာၾကားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z