Premier League

လူမ်ဳိးေရးခြဲျခားမႈက အႏိုင္ရသြားတယ္လို႔ ႐ူဒီဂါ ေဝဖန္

စေနေန႔က ေတာ့တင္ဟမ္ေဟာ့စပါးစ္ကို ခ်ဲလ္ဆီးက(၂)ဂိုး-(၁)ဂိုးနဲ႔ အႏုိင္ရခဲ့တဲ့ပြဲမွာ စပါးပရိသတ္ေတြရဲ႕ ေအာ္ဟစ္ေလွာင္ေျပာင္တာေတြကို ခံခဲ့ရၿပီးေနာက္ ခ်ဲလ္ဆီးေနာက္ခံလူ အန္တိုနီယို ရူဒီဂါက လူမ်ိဳးခြဲျခားမႈက သူ႔ကို အႏိုင္ယူသြားတယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ဒီဇင္ဘာလက ေတာ့တင္ဟမ္ကြင္းမွာ ခ်ဲလ္ဆီး(၂)ဂိုးျပတ္နဲ႔ အနိုင္ရခဲ့တဲ့ ပြဲတုန္းက စပါးပရိသတ္ေတြဘက္က သူ႔ကို ေမ်ာက္ေအာ္သံလို ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့တယ္လို႔ ရူဒီဂါက စြပ္စြဲခဲ့ပါတယ္။ အဲ့ဒီတုန္းက လူမ်ိဳးေရးခြဲျခားမႈ ဆန္႔က်င္တိုက္ဖ်က္ေရး လုပ္ထံုးလုပ္နည္းေတြကို ပရီးမီးယားလိဂ္အေနနဲ႔ စတင္က်င့္သံုးတဲ့အခ်ိန္နဲ႔သြားတိုက္ဆိုင္ေနခ်ိန္လည္း ျဖစ္ခဲ့ၿပီး စြပ္စြဲမႈကို တာ၀န္ရွိသူေတြ ကိုယ္တိုင္ အေလးထားစုံစမ္းခဲ့တာပါ။

စပါးစ္အသင္းနဲ႔ လန္ဒန္မက္ထရီပိုလီတန္ ရဲတပ္ဖြဲ႔တို႔ ပူးေပါင္းၿပီး စံုစမ္းစစ္ေဆးရာမွာ ဆီယာရာလီယြန္ဖြား ဂ်ာမန္သားရဲ႕ စြဲခ်က္နဲ႔ ပတ္သက္လို႔ လံုေလာက္တဲ့ သက္ေသအေထာက္အထား မရွိခဲ့ဘူးလို႔ ဆိုပါတယ္။ စပါးအသင္းရဲ႕ထုတ္ျပန္ေၾကျငာခ်က္မွာလည္း ရာဇ၀တ္မႈတစ္ရပ္နဲ႔ ပတ္သက္လို႔ စံုစမ္းစစ္ေဆးခဲ့တာေတြနဲ႔ ျပန္လည္သံုးသပ္တာေတြမွာ လူမ်ိဳးေရးခဲြျခားတယ္ဆိုတဲ့ စြပ္စြဲခ်က္ကို ခုိင္လံုေစမယ့္ သက္ေသေတြ မေတြ႕ခဲ့ရပါဘူးလို႔ ဆိုပါတယ္။

ဒါေပမယ့္ အသက္ ၂၆ ႏွစ္အရြယ္ ခ်ဲလ္ဆီးေနာက္ခံလူကေတာ့ စေနေန႔အေစာပိုင္းပြဲစဥ္မွာ ေအာ္ဟစ္ေလွာင္ေျပာင္ခံခဲ့ရတဲ့အေပၚ စိတ္ပ်က္ခဲ့ရပါတယ္။ စံုစမ္းစစ္ေဆးမႈေတြမွာ သက္ေသအေထာက္အထားမေတြ႕ခဲ့ရတာကလည္း သူကပဲ မွားယြင္းစြပ္စြဲတဲ့သေဘာလည္း ျဖစ္ေနခဲ့ပါတယ္။

စကိုင္းစေပါ့နဲ႔ အင္တာဗ်ဴးမွာ ရူဒီဂါက “လူမ်ိဳးေရးခြဲျခားမႈက အႏိုင္ရသြားတာပါပဲ၊ သူတုိ႔ေတြကြင္းထဲကို ျပန္၀င္ခြင့္ရလာတာကိုက လူမ်ိဳးေရးခြဲျခားမႈက အႏိုင္ရသြားတဲ့သေဘာျဖစ္ေနပါတယ္။ သူတို႔ေတြ အျပစ္ေပးတာ မခံရသလို ေနာက္ဆံုးမွာေတာ့ ကၽြန္ေတာ္ကပဲ လူဆိုးႀကီးျဖစ္သြားရတာေပါ့။ ဒါက ကၽြန္ေတာ္အရႈံးေပးတယ္ဆိုတဲ့ သေဘာမဟုတ္ပါဘူး။ ကၽြန္ေတာ့္ကေတာ့ ကိုယ့္ထင္ျမင္ယူဆခ်က္ေတြကို ေျပာသြားဦးမွာပါပဲ”လို႔ဆိုခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: စနေနေ့က တော့တင်ဟမ်ဟော့စပါးစ်ကို ချဲလ်ဆီးက(၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ စပါးပရိသတ်တွေရဲ့ အော်ဟစ်လှောင်ပြောင်တာတွေကို ခံခဲ့ရပြီးနောက် ချဲလ်ဆီးနောက်ခံလူ အန်တိုနီယို ရူဒီဂါက လူမျိုးခွဲခြားမှုက သူ့ကို အနိုင်ယူသွားတယ်လို့ ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလက တော့တင်ဟမ်ကွင်းမှာ ချဲလ်ဆီး(၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲတုန်းက စပါးပရိသတ်တွေဘက်က သူ့ကို မျောက်အော်သံလို အော်ဟစ်လှောင်ပြောင်ခဲ့တယ်လို့ ရူဒီဂါက စွပ်စွဲခဲ့ပါတယ်။ အဲ့ဒီတုန်းက လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေး လုပ်ထုံးလုပ်နည်းတွေကို ပရီးမီးယားလိဂ်အနေနဲ့ စတင်ကျင့်သုံးတဲ့အချိန်နဲ့သွားတိုက်ဆိုင်နေချိန်လည်း ဖြစ်ခဲ့ပြီး စွပ်စွဲမှုကို တာဝန်ရှိသူတွေ ကိုယ်တိုင် အလေးထားစုံစမ်းခဲ့တာပါ။

စပါးစ်အသင်းနဲ့ လန်ဒန်မက်ထရီပိုလီတန် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးရာမှာ ဆီယာရာလီယွန်ဖွား ဂျာမန်သားရဲ့ စွဲချက်နဲ့ ပတ်သက်လို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိခဲ့ဘူးလို့ ဆိုပါတယ်။ စပါးအသင်းရဲ့ထုတ်ပြန်ကြေငြာချက်မှာလည်း ရာဇဝတ်မှုတစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခဲ့တာတွေနဲ့ ပြန်လည်သုံးသပ်တာတွေမှာ လူမျိုးရေးခွဲခြားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ခိုင်လုံစေမယ့် သက်သေတွေ မတွေ့ခဲ့ရပါဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အသက် ၂၆ နှစ်အရွယ် ချဲလ်ဆီးနောက်ခံလူကတော့ စနေနေ့အစောပိုင်းပွဲစဉ်မှာ အော်ဟစ်လှောင်ပြောင်ခံခဲ့ရတဲ့အပေါ် စိတ်ပျက်ခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေမှာ သက်သေအထောက်အထားမတွေ့ခဲ့ရတာကလည်း သူကပဲ မှားယွင်းစွပ်စွဲတဲ့သဘောလည်း ဖြစ်နေခဲ့ပါတယ်။

စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ရူဒီဂါက “လူမျိုးရေးခွဲခြားမှုက အနိုင်ရသွားတာပါပဲ၊ သူတို့တွေကွင်းထဲကို ပြန်ဝင်ခွင့်ရလာတာကိုက လူမျိုးရေးခွဲခြားမှုက အနိုင်ရသွားတဲ့သဘောဖြစ်နေပါတယ်။ သူတို့တွေ အပြစ်ပေးတာ မခံရသလို နောက်ဆုံးမှာတော့ ကျွန်တော်ကပဲ လူဆိုးကြီးဖြစ်သွားရတာပေါ့။ ဒါက ကျွန်တော်အရှုံးပေးတယ်ဆိုတဲ့ သဘောမဟုတ်ပါဘူး။ ကျွန်တော့်ကတော့ ကိုယ့်ထင်မြင်ယူဆချက်တွေကို ပြောသွားဦးမှာပါပဲ”လို့ဆိုခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.