Premier League Transfer News

၅.၁၁.၂၀၂၀ – မန်ချက်စတာစီးတီးသတင်းများ ညပိုင်းသတင်းများ စုစည်းမှု

– ပြီးခဲ့တဲ့ အိုလံပီယာကော့စ်နဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပြီး အကောင်းဆုံးခြေစွမ်း ရရှိခဲ့တဲ့ နောက်ခံလူ ဂျွန်စတုန်းစ်ဟာ အဲရစ် ဂါစီယာထက် ကောင်းမွန်တယ်လို့ မန်ချက်စတာစီးတီးပရိသတ်တွေက စာချုပ်သစ် မချုပ်လို့ ငြိုငြင်ခံနေရတဲ့ စပိန်သားနဲ့နှိုင်းယှဉ်ပြီး ဝိုင်းဝန်းချီးကျူးခဲ့ကြ။

– အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက မန်စီးတီးအသင်းအနေနဲ့ မိုချန်ဂလာဘက်ချ်ကွင်းလယ်လူ ဒင်းနစ် ဇာကာရီယာကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ စတင်နေပြီး ရိုဒရီထက် သာလွန်တဲ့ ကစားသမားလို့ ရှုမြင်ထား။

– အန်းဖီးလ်ကို ရောက်မယ်လို့ သတင်းထွက်နေခဲ့တဲ့ ဘိုင်ယန်မြူးနစ် နောက်ခံလူ ဒေးဗစ် အလာဘာကို သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးနဲ့ အကြောင်းပြုပြီး အစ်တီဟတ်ကို ရောက်လာနိုင်အောင် လုပ်ခမြင့်မြင့်မားမားပေးပြီး ခေါ်ယူနိုင်ဖို့ ဂွါဒီယိုလာ ပြင်ဆင်နေ။

– အင်္ဂလန်အသင်းရဲ့ လာမယ့်သုံးပွဲဆက်တိုက် နိုင်ငံတကာပွဲစဉ်တွေ ကစားဖို့အတွက် မန်ချက်စတာစီးတီးကွင်းလယ်လူ ဖီးလ် ဖိုဒန်ကို ပြန်လည်ရွေးချယ်ခဲ့ပြီး နိုင်ငံအသင်းမှာ ပြဿနာတက်ပြီး ကလပ်အသင်းမှာပါ ခြေစွမ်းနဲ့ အာရုံစူးစိုက်မှု ကျဆင်းသွားတဲ့ မြို့ခံပြိုင်ဘက် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကိုတော့ ချန်လှပ်ခဲ့။

– လီဗာပူးလ်အသင်းကို ရှုံးနိမ့်မယ်လို့ မခန့်မှန်းခဲ့တာ လေးနှစ်ခွဲလောက်ကြာသွားခဲ့ပြီဖြစ်တဲ့ ဘီဘီစီရဲ့ မာ့ခ် လော်ရင်ဆန် (လော်ရို)က ဒီတစ်ခါတော့ ခံစစ်ရဲ့ မရေရာတဲ့ အခြေအနေတွေကြောင့် မန်ချက်စတာစီးတီးကပဲ နှစ်ဂိုး-ဂိုးမရှိနဲ့ နိုင်လိမ့်မယ်လို့ ခန့်မှန်းသွား။

– လာမယ့် ရက်သတ္တပတ်တွေအတွင်း မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီကို တခြားဥရောပ အသင်းကြီးတွေထက် လက်ဦးမှုရယူပြီး အကြိုသဘောတူနိုင်ဖို့ လုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်သွားမယ်လို့ သတင်းတွေ ဖော်ပြ။

– လီဗာပူးလ်အသင်းကို လာမယ့်အိမ်ကွင်းပွဲစဉ်မှာ မဖြစ်မနေ အနိုင်ယူရမှာဖြစ်ပြီး ဒါဟာ သူတို့နှစ်သင်းကြားမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုမှာ အဓိကကျတဲ့ ကိစ္စဖြစ်တာကြောင့် သုံးမှတ်ရရှိနိုင်ဖို့လိုတယ်လို့ တိုက်စစ်မှူး ဂျေဆူးစ် ပြောကြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ၿပီးခဲ့တဲ့ အိုလံပီယာေကာ့စ္နဲ႔ပြဲမွာ ပြဲထြက္ခြင့္ရခဲ့ၿပီး အေကာင္းဆုံးေျခစြမ္း ရရွိခဲ့တဲ့ ေနာက္ခံလူ ဂၽြန္စတုန္းစ္ဟာ အဲရစ္ ဂါစီယာထက္ ေကာင္းမြန္တယ္လို႔ မန္ခ်က္စတာစီးတီးပရိသတ္ေတြက စာခ်ဳပ္သစ္ မခ်ဳပ္လို႔ ၿငဳိျငင္ခံေနရတဲ့ စပိန္သားနဲ႔ႏွဳိင္းယွဥ္ၿပီး ဝိုင္းဝန္းခ်ီးက်ဴးခဲ့ၾက။

– အေျပာင္းအေရႊ႕ကၽြမ္းက်င္သူ ဖာဘရီဇီယို ႐ိုမာႏိုက မန္စီးတီးအသင္းအေနနဲ႔ မိုခ်န္ဂလာဘက္ခ်္ကြင္းလယ္လူ ဒင္းနစ္ ဇာကာရီယာကို လာမယ့္ ဇန္နဝါရီမွာ ေခၚယူႏုိင္ဖို႔ ေဆြးေႏြးမွဳေတြ စတင္ေနၿပီး ႐ိုဒရီထက္ သာလြန္တဲ့ ကစားသမားလုိ႔ ရွဳျမင္ထား။

– အန္းဖီးလ္ကို ေရာက္မယ္လုိ႔ သတင္းထြက္ေနခဲ့တဲ့ ဘုိင္ယန္ျမဴးနစ္ ေနာက္ခံလူ ေဒးဗစ္ အလာဘာကို သူနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးနဲ႔ အေၾကာင္းျပဳၿပီး အစ္တီဟတ္ကို ေရာက္လာႏုိင္ေအာင္ လုပ္ချမင့္ျမင့္မားမားေပးၿပီး ေခၚယူႏုိင္ဖို႔ ဂြါဒီယိုလာ ျပင္ဆင္ေန။

– အဂၤလန္အသင္းရဲ႕ လာမယ့္သုံးပြဲဆက္တုိက္ ႏုိင္ငံတကာပြဲစဥ္ေတြ ကစားဖို႔အတြက္ မန္ခ်က္စတာစီးတီးကြင္းလယ္လူ ဖီးလ္ ဖိုဒန္ကို ျပန္လည္ေရြးခ်ယ္ခဲ့ၿပီး ႏုိင္ငံအသင္းမွာ ျပႆနာတက္ၿပီး ကလပ္အသင္းမွာပါ ေျခစြမ္းနဲ႔ အာ႐ုံစူးစိုက္မွဳ က်ဆင္းသြားတဲ့ ၿမဳိ႕ခံၿပဳိင္ဘက္ တုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္ကိုေတာ့ ခ်န္လွပ္ခဲ့။

– လီဗာပူးလ္အသင္းကို ရွဳံးနိမ့္မယ္လို႔ မခန္႔မွန္းခဲ့တာ ေလးႏွစ္ခြဲေလာက္ၾကာသြားခဲ့ၿပီျဖစ္တဲ့ ဘီဘီစီရဲ႕ မာ့ခ္ ေလာ္ရင္ဆန္ (ေလာ္႐ို)က ဒီတစ္ခါေတာ့ ခံစစ္ရဲ႕ မေရရာတဲ့ အေျခအေနေတြေၾကာင့္ မန္ခ်က္စတာစီးတီးကပဲ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ႏုိင္လိမ့္မယ္လို႔ ခန္႔မွန္းသြား။

– လာမယ့္ ရက္သတၱပတ္ေတြအတြင္း မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဘာစီလိုနာတုိက္စစ္မွဴး လီယြန္နယ္ မက္ဆီကို တျခားဥေရာပ အသင္းႀကီးေတြထက္ လက္ဦးမွဳရယူၿပီး အႀကဳိသေဘာတူႏုိင္ဖို႔ လုပ္ငန္းစဥ္ေတြကို စတင္ေဆာင္ရြက္သြားမယ္လုိ႔ သတင္းေတြ ေဖာ္ျပ။

– လီဗာပူးလ္အသင္းကို လာမယ့္အိမ္ကြင္းပြဲစဥ္မွာ မျဖစ္မေန အႏုိင္ယူရမွာျဖစ္ၿပီး ဒါဟာ သူတုိ႔ႏွစ္သင္းၾကားမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ၿပဳိင္ဆုိင္မွဳမွာ အဓိကက်တဲ့ ကိစၥျဖစ္တာေၾကာင့္ သုံးမွတ္ရရွိႏုိင္ဖို႔လိုတယ္လို႔ တုိက္စစ္မွဴး ေဂ်ဆူးစ္ ေျပာၾကား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.