Premier League

မာတစ်ကို ခံစစ်ဆင်းကစားခိုင်းခဲ့ရတာကို ဆိုးလ်ရှားရှင်းလင်း

ပြီးခဲ့တဲ့ညက ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အစ္စတန်ဘူလ်အသင်းကို ၂ဂိုး ၁ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပြီး အရှက်တကွဲ ခံစစ်ကစားပုံဟာ ပရိသတ်တွေအတွက် သည်းမခံနိုင်စရာ မြင်ကွင်းတခုဖြစ်ခဲ့သလို အသင်းရဲ့ဂန္ထဝင်ကစားသမားဟောင်းတွေ ကိုယ်တိုင်က ဆယ်နှစ်အောက်ကလေးတွေလို ကစားနေခဲ့ပြီး အရှက်မရှိတဲ့ အသင်းလို့ မီးကုန်ယမ်းကုန် လှောင်ပြောင်ထိုးနှက်သွားခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ နောက်ကျောဒဏ်ရာရှိနေတဲ့ ဆွီဒင်သား လန်ဒလော့ဖ်ကို အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့ပြီး တွမ်ဇီဘီကို မက်ဂွိုင်းယားနဲ့ တွဲဖက်ပွဲထွက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တွမ်ဇီဘီကို တော်မီနေးနဲ့ လူစားလဲခဲ့ရပြီး ကွင်းလယ်လူ မာတစ်ချ်ကိုပါ ဗဟိုခံစစ်နေရာ ဆင်းကစားခိုင်းခဲ့ရတာကို တွေ့ခဲ့ရတာ​ပါ။

အရန်ခုံမှာ ရှိနေတဲ့ ဗဟိုခံစစ်သမား လန်ဒလော့ဖ် နဲ့ မန်ဂီတို့ကို ထုတ်မသုံးခဲ့တဲ့အချက်ကြောင့် ရှုံးပွဲအပြီးမှာ နည်းပြဆိုးလ်ရှားရဲ့ လူရွေးချယ်မှုဟာ မေးခွန်းထုတ်စရာဖြစ်လာခဲ့တယ်။ တပတ်အတွင်း နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့သွားခဲ့​တဲ့ ယူနိုက်တက်အသင်းရဲ့ဖိအားဟာ ဆိုးလ်ရှားရဲ့ ပခုံးပေါ်ကို အလုံးစုကျရောက်သွားခဲ့ပြီး သူ့ရဲ့ရွေးချယ်မှုတွေကို ပွဲအပြီးမှာ အခုလို ရှင်းလင်းပြသွားတာကိုလည်း တွေ့ရမှာပါ။

” လူအပြောင်းအလဲတွေနဲ့ ပွဲထုတ်ခဲ့ပေမယ့် နည်းဗျူဟာပိုင်းအရတော့ အရင်လို လုပ်နေကျအတိုင်းပဲ မခြားနားဘဲ ပြင်ဆင်လာခဲ့တာပါ။ ကျွန်တော်တို့ စွမ်းဆောင်ရည်ညံ့ခဲ့တာပါ။ အခု ကွင်းထဲက အသင်းသားတွေထဲမှာ လူသစ်ဖြစ်တဲ့ ဒွန်နီကလွဲရင် ပွဲပေါင်းများစွာ အတူတူကစားလာခဲ့ကြသူတွေပါ။ ဗစ်တာကတော့ နောက်ကျောဒဏ်ရာကြောင့် အနားပေးထားလိုက်ပြီး တွမ်ဇီဘီကို ပွဲထွက်စေခဲ့ခြင်းပါ”

” ပွဲချိန်နောက်ပိုင်းမိနစ်တွေမှာ နည်းဗျူဟာကို အလှည့်အပြောင်းတချို့လုပ်ခဲ့ရတယ်။ အရန်ခုံက ကစားသမား ငါးဦးကို ကွင်းထဲထည့်လိုက်တယ်။ ဒွန်နီကတော့ သေ​သေသပ်သပ်လေး ကစားသွားခဲ့တယ်။ ကျွန်တော်ခံစားမိတာတော့ အသင်းက ဘယ်ဘက်ခြမ်းမှာ အရမ်းစုပြုံရောက်နေပြီးတော့ ကွင်းညာဘက်ခံစစ်ခြမ်းမှာ ပွင့်ထွက်နေခဲ့ပါတယ် ”

REF: MANCHESTEREVENING
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:

ၿပီးခဲ့တဲ့ညက ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အစၥတန္ဘူလ္အသင္းကို ၂ဂိုး ၁ဂိုးနဲ႕ အေရးနိမ့္သြားခဲ့ၿပီး အရွက္တကြဲ ခံစစ္ကစားပုံဟာ ပရိသတ္ေတြအတြက္ သည္းမခံနိုင္စရာ ျမင္ကြင္းတခုျဖစ္ခဲ့သလို အသင္းရဲ႕ဂႏၳဝင္ကစားသမားေဟာင္းေတြ ကိုယ္တိုင္က ဆယ္ႏွစ္ေအာက္ကေလးေတြလို ကစားေနခဲ့ၿပီး အရွက္မရွိတဲ့ အသင္းလို႔ မီးကုန္ယမ္းကုန္ ေလွာင္ေျပာင္ထိုးႏွက္သြားခဲ့ရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ယူနိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ေနာက္ေက်ာဒဏ္ရာရွိေနတဲ့ ဆြီဒင္သား လန္ဒေလာ့ဖ္ကို အရန္ခုံမွာ ထိုင္ခိုင္းထားခဲ့ၿပီး တြမ္ဇီဘီကို မက္ဂြိုင္းယားနဲ႕ တြဲဖက္ပြဲထြက္ခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ တြမ္ဇီဘီကို ေတာ္မီေနးနဲ႕ လူစားလဲခဲ့ရၿပီး ကြင္းလယ္လူ မာတစ္ခ်္ကိုပါ ဗဟိုခံစစ္ေနရာ ဆင္းကစားခိုင္းခဲ့ရတာကို ေတြ႕ခဲ့ရတာ​ပါ။

အရန္ခုံမွာ ရွိေနတဲ့ ဗဟိုခံစစ္သမား လန္ဒေလာ့ဖ္ နဲ႕ မန္ဂီတို႔ကို ထုတ္မသုံးခဲ့တဲ့အခ်က္ေၾကာင့္ ရႈံးပြဲအၿပီးမွာ နည္းျပဆိုးလ္ရွားရဲ႕ လူေ႐ြးခ်ယ္မႈဟာ ေမးခြန္းထုတ္စရာျဖစ္လာခဲ့တယ္။ တပတ္အတြင္း ႏွစ္ပြဲဆက္ ရႈံးပြဲႀကဳံေတြ႕သြားခဲ့​တဲ့ ယူနိုက္တက္အသင္းရဲ႕ဖိအားဟာ ဆိုးလ္ရွားရဲ႕ ပခုံးေပၚကို အလုံးစုက်ေရာက္သြားခဲ့ၿပီး သူ႕ရဲ႕ေ႐ြးခ်ယ္မႈေတြကို ပြဲအၿပီးမွာ အခုလို ရွင္းလင္းျပသြားတာကိုလည္း ေတြ႕ရမွာပါ။

” လူအေျပာင္းအလဲေတြနဲ႕ ပြဲထုတ္ခဲ့ေပမယ့္ နည္းဗ်ဴဟာပိုင္းအရေတာ့ အရင္လို လုပ္ေနက်အတိုင္းပဲ မျခားနားဘဲ ျပင္ဆင္လာခဲ့တာပါ။ ကြၽန္ေတာ္တို႔ စြမ္းေဆာင္ရည္ညံ့ခဲ့တာပါ။ အခု ကြင္းထဲက အသင္းသားေတြထဲမွာ လူသစ္ျဖစ္တဲ့ ဒြန္နီကလြဲရင္ ပြဲေပါင္းမ်ားစြာ အတူတူကစားလာခဲ့ၾကသူေတြပါ။ ဗစ္တာကေတာ့ ေနာက္ေက်ာဒဏ္ရာေၾကာင့္ အနားေပးထားလိုက္ၿပီး တြမ္ဇီဘီကို ပြဲထြက္ေစခဲ့ျခင္းပါ”

” ပြဲခ်ိန္ေနာက္ပိုင္းမိနစ္ေတြမွာ နည္းဗ်ဴဟာကို အလွည့္အေျပာင္းတခ်ိဳ႕လုပ္ခဲ့ရတယ္။ အရန္ခုံက ကစားသမား ငါးဦးကို ကြင္းထဲထည့္လိုက္တယ္။ ဒြန္နီကေတာ့ ေသ​ေသသပ္သပ္ေလး ကစားသြားခဲ့တယ္။ ကြၽန္ေတာ္ခံစားမိတာေတာ့ အသင္းက ဘယ္ဘက္ျခမ္းမွာ အရမ္းစုၿပဳံေရာက္ေနၿပီးေတာ့ ကြင္းညာဘက္ခံစစ္ျခမ္းမွာ ပြင့္ထြက္ေနခဲ့ပါတယ္ ”

REF: MANCHESTEREVENING
PHOTOS CREDIT TO OWNERS
SPORTS A2Z