Match Report Premier League UCL&UEL

အိမ်ကွင်းမှာ သုံးမှတ်အပြည့်ရယူပြီး အုပ်စုကို ဆက်လက်ဦးဆောင်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဒီနေ့ပွဲမှာတော့ ကွင်းလယ်အထိုင်မှာ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြခဲ့တဲ့ ချာကာနဲ့ စီဘာယော့စ်တို့ကို ထည့်သွင်းလာခဲ့ပြီး ခံစစ်မှာတော့ ဒေးဗစ် လူးဝစ်ဇ်နဲ့ မူစတာဖီတို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ ဝီလီယန်၊ နကီးတီးယားနဲ့ ပေပေတို့ ပွဲထွက်လာခဲ့ကြပါတယ်။

ဘောလုံးပိုင်ဆိုင်မှု အများစုကို ရယူပြီး အာဆင်နယ်တို့ အိမ်ကွင်းမှာ ဖိကစားခဲ့ပေမယ် မိုလ်ဒီရဲ့ နောက်တန်းကို မကျော်နိုင်ခဲ့ဘဲ ကစားသမားတွေရဲ့ နားလည်မှုနဲ့ လုပ်တတ်ကိုင်တတ်မှု နည်းနေတာက ဂိုးသွင်းခွင့်တွေကို မဖန်တီးနိုင်ခဲ့ဘဲ ပေပေကလည်း တစ်ဦးချင်းကိုတောင် ဖြတ်ကျော်နိုင်စွမ်းမရှိသလို ဖြတ်တင်ဘောတွေကလည်း လိုရာကို လုံးဝမရောက်ခဲ့တဲ့အတွက် တိုက်စစ်က အဆင်မပြေခဲ့တာပါ။

ပွဲချိန် ၂၂ မိနစ်မှာတော့ တစ်သင်းလုံးရဲ့ ဘောလုံးကောင်းကောင်း မထိလိုက်တဲ့ နေရာယူပုံ၊ ဆုံးဖြတ်ချက်တွေ အမှားကနေ မိုလ်ဒီကွင်းလယ်လူ မာတင် အယ်လင်းဆန်က လီနိုရဲ့ ညာဘက်ထောင့်ထဲကို ဝေ့ဝိုက်ကန်သွင်းပြီး အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒီဂိုးမှာ လီနိုရဲ့ ကန်တင်တဲ့ ဆုံးဖြတ်ချက်နဲ့ နေရာယူပုံက အစနဲ့ အဆုံးမှာ မှားယွင်းနေခဲ့သလို နကီးတီးယား၊ ဝီလီယန်နဲ့ စီဘာယော့စ်တို့ ဘောလုံးကို မယူနိုင်လိုက်တာကလည်း အားနည်းခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ညာခြမ်းမှာ Inverted Winger အဖြစ် လုံးဝအလုပ်မဖြစ်ခဲ့တဲ့ ပေပေကို ဘယ်ခြမ်းပို့ခဲ့ပြီး ဝီလီယန်က ညာခြမ်းမှာ နေရာယူခဲ့တာမှာ တိုက်စစ်က ပြန်တက်လာခဲ့ပြီး ဝီလော့ခ်ရဲ့ တိုးအားကိုတော့ မိုလ်ဒီဘက်က မနည်းထိန်းချုပ်ခဲ့ရသလို တူရကီဒိုင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တချို့ကတော့ အာဆင်နယ်တို့ကို နစ်နာစေခဲ့ပြီး ပွဲချိန် ၄၃ မိနစ်က အာဆင်နယ်ရဲ့ ချေပဂိုးကလည်း သေချာမမြင်ဘဲ ပယ်ဖျက်ခံခဲ့ရပါတယ်။

နာကျင်အချိန်ပိုမှာတော့ လီနို ပုတ်ထုတ်ကာကွယ်ထားခဲ့တဲ့ ထောင့်ကန်ဘောကနေ အာဆင်နယ်တို့ ဘောလုံးပြန်ရသွားခဲ့ပြီး ချာကာ၊ နကီးတီးယားတို့ အတွဲအဖက်နဲ့ ထိုးဖောက်ပြီး ဝီလော့ခ်ဆီ ပြန်ချိုးပေးတာကို ဖျက်ထုတ်ဖို့ ကြိုးစားတဲ့ နောက်ခံလူ ခရစ္စတိုဖာ ဟိုဂင်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် ချေပဂိုးပြန်ရခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းစတင်ချိန်မှာတော့ အာဆင်နယ်တို့ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားခဲ့ပြီး မိုလ်ဒီကတော့ ပိတ်ဆို့ကစားနေတာဖြစ်လို့ ထိုးဖောက်ဖို့ ခက်ခဲ့ပြီး အနီးကပ် အပိုင်အခွင့်အရေးတစ်လုံးကို ကိုလာစီနက်ချ် ဘားပေါ် ကျော်ကန်ခဲ့သလို ပေပေရဲ့ ထိုးဖောက်မှုတွေကလည်း အချည်းနှီးပဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၂ မိနစ်မှာတော့ အာဆင်နယ်တို့ ဦးဆောင်ဂိုး ပြန်ရခဲ့ပြီး ချာကာနဲ့ ဝမ်းတူးရိုက်ထွက်လာခဲ့တဲ့ ဝီလော့ခ်က အနီးကပ်ချိုးပေးရာမှာ မိုလ်ဒီနောက်ခံလူ ရှာရစ်ဖ် ဆင်ယန်က ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ပြန်လို့ အိမ်ရှင်တွေက နှစ်ဂိုး-တစ်ဂိုးနဲ့ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ပွဲချိန် ၆၉ မိနစ်မှာတော့ မိုလ်ဒီတို့ တိုက်စစ်ဆင်ရာက ပြန်ထွက်လာခဲ့တာကို အာဆင်နယ်ဘက်က ဝီလော့ခ်၊ နကီးတီးယားနဲ့ ဆာကာတို့ ပူးပေါင်းထိုးဖောက်ပြီး နောက်ပြန်ချိုးပေးရာက ရရှိတဲ့ ဘောလုံးကို ပေပေက ဘယ်ခြေနဲ့ လွတ်လွတ်ကျွတ်ကျွတ် စိတ်ကြိုက်ကန်သွင်းပြီး အသင်းအတွက် တတိယဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၈ မိနစ်မှာတော့ အယ်လ်နန်နီ ဖြတ်ယူပြီး ပြန်ပေးတဲ့ ဘောလုံးကို ဂိုးဧရိယာထဲကို ပေပေက ခင်းပေးခဲ့ရာမှာ ဂိုးရသင့်နေတာကြာပြီဖြစ်တဲ့ ဝီလော့ခ်က နောက်ခံလူကို ကျော်ဖြတ်ပြီး ကန်သွင်းယူခဲ့ရာမှာ ဂိုးသမားရဲ့ အပေါ်ဘက်ကို ဝင်သွားခဲ့ပြီး အာဆင်နယ်တို့ စတုတ္ထမြောက်ဂိုးကို ရရှိခဲ့ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့လို့ အာဆင်နယ်အသင်းအနေနဲ့ သုံးပွဲကစား ကိုးမှတ်နဲ့ အုပ်စုကို ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး အထနှေးခဲ့ပေမယ့် နောက်က လိုက်လံဖိအားပေးနိုင်ခဲ့တဲ့ တိုက်စစ်အင်အားကြောင့် အိမ်ကွင်းမှာ လေးဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းဟာ ဒီေန႔ပြဲမွာေတာ့ ကြင္းလယ္အထိုင္မွာ ၿပီးခဲ့တဲ့ ရာသီက ေျခစြမ္းျပခဲ့တဲ့ ခ်ာကာနဲ႔ စီဘာေယာ့စ္တုိ႔ကို ထည့္သြင္းလာခဲ့ၿပီး ခံစစ္မွာေတာ့ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ မူစတာဖီတုိ႔ကို ကစားေစခဲ့သလို တုိက္စစ္မွာေတာ့ ဝီလီယန္၊ နကီးတီးယားနဲ႔ ေပေပတုိ႔ ပြဲထြက္လာခဲ့ၾကပါတယ္။

ေဘာလုံးပုိင္ဆုိင္မွဳ အမ်ားစုကို ရယူၿပီး အာဆင္နယ္တုိ႔ အိမ္ကြင္းမွာ ဖိကစားခဲ့ေပမယ္ မိုလ္ဒီရဲ႕ ေနာက္တန္းကို မေက်ာ္ႏုိင္ခဲ့ဘဲ ကစားသမားေတြရဲ႕ နားလည္မွဳနဲ႔ လုပ္တတ္ကိုင္တတ္မွဳ နည္းေနတာက ဂိုးသြင္းခြင့္ေတြကို မဖန္တီးႏုိင္ခဲ့ဘဲ ေပေပကလည္း တစ္ဦးခ်င္းကိုေတာင္ ျဖတ္ေက်ာ္ႏုိင္စြမ္းမရွိသလို ျဖတ္တင္ေဘာေတြကလည္း လိုရာကို လုံးဝမေရာက္ခဲ့တဲ့အတြက္ တုိက္စစ္က အဆင္မေျပခဲ့တာပါ။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ တစ္သင္းလုံးရဲ႕ ေဘာလုံးေကာင္းေကာင္း မထိလိုက္တဲ့ ေနရာယူပုံ၊ ဆုံးျဖတ္ခ်က္ေတြ အမွားကေန မိုလ္ဒီကြင္းလယ္လူ မာတင္ အယ္လင္းဆန္က လီႏိုရဲ႕ ညာဘက္ေထာင့္ထဲကို ေဝ့ဝိုက္ကန္သြင္းၿပီး အဖြင့္ဂိုး ရယူႏုိင္ခဲ့ပါတယ္။ ဒီဂိုးမွာ လီႏိုရဲ႕ ကန္တင္တဲ့ ဆုံးျဖတ္ခ်က္နဲ႔ ေနရာယူပုံက အစနဲ႔ အဆုံးမွာ မွားယြင္းေနခဲ့သလို နကီးတီးယား၊ ဝီလီယန္နဲ႔ စီဘာေယာ့စ္တုိ႔ ေဘာလုံးကို မယူႏုိင္လိုက္တာကလည္း အားနည္းခဲ့ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ညာျခမ္းမွာ Inverted Winger အျဖစ္ လုံးဝအလုပ္မျဖစ္ခဲ့တဲ့ ေပေပကို ဘယ္ျခမ္းပုိ႔ခဲ့ၿပီး ဝီလီယန္က ညာျခမ္းမွာ ေနရာယူခဲ့တာမွာ တုိက္စစ္က ျပန္တက္လာခဲ့ၿပီး ဝီေလာ့ခ္ရဲ႕ တုိးအားကိုေတာ့ မိုလ္ဒီဘက္က မနည္းထိန္းခ်ဳပ္ခဲ့ရသလို တူရကီဒိုင္အဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္တခ်ဳိ႕ကေတာ့ အာဆင္နယ္တို႔ကို နစ္နာေစခဲ့ၿပီး ပြဲခ်ိန္ ၄၃ မိနစ္က အာဆင္နယ္ရဲ႕ ေခ်ပဂိုးကလည္း ေသခ်ာမျမင္ဘဲ ပယ္ဖ်က္ခံခဲ့ရပါတယ္။

နာက်င္အခ်ိန္ပုိမွာေတာ့ လီႏို ပုတ္ထုတ္ကာကြယ္ထားခဲ့တဲ့ ေထာင့္ကန္ေဘာကေန အာဆင္နယ္တုိ႔ ေဘာလုံးျပန္ရသြားခဲ့ၿပီး ခ်ာကာ၊ နကီးတီးယားတုိ႔ အတြဲအဖက္နဲ႔ ထိုးေဖာက္ၿပီး ဝီေလာ့ခ္ဆီ ျပန္ခ်ဳိးေပးတာကို ဖ်က္ထုတ္ဖုိ႔ ႀကဳိးစားတဲ့ ေနာက္ခံလူ ခရစၥတိုဖာ ဟိုဂင္က ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ ေခ်ပဂိုးျပန္ရခဲ့ၿပီး ပထမပုိင္းမွာ တစ္ဂိုးစီသေရက်ေနခဲ့ပါတယ္။

ဒုတိယပုိင္းစတင္ခ်ိန္မွာေတာ့ အာဆင္နယ္တုိ႔ ေဘာလုံးပုိင္ဆုိင္မွဳ အသာစီးနဲ႔ ကစားခဲ့ၿပီး မိုလ္ဒီကေတာ့ ပိတ္ဆို႔ကစားေနတာျဖစ္လို႔ ထိုးေဖာက္ဖို႔ ခက္ခဲ့ၿပီး အနီးကပ္ အပုိင္အခြင့္အေရးတစ္လုံးကို ကိုလာစီနက္ခ်္ ဘားေပၚ ေက်ာ္ကန္ခဲ့သလို ေပေပရဲ႕ ထိုးေဖာက္မွဳေတြကလည္း အခ်ည္းႏွီးပဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ အာဆင္နယ္တုိ႔ ဦးေဆာင္ဂိုး ျပန္ရခဲ့ၿပီး ခ်ာကာနဲ႔ ဝမ္းတူး႐ိုက္ထြက္လာခဲ့တဲ့ ဝီေလာ့ခ္က အနီးကပ္ခ်ဳိးေပးရာမွာ မိုလ္ဒီေနာက္ခံလူ ရွာရစ္ဖ္ ဆင္ယန္က ကိုယ့္ဂိုးကိုယ္ သြင္းယူခဲ့ျပန္လို႔ အိမ္ရွင္ေတြက ႏွစ္ဂိုး-တစ္ဂိုးနဲ႔ စတင္ဦးေဆာင္ႏုိင္ခဲ့တာပါ။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ မိုလ္ဒီတုိ႔ တုိက္စစ္ဆင္ရာက ျပန္ထြက္လာခဲ့တာကို အာဆင္နယ္ဘက္က ဝီေလာ့ခ္၊ နကီးတီးယားနဲ႔ ဆာကာတို႔ ပူးေပါင္းထိုးေဖာက္ၿပီး ေနာက္ျပန္ခ်ဳိးေပးရာက ရရွိတဲ့ ေဘာလုံးကို ေပေပက ဘယ္ေျခနဲ႔ လြတ္လြတ္ကၽြတ္ကၽြတ္ စိတ္ႀကဳိက္ကန္သြင္းၿပီး အသင္းအတြက္ တတိယဂိုးကို သြင္းယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ အယ္လ္နန္နီ ျဖတ္ယူၿပီး ျပန္ေပးတဲ့ ေဘာလုံးကို ဂိုးဧရိယာထဲကို ေပေပက ခင္းေပးခဲ့ရာမွာ ဂိုးရသင့္ေနတာၾကာၿပီျဖစ္တဲ့ ဝီေလာ့ခ္က ေနာက္ခံလူကို ေက်ာ္ျဖတ္ၿပီး ကန္သြင္းယူခဲ့ရာမွာ ဂိုးသမားရဲ႕ အေပၚဘက္ကို ဝင္သြားခဲ့ၿပီး အာဆင္နယ္တုိ႔ စတုတၳေျမာက္ဂိုးကို ရရွိခဲ့ပါတယ္။

ဒီပြဲကို အႏုိင္ရရွိခဲ့လို႔ အာဆင္နယ္အသင္းအေနနဲ႔ သုံးပြဲကစား ကိုးမွတ္နဲ႔ အုပ္စုကို ဆက္လက္ဦးေဆာင္ႏုိင္ခဲ့ၿပီး အထေႏွးခဲ့ေပမယ့္ ေနာက္က လုိက္လံဖိအားေပးႏုိင္ခဲ့တဲ့ တုိက္စစ္အင္အားေၾကာင့္ အိမ္ကြင္းမွာ ေလးဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: TWITTER
PHOTOS CREDIT TO OWNERS
SPORTS A2Z.