Premier League

၆.၁၁.၂၀၂၀ – နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– မိုလ်ဒီနဲ့ အိမ်ကွင်းပွဲစဉ်မှာ လူစားဝင်ရောက်ကစားခဲ့ပြီး အသင်းဖော် နီကိုလာ ပေပေသွင်းယူဖို့ လှပတဲ့ Cut Back နဲ့ ဖန်တီးပေးနိုင်ခဲ့တဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာကို ပရိသတ်တွေ ချီးကျူးနေကြပြီး ဘယ်နားကစားကစား ကောင်းနေမှာပဲလို့ ဆိုနေကြ။

– တောင်ပံကစားသမား လိုအပ်ချက်ရှိနေဆဲဖြစ်တဲ့ အာဆင်နယ်အသင်းအနေနဲ့ အားဖြည့်မှုတွေ ပြုလုပ်ဖို့ အခွင့်အရေးရမယ်ဆိုရင် အသုံးချနိုင်ဖို့ မက္ကဆီကိုကလပ် ခရုဇ် အဇူးလ်က တောင်ပံကစားသမား အော်ဘယ်လင် ပင်နီဒါကို အီဒူး စောင့်ကြည့်နေ။

– အဆုံးသတ်တွေ ကောင်းမွန်ရင် ပရီးမီးယားလိဂ်မှာ ပွဲထွက်နိုင်ပြီလို့ ဂျိုးဝီလော့ခ်ကို ဒေးဗစ် လူးဝစ်ဇ်က ညွှန်ကြားသွားခဲ့ပြီး သူဖန်တီးပေးတဲ့ ဘောလုံးကို ဂိုးအောင် မကန်နိုင်လို့ ကြည့်မရကြောင်းလည်း အရွှန်းဖောက်ပြီး ပြောကြားသွား။

– မိုလ်ဒီကို အနိုင်ရခဲ့တဲ့ပွဲမှာ သူ့အတွက်တော့ အမှတ်ထင်ထင် ချီးကျူးစရာဖြစ်ခဲ့တဲ့ အာဆင်နယ်ကစားသမား သုံးဦးရှိခဲ့ပြီး သူတို့ကတော့ အကယ်ဒမီထွက်တွေဖြစ်ကြတဲ့ နကီးတီးယား၊ ဝီလော့ခ်နဲ့ ဆာကာတို့ဖြစ်ကြကြောင်း အိုဝင် ဟားဂရိဗ်စ်ပြောကြား။

– VAR ကို သုံးမယ်ဆိုရင် အုပ်စုအဆင့်မှာလည်း သုံးနိုင်ရမှာဖြစ်ပြီး ယူအီးအက်ဖ်အေအနေနဲ့ နည်းပညာကို တစ်ပြေးညီအသုံးပြုသင့်ကြောင်း မိုလ်ဒီနဲ့ပွဲစဉ်မှာ နကီးတီးယားရဲ့ဂိုးကို လူမကျွံတဲ့ဂိုး ပယ်ဖျယ်ခံရအပြီးမှာ အာတီတာ ပြောကြား။

– အာဆင်နယ်လူငယ်ကစားသမားတွေရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ နားလည်မှုရှိပုံကို နည်းပြ အာတီတာက ချီးကျူးသွားပြီး အသင်းရဲ့ အနာဂတ်အတွက် သူတို့တွေဟာ အရေးပါတဲ့ ကစားသမားတွေဖြစ်ကြောင်းဆို။

– ဆာလီဘာရဲ့ အသင်းမှာ ကစားခွင့်ကို အေးအေးဆေးဆေး မစောင့်ဆိုင်းဘဲ နားပူနားဆာတိုက်လာတဲ့ပုံစံကို အာဆင်နယ်တာဝန်ရှိသူတွေ စိတ်ပျက်နေပြီဖြစ်ပြီး ဇန်နဝါရီမှာ အငှားနဲ့ ထွက်ခွာခွင့်ပေးသွားဖို့ စီစဉ်နေ။

– နီကိုလာ ပေပေအနေနဲ့ တည်ငြိမ်တဲ့ ခြေစွမ်းရရှိဖို့ လုပ်ဆောင်ရဦးမယ်လို့ အာတီတာက ပြောကြားလိုက်ပြီး နောက်ဆုံး ယူရိုပါလိဂ် ၂ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် သူ့ရဲ့ ကစားပုံနဲ့ တိုက်စစ်ပုံဖော်မှုက တိုးတက်လာဖို့ အများကြီးလိုအပ်သေးလို့ ကြိုးစားဖို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မိုလ္ဒီနဲ႔ အိမ္ကြင္းပြဲစဥ္မွာ လူစားဝင္ေရာက္ကစားခဲ့ၿပီး အသင္းေဖာ္ နီကိုလာ ေပေပသြင္းယူဖို႔ လွပတဲ့ Cut Back နဲ႔ ဖန္တီးေပးႏိုင္ခဲ့တဲ့ လူငယ္ေတာင္ပံကစားသမား ဘူကာယို ဆာကာကို ပရိသတ္ေတြ ခ်ီးက်ဴးေနၾကၿပီး ဘယ္နားကစားကစား ေကာင္းေနမွာပဲလို႔ ဆုိေနၾက။

– ေတာင္ပံကစားသမား လိုအပ္ခ်က္ရွိေနဆဲျဖစ္တဲ့ အာဆင္နယ္အသင္းအေနနဲ႔ အားျဖည့္မွဳေတြ ျပဳလုပ္ဖို႔ အခြင့္အေရးရမယ္ဆုိရင္ အသုံးခ်ႏုိင္ဖို႔ မကၠဆီကိုကလပ္ ခ႐ုဇ္ အဇူးလ္က ေတာင္ပံကစားသမား ေအာ္ဘယ္လင္ ပင္နီဒါကို အီဒူး ေစာင့္ၾကည့္ေန။

– အဆုံးသတ္ေတြ ေကာင္းမြန္ရင္ ပရီးမီးယားလိဂ္မွာ ပြဲထြက္ႏုိင္ၿပီလို႔ ဂ်ဳိးဝီေလာ့ခ္ကို ေဒးဗစ္ လူးဝစ္ဇ္က ညႊန္ၾကားသြားခဲ့ၿပီး သူဖန္တီးေပးတဲ့ ေဘာလုံးကို ဂိုးေအာင္ မကန္ႏုိင္လို႔ ၾကည့္မရေၾကာင္းလည္း အရႊန္းေဖာက္ၿပီး ေျပာၾကားသြား။

– မိုလ္ဒီကို အႏုိင္ရခဲ့တဲ့ပြဲမွာ သူ႕အတြက္ေတာ့ အမွတ္ထင္ထင္ ခ်ီးက်ဴးစရာျဖစ္ခဲ့တဲ့ အာဆင္နယ္ကစားသမား သုံးဦးရွိခဲ့ၿပီး သူတုိ႔ကေတာ့ အကယ္ဒမီထြက္ေတြျဖစ္ၾကတဲ့ နကီးတီးယား၊ ဝီေလာ့ခ္နဲ႔ ဆာကာတုိ႔ျဖစ္ၾကေၾကာင္း အုိဝင္ ဟားဂရိဗ္စ္ေျပာၾကား။

– VAR ကို သုံးမယ္ဆုိရင္ အုပ္စုအဆင့္မွာလည္း သုံးႏုိင္ရမွာျဖစ္ၿပီး ယူအီးအက္ဖ္ေအအေနနဲ႔ နည္းပညာကို တစ္ေျပးညီအသုံးျပဳသင့္ေၾကာင္း မိုလ္ဒီနဲ႔ပြဲစဥ္မွာ နကီးတီးယားရဲ႕ဂိုးကို လူမကၽြံတဲ့ဂိုး ပယ္ဖ်ယ္ခံရအၿပီးမွာ အာတီတာ ေျပာၾကား။

– အာဆင္နယ္လူငယ္ကစားသမားေတြရဲ႕ ပူးေပါင္းေဆာင္ရြက္ႏုိင္မွဳနဲ႔ နားလည္မွဳရွိပုံကို နည္းျပ အာတီတာက ခ်ီးက်ဴးသြားၿပီး အသင္းရဲ႕ အနာဂတ္အတြက္ သူတုိ႔ေတြဟာ အေရးပါတဲ့ ကစားသမားေတြျဖစ္ေၾကာင္းဆုိ။

– ဆာလီဘာရဲ႕ အသင္းမွာ ကစားခြင့္ကို ေအးေအးေဆးေဆး မေစာင့္ဆုိင္းဘဲ နားပူနားဆာတုိက္လာတဲ့ပုံစံကို အာဆင္နယ္တာဝန္ရွိသူေတြ စိတ္ပ်က္ေနၿပီျဖစ္ၿပီး ဇန္နဝါရီမွာ အငွားနဲ႔ ထြက္ခြာခြင့္ေပးသြားဖို႔ စီစဥ္ေန။

– နီကိုလာ ေပေပအေနနဲ႔ တည္ၿငိမ္တဲ့ ေျခစြမ္းရရွိဖို႔ လုပ္ေဆာင္ရဦးမယ္လို႔ အာတီတာက ေျပာၾကားလုိက္ၿပီး ေနာက္ဆုံး ယူ႐ုိပါလိဂ္ ၂ ပြဲဆက္တုိက္ ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ သူ႕ရဲ႕ ကစားပုံနဲ႔ တုိက္စစ္ပုံေဖာ္မွဳက တုိးတက္လာဖို႔ အမ်ားႀကီးလိုအပ္ေသးလို႔ ႀကဳိးစားဖို႔ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.