Premier League Transfer News

၆.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ပိုင်ရှင် ဂလေဇာမိသားစုရဲ့ ပေါ်လစီဖြစ်တဲ့ ချန်ပီယံလိဂ်ကို သင်္ချာနည်းအရ မဝင်နိုင်တော့ဘူးဆိုတာ သေချာမှ နည်းပြတစ်ဦးကို ထုတ်ပယ်တဲ့ အစဉ်အလာကို အက်ဒ် ဝုဒ်ဝဒ်အနေနဲ့ ချိုးဖျက်သွားဖွယ်ရှိနေပြီး ဆိုးလ်ရှားကို ထုတ်ပယ်ဖို့အတွက် ပိုချက်တီနိုနဲ့ စတင်ဆွေးနွေးနေပြီလို့ သတင်းထွက်ပေါ်လာ။

– ဟာရီ မက်ဂွိုင်းယားဟာ လက်စတာစီတီးအသင်းရဲ့ မန်ချက်စတာယူနိုက်တက်အသင်းအခေါ် ပေါင်သန်း ၈၀ တန် ဓားပြတိုက်မှု ဖြစ်တယ်လို့ ပရိသတ်တွေက ဆိုနေကြပြီး အစ္စတန်ဘူလ် ဘာရှက်ရှီဟာနဲ့ပွဲက အသင်းခေါင်းဆောင်ရဲ့ ဆိုးရွားတဲ့ ခြေစွမ်းကို ရှုတ်ချမှုတွေ များနေ။

– လက်ရှိအခြေအနေနဲ့ အသင်းရဲ့ ရည်မှန်းချက်အရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပိုချက်တီနိုကို အလိုရှိနေမှုကို အပြစ်တင်လို့ မရဘဲ ဆိုးလ်ရှားအနေနဲ့လည်း ဆိုးရွားနေတဲ့ လက်ရှိပုံစံအတွက် တာဝန်ယူရနိုင်ကြောင်း တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ပြောကြား။

– အင်္ဂလန်အသင်းမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်လူ ဖီးလ် ဖိုဒန် ပြန်လည်ရွေးချယ်ခံခဲ့ရပေမယ့် အိုက်စလန်ကိစ္စမှာ အမှုတွဲဖြစ်ခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကတော့ ဒီလအတွက် ကစားမယ့် လက်ရွေးစင်အသင်းကနေ လွဲချော်ခဲ့။

– နွေရာသီမှာ ရောင်းချတော့မယ်လို့ သတင်းပြေးနေတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အိုးလ်ထရက်ဖို့ဒ်မှာ ၂၀၂၂ အထိ စာချုပ်ရှိနေတဲ့ ကွင်းလယ်လူအတွက် ယူရိုသန်း ၆၀ (ပေါင် ၅၃ သန်း)နဲ့ ရရှိနိုင်ဖို့ ဈေးဆစ်နေ။

– ပြီးခဲ့တဲ့ အစ္စတန်ဘူလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းကို ဒုတိယပိုင်းမှာ ပြန်လာနိုင်ဖို့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ဒေါသထွက်တဲ့ ပုံစံနဲ့ အော်ဟစ်မောင်းနှင်ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် အဲဗာတန်နဲ့ပွဲကိုတော့ အနိုင်ကစားပေးဖို့ အသင်းဖော်တွေကို တိုက်တွန်းထား။

– လာမယ့်နွေရာသီမှာ ပေါ့ဘာကို ရောင်းထုတ်ပြီးရင် ကွင်းလယ်လူ ဟာကန် ချယ်လ်ဟာနိုးလူးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်အစားထိုးမယ့် အစီအစဉ်ကတော့ ပျက်ပြယ်ဖို့ များနေပြီး တူရကီကွင်းလယ်လူအတွက် အေစီမီလန်အသင်းဘက်က လစာတိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ပုိင္ရွင္ ဂေလဇာမိသားစုရဲ႕ ေပၚလစီျဖစ္တဲ့ ခ်န္ပီယံလိဂ္ကို သခ်ၤာနည္းအရ မဝင္ႏုိင္ေတာ့ဘူးဆုိတာ ေသခ်ာမွ နည္းျပတစ္ဦးကို ထုတ္ပယ္တဲ့ အစဥ္အလာကို အက္ဒ္ ဝုဒ္ဝဒ္အေနနဲ႔ ခ်ဳိးဖ်က္သြားဖြယ္ရွိေနၿပီး ဆုိးလ္ရွားကို ထုတ္ပယ္ဖို႔အတြက္ ပုိခ်က္တီႏိုနဲ႔ စတင္ေဆြးေႏြးေနၿပီလို႔ သတင္းထြက္ေပၚလာ။

– ဟာရီ မက္ဂြဳိင္းယားဟာ လက္စတာစီတီးအသင္းရဲ႕ မန္ခ်က္စတာယူႏိုက္တက္အသင္းအေခၚ ေပါင္သန္း ၈၀ တန္ ဓားျပတုိက္မွဳ ျဖစ္တယ္လုိ႔ ပရိသတ္ေတြက ဆုိေနၾကၿပီး အစၥတန္ဘူလ္ ဘာရွက္ရွီဟာနဲ႔ပြဲက အသင္းေခါင္းေဆာင္ရဲ႕ ဆုိးရြားတဲ့ ေျခစြမ္းကို ရွဳတ္ခ်မွဳေတြ မ်ားေန။

– လက္ရွိအေျခအေနနဲ႔ အသင္းရဲ႕ ရည္မွန္းခ်က္အရ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ပုိခ်က္တီႏုိကို အလိုရွိေနမွဳကို အျပစ္တင္လို႔ မရဘဲ ဆုိးလ္ရွားအေနနဲ႔လည္း ဆုိးရြားေနတဲ့ လက္ရွိပုံစံအတြက္ တာဝန္ယူရႏုိင္ေၾကာင္း တုိက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္ေျပာၾကား။

– အဂၤလန္အသင္းမွာ ၿမဳိ႕ခံၿပဳိင္ဘက္ မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းလယ္လူ ဖီးလ္ ဖိုဒန္ ျပန္လည္ေရြးခ်ယ္ခံခဲ့ရေပမယ့္ အုိက္စလန္ကိစၥမွာ အမွဳတြဲျဖစ္ခဲ့တဲ့ ယူႏုိက္တက္တိုက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္ကေတာ့ ဒီလအတြက္ ကစားမယ့္ လက္ေရြးစင္အသင္းကေန လြဲေခ်ာ္ခဲ့။

– ေႏြရာသီမွာ ေရာင္းခ်ေတာ့မယ္လို႔ သတင္းေျပးေနတဲ့ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို ရီးရဲလ္မက္ဒရစ္အသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ၂၀၂၂ အထိ စာခ်ဳပ္ရွိေနတဲ့ ကြင္းလယ္လူအတြက္ ယူ႐ိုသန္း ၆၀ (ေပါင္ ၅၃ သန္း)နဲ႔ ရရွိႏုိင္ဖို႔ ေဈးဆစ္ေန။

– ၿပီးခဲ့တဲ့ အစၥတန္ဘူလ္နဲ႔ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အသင္းကို ဒုတိယပိုင္းမွာ ျပန္လာႏုိင္ဖို႔ ကြင္းလယ္လူ ဘ႐ူႏုိ ဖာနန္ဒက္စ္က ေဒါသထြက္တဲ့ ပုံစံနဲ႔ ေအာ္ဟစ္ေမာင္းႏွင္ခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့တာေၾကာင့္ အဲဗာတန္နဲ႔ပြဲကိုေတာ့ အႏုိင္ကစားေပးဖို႔ အသင္းေဖာ္ေတြကို တုိက္တြန္းထား။

– လာမယ့္ေႏြရာသီမွာ ေပါ့ဘာကို ေရာင္းထုတ္ၿပီးရင္ ကြင္းလယ္လူ ဟာကန္ ခ်ယ္လ္ဟာႏိုးလူးကုိ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ျပန္လည္အစားထိုးမယ့္ အစီအစဥ္ကေတာ့ ပ်က္ျပယ္ဖို႔ မ်ားေနၿပီး တူရကီကြင္းလယ္လူအတြက္ ေအစီမီလန္အသင္းဘက္က လစာတုိးျမႇင့္ေပးၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆုိႏုိင္ဖို႔ ႀကဳိးစားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.