Premier League

ဆိုးလ်ရှားကိုဖြုတ်ပြီး ပိုချက်တီနိုနဲ့ အစားထိုးဖို့ ယူနိုက်တက်ချဥ်းကပ်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိမှာ ရလဒ်တွေမတည်ငြိမ်တဲ့ နည်းပြ အိုလေ ဂန်းနား ဆိုးလ်ရှားကို ထုတ်ပယ်ကာ ပိုချက်တီနိုကို ချဥ်းကပ်မှုပြုလုပ်ပြီး နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိ အသင်းနည်းပြဖြစ်တဲ့ အိုလေဟာ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာသာ ရပ်တည်နေပြီး နည်းပြထိုင်ခုံလှုပ်ဖို့ တဖြည်းဖြည်း ဖိအားတိုးလာနေတာ ဖြစ်သလို အာဆင်နယ်အသင်းအပြင် ချန်ပီယံလိဂ်မှာလည်း Istanbul အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အရှက်ရစရာခြေစွမ်းပိုင်းကြောင့် စပါးနည်းပြဟောင်း ပိုချက်တီနိုင်ကို အသင်းနည်းပြသစ်ဖြစ်လာဖို့ ချိတ်ဆက်မှုပြုလုပ်နေတာပါ။

ယူနိုက်တက်တာဝန်ရှိသူတွေက ပိုချက်တီနိုကို ချိတ်ဆက်မှုပြုလုပ်ပြီး အသင်းကို ကိုင်တွယ်ရန် စိတ်ဆန္ဒရှိမရှိ ဆက်သွယ်မေးမြန်းစုံစမ်းနေတာဖြစ်တယ်လို့ သိရပြီး နည်းပြ အိုလေကိုတော့ အဲဗာတန်ပွဲမတိုင်မီ ထုတ်ပယ်ခြင်းမရှိသေးဘူးလို့ TalkSports သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အိုလေဟာ လက်ရှိရာသီအစပိုင်းမှာ အထနှေးပြီး ရလဒ်ပိုင်း ကမောက်ကမဖြစ်ခဲ့တာကြောင့် အသင်းဘုတ်အဖွဲ့ရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့တယ်လို့ သိရပြီး နည်းပြလောကကနေ ကင်းကွာနေခဲ့တာ တနှစ်နီးပါးရှိပြီဖြစ်တဲ့ ပိုချက်တီနိုဟာ ဒီတပတ်အစောပိုင်းကမှ နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်ဖို့ တံခါးဖွင့်ထားတယ်လို့ ပြောသွားခဲ့တာပါ။

” ကျွန်တော် နည်းပြအဖြစ် ပြန်လည်လုပ်ကိုင်တော့မှာပါ။ ဒါက အလုပ်သဘောသက်သက်မဟုတ်ပါဘူး။ ရူးသွပ်မှုတခုဖြစ်ပြီး ဘောလုံးကို ကျွန်တော် သိပ်မြတ်နိုးပါတယ်။ ဘောလုံးနဲ့ ပတ်သက်လာရင် စိတ်ဖိစီးမှုဆိုတာ ကျွန်တော့မှာ တခုမှ ရှိမနေပါဘူး” လို့ ပိုချက်တီနိုရဲ့ ပြောဆိုမှုကလည်း ရှိနေပြီး တဖက်မှာ အိုလေကလည်း နည်းပြအပြောင်းအလဲဖြစ်လာမှာ စိုးရိမ်မှုရှိလားဆိုတဲ့ Istanbul အသင်းနဲ့ ပွဲအပြီးမေးခွန်းကို ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။

REF: TALKSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္ရွိမွာ ရလဒ္ေတြမတည္ၿငိမ္တဲ့ နည္းျပ အိုေလ ဂန္းနား ဆိုးလ္ရွားကို ထုတ္ပယ္ကာ ပိုခ်က္တီနိုကို ခ်ဥ္းကပ္မႈျပဳလုပ္ၿပီး နည္းျပသစ္အျဖစ္ အစားထိုးခန့္အပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

လက္ရွိ အသင္းနည္းျပျဖစ္တဲ့ အိုေလဟာ ပရီးမီးယားလိဂ္မွာ အမွတ္ေပးဇယား အဆင့္ ၁၅ ေနရာမွာသာ ရပ္တည္ေနၿပီး နည္းျပထိုင္ခုံလႈပ္ဖို႔ တျဖည္းျဖည္း ဖိအားတိုးလာေနတာ ျဖစ္သလို အာဆင္နယ္အသင္းအျပင္ ခ်န္ပီယံလိဂ္မွာလည္း Istanbul အသင္းကို ရႈံးနိမ့္ခဲ့တဲ့ အရွက္ရစရာေျခစြမ္းပိုင္းေၾကာင့္ စပါးနည္းျပေဟာင္း ပိုခ်က္တီနိုင္ကို အသင္းနည္းျပသစ္ျဖစ္လာဖို႔ ခ်ိတ္ဆက္မႈျပဳလုပ္ေနတာပါ။

ယူနိုက္တက္တာဝန္ရွိသူေတြက ပိုခ်က္တီနိုကို ခ်ိတ္ဆက္မႈျပဳလုပ္ၿပီး အသင္းကို ကိုင္တြယ္ရန္ စိတ္ဆႏၵရွိမရွိ ဆက္သြယ္ေမးျမန္းစုံစမ္းေနတာျဖစ္တယ္လို႔ သိရၿပီး နည္းျပ အိုေလကိုေတာ့ အဲဗာတန္ပြဲမတိုင္မီ ထုတ္ပယ္ျခင္းမရွိေသးဘူးလို႔ TalkSports သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

အိုေလဟာ လက္ရွိရာသီအစပိုင္းမွာ အထႏွေးၿပီး ရလဒ္ပိုင္း ကေမာက္ကမျဖစ္ခဲ့တာေၾကာင့္ အသင္းဘုတ္အဖြဲ႕ရဲ႕ ယုံၾကည္မႈကို ဆုံးရႈံးခဲ့တယ္လို႔ သိရၿပီး နည္းျပေလာကကေန ကင္းကြာေနခဲ့တာ တႏွစ္နီးပါးရွိၿပီျဖစ္တဲ့ ပိုခ်က္တီနိုဟာ ဒီတပတ္အေစာပိုင္းကမွ နည္းျပအျဖစ္ ျပန္လည္လုပ္ကိုင္ဖို႔ တံခါးဖြင့္ထားတယ္လို႔ ေျပာသြားခဲ့တာပါ။

” ကြၽန္ေတာ္ နည္းျပအျဖစ္ ျပန္လည္လုပ္ကိုင္ေတာ့မွာပါ။ ဒါက အလုပ္သေဘာသက္သက္မဟုတ္ပါဘူး။ ႐ူးသြပ္မႈတခုျဖစ္ၿပီး ေဘာလုံးကို ကြၽန္ေတာ္ သိပ္ျမတ္နိုးပါတယ္။ ေဘာလုံးနဲ႕ ပတ္သက္လာရင္ စိတ္ဖိစီးမႈဆိုတာ ကြၽန္ေတာ့မွာ တခုမွ ရွိမေနပါဘူး” လို႔ ပိုခ်က္တီနိုရဲ႕ ေျပာဆိုမႈကလည္း ရွိေနၿပီး တဖက္မွာ အိုေလကလည္း နည္းျပအေျပာင္းအလဲျဖစ္လာမွာ စိုးရိမ္မႈရွိလားဆိုတဲ့ Istanbul အသင္းနဲ႕ ပြဲအၿပီးေမးခြန္းကို ေျဖဆိုဖို႔ ျငင္းဆန္သြားခဲ့တယ္လို႔ သိရပါတယ္။

REF: TALKSPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.