Premier League

၆.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးနဲ့ ရင်းနေးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် အနိုင်သေချာစေမယ့် ဒုတိယပင်နယ်တီဂိုးကို ခွင့်ပြုပေးခဲ့တဲ့ ဒိုင်လူကြီးက ပွဲကိုဖျက်ဆီးခဲ့ပြီး အနီကဒ်ပါပြသခဲ့ခြင်းဟာ အံ့အားသင့်စရာဖြစ်ကြောင်း ရီယိုဖာဒီနန် ဝေဖန်။

တီမို ဗာနာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ပင်တိုင် ပင်နယ်တီကန်သွင်းရမယ့် တာဝန်ကြီးကို ယုံယုံကြည်ကြည်နဲ့ ပေးအပ်ခြင်းခံခဲ့ရတာကြောင့် ဒါဟာ သူ့အနာဂတ်အတွက် ကောင်းမွန်တဲ့ အလားအလာကို ပိုင်ဆိုင်သွားတော့မှာဖြစ်တယ်လို့ ဂယ်ရီလိုင်နီကာက သုံးသပ်ခဲ့။

အသင်းကစားသမားဟောင်း ဂျိုကိုးလ်က ရင်းနေးနဲ့ပွဲမှာ ချယ်လ်ဆီးအသင်း ဒိုင်ရဲ့ ဖေးမမှုကို ရရှိခဲ့ကြောင်း ပြောကြားသွားခဲ့သလို ဗာနာကို ပင်တိုင် ပင်နယ်တီကန်သွင်းခွင့်ပေးခဲ့တာဟာ နည်းပြလမ်းပတ်ရဲ့ ပြောင်မြောက်တဲ့လုပ်ရပ်ဖြစ်ပြီး ဂိုးဆာလောင်နေတဲ့ တိုက်စစ်မှူးတယောက်အတွက် ဂိုးပိုရလေ ယုံကြည်မှု ပိုအားကောင်းလာစေလေ ဖြစ်ကြောင်း သုံးသပ်သွားခဲ့။

ဒီရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ဟာ လီဗာပူးလ် ညာနောက်ခံလူဖြစ်တဲ့ အာနိုးလ်ထက် ပိုစွမ်းဆောင်ထားပြီး လက်ရှိကစားပုံအရ ရီးစ်ဂျိမ်းစ်က ပိုကောင်းတဲ့ ကစားသမားဖြစ်ကြောင်း Talk Sport ဘောလုံးဝေဖန်သုံးသပ်သူ အက်ဒရီယန် ဒါဟမ်က ပြောသွားခဲ့။

ပြင်သစ်လိဂ်မှာ ရင်းနေးအသင်းနဲ့ အကြိမ်များစွာရင်ဆိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံကြောင့် ရင်းနေးကို လျှော့တွက်ပြီး မကစားဖို့နဲ့ ဘောလုံးကိုင်ကစားတာ သိပ်ကောင်းတဲ့အသင်းဖြစ်ကြောင်း ချယ်လ်ဆီး ဗဟိုခံစစ်မှူး သီယာဂို ဆေးလ်ဗားက အသင်းဖော်တွေကို အဝတ်လဲခန်းထဲမှာ နှိုးဆော်ပေးခဲ့ကြောင်း သိရ။

အောက်တိုဘာလအတွက် ချယ်လ်ဆီးအသင်းရဲ့ တလတာအကောင်းဆုံးကစားသမားဆုကို သီယာဂို ဆေးလ်ဗား၊ ဟာကင်းမ် ဇီးယက်ရှ်၊ နဲ့ တီမို ဗာနာတို့ကို ကျော်ဖြတ်ပြီး ဂိုးသမား မန်ဒီက ရရှိသွားခဲ့ကြောင်းသိရ။

မန်ချက်စတာယူနိုက်တက်ကို ပိုချက်တီနိုသာ ရောက်ရှိလာခဲ့ပါက ရှင်းထုတ်သွားမယ့် ကစားသမားတွေရှိနေပြီး ဒီကစားသမားတွေထဲက ဟွမ်မာတာ၊ မာတစ်ချ်တို့နဲ့အတူ ဂိုးသမား ရိုမဲရိုးကိုပါ ချယ်လ်ဆီးအသင်းက ခေါ်ယူသွားဖွယ်ရှိနေကာ မျက်စိကျနေကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI :

ခ်ယ္လ္ဆီးနဲ႔ ရင္းေနးအသင္းတို႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ခ်ယ္လ္ဆီးအတြက္ အႏိုင္ေသခ်ာေစမယ့္ ဒုတိယပင္နယ္တီဂိုးကို ခြင့္ျပဳေပးခဲ့တဲ့ ဒိုင္လူႀကီးက ပြဲကိုဖ်က္ဆီးခဲ့ၿပီး အနီကဒ္ပါျပသခဲ့ျခင္းဟာ အံ့အားသင့္စရာျဖစ္ေၾကာင္း ရီယိုဖာဒီနန္ ေဝဖန္။

တီမို ဗာနာဟာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ပင္တိုင္ ပင္နယ္တီကန္သြင္းရမယ့္ တာဝန္ႀကီးကို ယုံယုံၾကည္ၾကည္နဲ႔ ေပးအပ္ျခင္းခံခဲ့ရတာေၾကာင့္ ဒါဟာ သူ႔အနာဂတ္အတြက္ ေကာင္းမြန္တဲ့ အလားအလာကို ပိုင္ဆိုင္သြားေတာ့မွာျဖစ္တယ္လို႔ ဂယ္ရီလိုင္နီကာက သုံးသပ္ခဲ့။

အသင္းကစားသမားေဟာင္း ဂ်ိဳကိုးလ္က ရင္းေနးနဲ႔ပြဲမွာ ခ်ယ္လ္ဆီးအသင္း ဒိုင္ရဲ႕ ေဖးမမႈကို ရရွိခဲ့ေၾကာင္း ေျပာၾကားသြားခဲ့သလို ဗာနာကို ပင္တိုင္ ပင္နယ္တီကန္သြင္းခြင့္ေပးခဲ့တာဟာ နည္းျပလမ္းပတ္ရဲ႕ ေျပာင္ေျမာက္တဲ့လုပ္ရပ္ျဖစ္ၿပီး ဂိုးဆာေလာင္ေနတဲ့ တိုက္စစ္မႉးတေယာက္အတြက္ ဂိုးပိုရေလ ယုံၾကည္မႈ ပိုအားေကာင္းလာေစေလ ျဖစ္ေၾကာင္း သုံးသပ္သြားခဲ့။

ဒီရာသီမွာ ခ်ယ္လ္ဆီးအသင္းရဲ႕ ညာေနာက္ခံလူ ရီးစ္ဂ်ိမ္းစ္ဟာ လီဗာပူးလ္ ညာေနာက္ခံလူျဖစ္တဲ့ အာႏိုးလ္ထက္ ပိုစြမ္းေဆာင္ထားၿပီး လက္ရွိကစားပုံအရ ရီးစ္ဂ်ိမ္းစ္က ပိုေကာင္းတဲ့ ကစားသမားျဖစ္ေၾကာင္း Talk Sport ေဘာလုံးေဝဖန္သုံးသပ္သူ အက္ဒရီယန္ ဒါဟမ္က ေျပာသြားခဲ့။

ျပင္သစ္လိဂ္မွာ ရင္းေနးအသင္းနဲ႔ အႀကိမ္မ်ားစြာရင္ဆိုင္ခဲ့ဖူးတဲ့ အေတြ႕အႀကဳံေၾကာင့္ ရင္းေနးကို ေလွ်ာ့တြက္ၿပီး မကစားဖို႔နဲ႔ ေဘာလုံးကိုင္ကစားတာ သိပ္ေကာင္းတဲ့အသင္းျဖစ္ေၾကာင္း ခ်ယ္လ္ဆီး ဗဟိုခံစစ္မႉး သီယာဂို ေဆးလ္ဗားက အသင္းေဖာ္ေတြကို အဝတ္လဲခန္းထဲမွာ ႏႈိးေဆာ္ေပးခဲ့ေၾကာင္း သိရ။

ေအာက္တိုဘာလအတြက္ ခ်ယ္လ္ဆီးအသင္းရဲ႕ တလတာအေကာင္းဆုံးကစားသမားဆုကို သီယာဂို ေဆးလ္ဗား၊ ဟာကင္းမ္ ဇီးယက္ရွ္၊ နဲ႔ တီမို ဗာနာတို႔ကို ေက်ာ္ျဖတ္ၿပီး ဂိုးသမား မန္ဒီက ရရွိသြားခဲ့ေၾကာင္းသိရ။

မန္ခ်က္စတာယူႏိုက္တက္ကို ပိုခ်က္တီႏိုသာ ေရာက္ရွိလာခဲ့ပါက ရွင္းထုတ္သြားမယ့္ ကစားသမားေတြရွိေနၿပီး ဒီကစားသမားေတြထဲက ဟြမ္မာတာ၊ မာတစ္ခ်္တို႔နဲ႔အတူ ဂိုးသမား ႐ိုမဲ႐ိုးကိုပါ ခ်ယ္လ္ဆီးအသင္းက ေခၚယူသြားဖြယ္ရွိေနကာ မ်က္စိက်ေနေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.