Premier League
တစ်နေ့တာ ကရိုဏ်း။
UNICODE: ၆.၁၁.၂၀၂၀၊ ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ သောကြာနေ့၊ သမားညို၊ နဂါးပေါ်။
တစ်နေ့တာ တိထီနှင့် ယုဂ်။
နံနက် ၇:၃၆ အထိ တိထီ ၅ လုံး။ ကျော်လျှင် ၆ လုံး။ ၆ လုံးတွင် သိဒ္ဓိယုဂ်၊ ပြီးမြောက်အောင်မြင်ပြည့်စုံစေလိုသည့် အလုပ်များ လုပ်ဆောင်ရန်ကောင်း။
တစ်နေ့တာ နက္ခတ်နှင့် ယုဂ်။
နံနက် ၇:၄၃ အထိ အဒြနက္ခတ်။ ကျော်လျှင် ပုဏ္ဏဖုသျှုနက္ခတ်။ နံနက် ၇:၅၀ အထိ သိဒ္ဓယုဂ်၊ ပြည့်စုံခြင်း၊ ကျွမ်းကျင်စွာဖြင့် အောင်မြင်ခြင်း၊ ဆန္ဒရှိသည့် အရာများအား စူးစိုက်လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် သာဓျယုဂ်၊ အကြံဉာဏ်ကောင်းရခြင်း၊ အောင်မြင်ခြင်း၊ အဆက်အသွယ်ကောင်း ရရှိခြင်းတို့ကြောင့် အကျိုးအမြတ် အခွင့်အလမ်းများ ပွင့်လန်းမည်။
တစ်နေ့တာ ကရိုဏ်း။
နံနက် ၇:၃၆ အထိ တေတုလကရိုဏ်း၊ စကားကောင်းပြောဆိုခြင်း၊ ရာထူးတိုးတက်ခြင်း၊ တည်ဆောက်ခြင်းများ လုပ်ဆောင်ရန်ကောင်း။ ည ၂၀:၀၄ ကရဇကရိုဏ်း၊ စိုက်ပျိုးခြင်း၊ လုပ်ငန်းအတွင်း ငွေကြေးစိုက်ထည့်ခြင်း တာဝန်ယူတာဝန်ခံခြင်းများ လုပ်ဆောင်ရန်ကောင်း။ ကျော်လျှင် ဝါဏိဇ္ဇကရိုဏ်း၊ စီးပွားရေးနှင့် ဆက်သွယ်ဆက်ဆံရေးလုပ်ငန်းများ လုပ်ဆောင်ရန်ကောင်း၊ ချမ်းသာပြည့်စုံရန် စီစဉ်နိုင်။
တစ်နေ့တာ ကံကောင်းရာအရပ်နှင့် ဆောင်ရန် အရောင်။
နံနက် ၇:၃၆ အထိ တောင်နှင့် အရှေ့၊ အနက်ရောင်။ ကျော်လျှင် အနောက်နှင့် တောင်၊ အနီရောင်။
ဉာဏ်နှင့်ယှဉ်၍ အောင်မြင် မင်္ဂလာရှိကြစေ။
ထူးဧဝ (သင်၏ မင်္ဂလာရှိသော အတိုင်ပင်ခံ)