La Liga Ligue1 Premier League Serie A Transfer News UCL&UEL

ဥရောပနဲ့ အင်္ဂလန်တစ်ခွင် ဘောလုံးသတင်းများ စုစည်းမှု စုံစုံလင်လင်…

အာဂျင်တိုင်း ဂန္ထဝင်ဘောလုံးသမား မာရာဒိုနာကို ဦးနှောက်မှာ သွေးခဲသွားခြင်းကြောင့် ပြီးခဲ့တဲ တနင်္လာနေ့က ဆေးရုံတင်ခဲ့ရပေမယ့် ခွဲစိတ်ကုသမှု အောင်မြင်ခဲ့ပြီး လက်ရှိမှာတော့ ပြန်လည်သက်သာလာဖို့ အားမွေးနေရကြောင်း သိရ။

UEFA ဟာ ယူရိုပြိုင်ပွဲကို လာမယ့် ၂၀၂၁ နွရောသီ၊ မြို့ကြီး ၁၂ မြို့မှာ လက်ခံကျင်းပဖို့ ဒီနှစ်အစောပိုင်းက ကြေငြာထားတဲ့အတိုင်း ကျင်းပသွားနိုင်ဖို့ ရည်ရွယ်ထားပြီး ရွှေ့ဆိုင်းသွားဖို့ အစီအစဉ်မရှိဘူးလို့ အတည်ပြုခဲ့။

ရီယို ဖာဒီနန်က ဟာကင်းမ် ဇီးယက်ရှ်ကို စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အဖိုးတန်ရတနာကို ရလိုက်တာဖြစ်ပြီး အသင်းကို နောက်တဆင့်မြင့်စေမယ့် ကစားသမားဖြစ်တယ်လို့ ခိုင်ဟားဗတ်ဇ်ထက်ပိုကောင်းတဲ့ အကောင်းဆုံး ခေါ်ယူမှုဖြစ်လာမယ်လို့ ပြောကြားခဲ့။

ဘာစီလိုနာအသင်း ဥက္ကဋ္ဌလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ လာပေါ်တာဟာ အသင်းဥက္ကဋ္ဌဖြစ်လာခဲ့ပါက လက်ရှိလီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်ကို အသင်းအတွက် ခေါ်ယူသွားနိုင်ဖို့ အလိုရှိနေကြောင်း သိရ။

ချန်ပီယံလိဂ် အုပ်စု H ဟာ ပွဲစဉ် သုံးပွဲကစားပြီးချိန်မှာ ခန့်မှန်းရအခက်ခဲဆုံး အုပ်စုကျပ်ဖြစ်နေပြီး အသင်းတိုင်းက နိုင်ပွဲတပွဲ အနိမ့်ဆုံးရရှိထားကာ ယူနိုက်တက် နဲ့ လိုက်ပ်ဇစ်အသင်းတို့က အမှတ်တူ ခြောက်မှတ်ကိုယ်စီရထားသလို ကျန်နှစ်သင်းက ၃ မှတ်စီ ရရှိထားတာကြောင့် ပြင်သစ်ချန်ပီယံနဲ့ မနှစ်က ဖိုင်နယ်ရောက် ပီအက်ဂျီတို့အနေနဲ့ ယူရိုပါလိဂ်ကိုများ ရောက်သွားမလားလို့ ခန့်မှန်းနေကြ။

အီတလီကလာတဲ့သတင်းတွေအရ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ယူဗင်တပ်စ်အသင်းနဲ့ ဆက်ဆံရေးတင်းမာနေတာကြောင့် ထွက်ခွာဖွယ်ရှိနေပြီး တရုတ်နဲ့ မေဂျာလိဂ်တွေကို ပြောင်းရွှေ့မှာမဟုတ်ဘဲ ဥရောပမှာသာ ကျင်လည်ဦးမှာဖြစ်တယ်လို့ဆို။

မက်ဆီဟာ ဒီရာသီမှာ Open-Play ကနေတဆင့် တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ဂိုး တဂိုးမှမရရှိဘဲ ဂိုးမိုးခေါင်နေခဲ့ပြီး ပင်နယ်တီကတဆင့် ရရှိခဲ့တဲ့ သွင်းဂိုး ၄ ဂိုးကို နုတ်လိုက်မယ်ဆိုရင် မိနစ်ပေါင်း ၈၁၀ အတွင်း ကန်သွင်းချက် အကြိမ်ရေ ၄၀ သာရှိထားပြီး ဒီမှတ်တမ်းဟာ မက်ဆီနဲ့ ရင်းနှီးခြင်းမရှိတဲ့ ဂိုးပေါက်ပျောက်မှုမှတ်တမ်း ဖြစ်လာကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တိုင္း ဂႏၳဝင္ေဘာလုံးသမား မာရာဒိုနာကို ဦးႏွောက္မွာ ေသြးခဲသြားျခင္းေၾကာင့္ ၿပီးခဲ့တဲ တနလၤာေန႕က ေဆး႐ုံတင္ခဲ့ရေပမယ့္ ခြဲစိတ္ကုသမႈ ေအာင္ျမင္ခဲ့ၿပီး လက္ရွိမွာေတာ့ ျပန္လည္သက္သာလာဖို႔ အားေမြးေနရေၾကာင္း သိရ။

UEFA ဟာ ယူရိုၿပိဳင္ပြဲကို လာမယ့္ ၂၀၂၁ ႏြေရာသီ၊ ၿမိဳ႕ႀကီး ၁၂ ၿမိဳ႕မွာ လက္ခံက်င္းပဖို႔ ဒီႏွစ္အေစာပိုင္းက ေၾကျငာထားတဲ့အတိုင္း က်င္းပသြားနိုင္ဖို႔ ရည္႐ြယ္ထားၿပီး ေ႐ႊ႕ဆိုင္းသြားဖို႔ အစီအစဥ္မရွိဘူးလို႔ အတည္ျပဳခဲ့။

ရီယို ဖာဒီနန္က ဟာကင္းမ္ ဇီးယက္ရွ္ကို စာခ်ဳပ္ခ်ဳပ္ဆိုနိုင္ခဲ့တဲ့ ခ်ယ္လ္ဆီးအသင္းဟာ အဖိုးတန္ရတနာကို ရလိုက္တာျဖစ္ၿပီး အသင္းကို ေနာက္တဆင့္ျမင့္ေစမယ့္ ကစားသမားျဖစ္တယ္လို႔ ခိုင္ဟားဗတ္ဇ္ထက္ပိုေကာင္းတဲ့ အေကာင္းဆုံး ေခၚယူမႈျဖစ္လာမယ္လို႔ ေျပာၾကားခဲ့။

ဘာစီလိုနာအသင္း ဥကၠ႒ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ လာေပၚတာဟာ အသင္းဥကၠ႒ျဖစ္လာခဲ့ပါက လက္ရွိလီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္ကို အသင္းအတြက္ ေခၚယူသြားနိုင္ဖို႔ အလိုရွိေနေၾကာင္း သိရ။

ခ်န္ပီယံလိဂ္ အုပ္စု H ဟာ ပြဲစဥ္ သုံးပြဲကစားၿပီးခ်ိန္မွာ ခန့္မွန္းရအခက္ခဲဆုံး အုပ္စုက်ပ္ျဖစ္ေနၿပီး အသင္းတိုင္းက နိုင္ပြဲတပြဲ အနိမ့္ဆုံးရရွိထားကာ ယူနိုက္တက္ နဲ႕ လိုက္ပ္ဇစ္အသင္းတို႔က အမွတ္တူ ေျခာက္မွတ္ကိုယ္စီရထားသလို က်န္ႏွစ္သင္းက ၃ မွတ္စီ ရရွိထားတာေၾကာင့္ ျပင္သစ္ခ်န္ပီယံနဲ႔ မႏွစ္က ဖိုင္နယ္ေရာက္ ပီအက္ဂ်ီတုိ႔အေနနဲ႔ ယူ႐ိုပါလိဂ္ကိုမ်ား ေရာက္သြားမလားလို႔ ခန္႔မွန္းေနၾက။

အီတလီကလာတဲ့သတင္းေတြအရ ခရစၥတီယာနို ေရာ္နယ္ဒိုဟာ ယူဗင္တပ္စ္အသင္းနဲ႕ ဆက္ဆံေရးတင္းမာေနတာေၾကာင့္ ထြက္ခြာဖြယ္ရွိေနၿပီး တ႐ုတ္နဲ႕ ေမဂ်ာလိဂ္ေတြကို ေျပာင္းေ႐ႊ႕မွာမဟုတ္ဘဲ ဥေရာပမွာသာ က်င္လည္ဦးမွာျဖစ္တယ္လို႔ဆို။

မက္ဆီဟာ ဒီရာသီမွာ Open-Play ကေနတဆင့္ တိုက္ရိုက္ပါဝင္ပတ္သက္တဲ့ဂိုး တဂိုးမွမရရွိဘဲ ဂိုးမိုးေခါင္ေနခဲ့ၿပီး ပင္နယ္တီကတဆင့္ ရရွိခဲ့တဲ့ သြင္းဂိုး ၄ ဂိုးကို ႏုတ္လိုက္မယ္ဆိုရင္ မိနစ္ေပါင္း ၈၁၀ အတြင္း ကန္သြင္းခ်က္ အႀကိမ္ေရ ၄၀ သာရွိထားၿပီး ဒီမွတ္တမ္းဟာ မက္ဆီနဲ႕ ရင္းႏွီးျခင္းမရွိတဲ့ ဂိုးေပါက္ေပ်ာက္မႈမွတ္တမ္း ျဖစ္လာေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.