Premier League

၅.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ပြီးခဲ့တဲ့ည ချန်ပီယံလိဂ်ပွဲစဉ်မှာ ရန်းစ်အသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ငါးပွဲဆက် Clean Sheet ရခဲ့လို့ အထူးကျေနပ်မိကြောင်း နည်းပြလမ်းပတ်ပြောကြား။

ချယ်လ်ဆီးအသင်းရဲ့ ကစားသမား ခိုင်ဟားဗတ်ဇ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အနည်းဆုံး ၁၀ ရက် သီးခြားခွဲကာ နေထိုင်ရမည်ဖြစ်ကြောင်း သိရပြီး လာမယ့် ရှက်ဖီးလ်ယူနိုက်တက်ပွဲစဉ်နဲ့ ဂျာမန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲစဉ်များကို တပါတည်းလွဲချော်မည်ဖြစ်။

ခိုင် ဟားဗတ်ဇ်ကို တနင်္လာနေ့က ရောဂါပိုးစစ်ဆေးခဲ့ပြီး မနေ့က ထပ်မံစစ်ဆေးချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရပေမယ့် ကျန်အသင်းသားတွေအားလုံး Negative ဖြစ်ခဲ့လို့ မိမိတို့ ကံကောင်းခဲ့ကြောင်း ချယ်လ်နည်းပြလမ်းပတ်က ပြောကြားခဲ့ပြီး ခိုင်ဟာ ပွဲကစားခွင့်ရချင်လို့ စိတ်ပျက်နေကြောင်းနဲ့ ကျန်းမာရေးကောင်းမွန်နေကြောင်း သိရ။

Nations League ပြိုင်ပွဲအဖြစ် ဒိန်းမတ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုပွဲစဉ်မှာ အင်္ဂလန်အသင်းကနေ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ဟာ နိုင်ငံပွဲစဉ် နှစ်ပွဲပယ် ပြစ်ဒဏ်ကျခဲ့တာကြောင့် ဘယ်လ်ဂျီယံ၊ အိုက်စလန်တို့နဲ့ ပွဲစဉ်တွေကို ပါဝင်နိုင်တော့မည်မဟုတ်။

ချယ်လ်ဆီးအသင်းမှာရှိစဉ်က မိမိကို မက်ဆီ တဂိုးမှ မသွင်းယူနိုင်ခဲ့ကြောင်း နဲ့ သူဟာ မိမိကို ဂိုးသွင်းယူနိုင်ဖို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရကြောင်း ဂိုးသမား ပီတာချက်က ဂုဏ်ယူဝင့်ကြွားသွားခဲ့ပြီး အာဆင်နယ်အသင်းတွင် ကစားချိန်မှသာ မက်ဆီဟာ ပီတာချက်ရဲ့ ဂိုးပေါက်ကို သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရ။

ဒီနိုင်ပွဲဟာ မိမိတို့ရဲ့ အသင်းလိုက်ကစားပုံ အလုပ်ဖြစ်နေကြောင်း သက်သေပြခဲ့တဲ့ပွဲဖြစ်သလို တဦးချင်းစွမ်းရည်တွေကို အသင်းလိုက်စုစည်းမှုအဖြစ် ပေါင်းစပ်နိုင်ခဲ့တာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်လာခဲ့တယ်လို့ ညက နိုင်ပွဲအပြီးမှာ ချယ်လ်ဆီးနည်းပြ လမ်းပတ်က ပြောသွားခဲ့။

ရန်းစ်အသင်းနဲ့ ပွဲမစခင်မှာ ပင်နယ်တီရရင် မိမိကန်သွင်းရမယ်လို့ နည်းပြလမ်းပတ်က ပြောခဲ့ကြောင်း တီမို ဗာနာက ဖွင့်ဟသွားခဲ့ပြီး ပင်နယ်တီနှစ်လုံးတောင် ကန်ခဲ့ရတာဟာ ရူးခါနေအောင် စိတ်လှုပ်ရှားမိကြောင်းပြောခဲ့သလို တရာသီ ဂိုး ၂၀ အထက်သွင်းနိုင်ဖို့ တိုက်စစ်မှူးတယောက်အတွက် ပင်နယ်တီဂိုးတွေ လိုအပ်ကြောင်း ပြောပြသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ည ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ရန္းစ္အသင္းကို သုံးဂိုးျပတ္နဲ႕ အနိုင္ယူခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ငါးပြဲဆက္ Clean Sheet ရခဲ့လို႔ အထူးေက်နပ္မိေၾကာင္း နည္းျပလမ္းပတ္ေျပာၾကား။

ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားသမား ခိုင္ဟားဗတ္ဇ္မွာ ကိုရိုနာဗိုင္းရပ္စ္ပိုး စစ္ေဆးေတြ႕ရွိခဲ့တာေၾကာင့္ အနည္းဆုံး ၁၀ ရက္ သီးျခားခြဲကာ ေနထိုင္ရမည္ျဖစ္ေၾကာင္း သိရၿပီး လာမယ့္ ရွက္ဖီးလ္ယူနိုက္တက္ပြဲစဥ္နဲ႕ ဂ်ာမန္လက္ေ႐ြးစင္အသင္းအတြက္ နိုင္ငံတကာပြဲစဥ္မ်ားကို တပါတည္းလြဲေခ်ာ္မည္ျဖစ္။

ခိုင္ ဟားဗတ္ဇ္ကို တနလၤာေန႕က ေရာဂါပိုးစစ္ေဆးခဲ့ၿပီး မေန႕က ထပ္မံစစ္ေဆးခ်ိန္မွာ ကိုရိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိခဲ့ရေပမယ့္ က်န္အသင္းသားေတြအားလုံး Negative ျဖစ္ခဲ့လို႔ မိမိတို႔ ကံေကာင္းခဲ့ေၾကာင္း ခ်ယ္လ္နည္းျပလမ္းပတ္က ေျပာၾကားခဲ့ၿပီး ခိုင္ဟာ ပြဲကစားခြင့္ရခ်င္လို႔ စိတ္ပ်က္ေနေၾကာင္းနဲ႕ က်န္းမာေရးေကာင္းမြန္ေနေၾကာင္း သိရ။

Nations League ၿပိဳင္ပြဲအျဖစ္ ဒိန္းမတ္အသင္းနဲ႕ ယွဥ္ၿပိဳင္ခဲ့တဲ့ အုပ္စုပြဲစဥ္မွာ အဂၤလန္အသင္းကေန အနီကတ္နဲ႕ ထုတ္ပယ္ခံခဲ့ရတဲ့ ညာေနာက္ခံလူ ရီးစ္ဂ်ိမ္းစ္ဟာ နိုင္ငံပြဲစဥ္ ႏွစ္ပြဲပယ္ ျပစ္ဒဏ္က်ခဲ့တာေၾကာင့္ ဘယ္လ္ဂ်ီယံ၊ အိုက္စလန္တို႔နဲ႕ ပြဲစဥ္ေတြကို ပါဝင္နိုင္ေတာ့မည္မဟုတ္။

ခ်ယ္လ္ဆီးအသင္းမွာရွိစဥ္က မိမိကို မက္ဆီ တဂိုးမွ မသြင္းယူနိုင္ခဲ့ေၾကာင္း နဲ႕ သူဟာ မိမိကို ဂိုးသြင္းယူနိုင္ဖို႔ အခ်ိန္ၾကာျမင့္စြာ ေစာင့္ဆိုင္းခဲ့ရေၾကာင္း ဂိုးသမား ပီတာခ်က္က ဂုဏ္ယူဝင့္ႂကြားသြားခဲ့ၿပီး အာဆင္နယ္အသင္းတြင္ ကစားခ်ိန္မွသာ မက္ဆီဟာ ပီတာခ်က္ရဲ႕ ဂိုးေပါက္ကို သြင္းယူနိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရ။

ဒီနိုင္ပြဲဟာ မိမိတို႔ရဲ႕ အသင္းလိုက္ကစားပုံ အလုပ္ျဖစ္ေန​ေၾကာင္း သက္ေသျပခဲ့တဲ့ပြဲျဖစ္သလို တဦးခ်င္းစြမ္းရည္ေတြကို အသင္းလိုက္စုစည္းမႈအျဖစ္ ​ေပါင္းစပ္နိုင္ခဲ့တာ ေကာင္းမြန္တဲ့ လကၡဏာျဖစ္လာခဲ့တယ္လို႔ ညက နိုင္​ပြဲအၿပီးမွာ ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္က ေျပာသြားခဲ့။

ရန္းစ္အသင္းနဲ႕ ပြဲမစခင္မွာ ပင္နယ္တီရရင္ မိမိကန္သြင္းရမယ္လို႔ နည္းျပလမ္းပတ္က ေျပာခဲ့ေၾကာင္း တီမို ဗာနာက ဖြင့္ဟသြားခဲ့ၿပီး ပင္နယ္တီႏွစ္လုံးေတာင္ ကန္ခဲ့ရတာဟာ ႐ူးခါေနေအာင္ စိတ္လႈပ္ရွားမိေၾကာင္းေျပာခဲ့သလို တရာသီ ဂိုး ၂၀ အထက္သြင္းနိုင္ဖို႔ တိုက္စစ္မႉးတေယာက္အတြက္ ပင္နယ္တီဂိုးေတြ လိုအပ္ေၾကာင္း ေျပာျပသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.