Premier League

ချန်ပီယံလိဂ်ရှုံးပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ကစားသမား ၃ ဦးကို ပြစ်တင်ရှုံ့ချလိုက်တဲ့ ပေါလ်စခိုး

ပြီးခဲ့တဲ့ညက ချန်ပီယံလိဂ်အုပ်စုပွဲစဥ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အစ္စတန်ဘူလ်အသင်းကို ၂ဂိုး ၁ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပြီး ၃ ပွဲဆက် ဥရောပနိုင်ပွဲရယူဖို့ မောင်းတင်လာခဲဲ့တဲ့ ယူနိုက်တက်ရဲ့ မျှော်လင့်ချက် ဆိတ်သုဥ်းသွားခဲ့ရ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အဘက်ဘက်က ဝေဖန်စရာတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။

ဒီပွဲအပြီးမှာတော့ ယူနိုက်တက်ကစားသမားဟောင်း ပေါလ်စခိုးက အသင်းရဲ့ ကစားသမား ၃ ဦးကို အဓိက ပြစ်တင်ရှုံ့ချသွားခဲ့ပြီး ၁၀ နှစ်သားတွေ ဘောလုံးကန်သလို ကလေးကစားသလို ဘောလုံးကစားနေ​တာ ရှက်ဖို့ကောင်းတယ်လို့ ပြင်းပြင်းထန်ထန် ထိုးနှက်လှောင်ပြောင်သွားခဲ့ကြောင်း သိရပါတယ်။

ပေါလ်စခိုးက ဒီပွဲမှာ ဂိုးသမား ဒင်းဟန်ဒါဆန်နဲ့ ကွင်းလယ်ခံစစ်ပိုင်းတာဝန်ယူထားတဲ့ မာတစ်ချ်တို့ဟာ အဓိကအပြစ်ရှိတယ်လို့ ဆိုသွားခဲ့ပြီး ယူနိုက်တက်အသင်း ဂိုးခွင့်မပြုရစေဖို့ ဒီထက်ပို အားထုတ်သင့်ခဲ့ကြောင်း ဝေဖန်သွားခဲ့တာပါ။

ဘားရဲ့ အဖွင့်ဂိုးမှာ ယူနိုက်တက်ခံစစ်က တစစီပြိုကွဲနေခဲ့ပြီး ဟန်ဒါဆန်အနေနဲ့ ဒီဂိုးဟာ ကာကွယ်နိုင်သင့်တဲ့ဂိုးဖြစ်ကြောင်း ပြောသွားခဲ့သလို မာတစ်ချ်ရဲ့ ခံစစ်လူကပ်ကစားပုံ ညံ့ဖျင်းတာဟာ ဟာသတပုဒ်လို ရယ်စရာကောင်းခဲ့ပြီး လွယ်လွယ်ကူကူ ဂိုးခွင့်ပြုခဲ့ရတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး မာစီယယ်လ်ရဲ့စွမ်းဆောင်ရည်ကိုလည်း ထိုးနှက်သွားခဲ့ပြီး အစ္စတန်ဘူလ်ရဲ့ခံစစ်အတွက် ကိုယ်ပျောက်ကစားနေသူ တယောက်လို ဖြစ်နေခဲ့ကာ ဗဟိုခံစစ်မှူးတွေရဲ့ အရှေ့မှာ လမ်းသလားနေရုံကလွဲပြီး ဘာမှမလုပ်ခဲ့ကြောင်း BT sports ကို ပြောသွားခဲ့တာပါ။ တပတ်အတွင်း နှစ်ပွဲဆက် ရှုံးပွဲကြုံတွေ့သွားခဲ့​တဲ့ ယူနိုက်တက်အသင်းဟာ လာမယ့် အဲဗာတန်အသင်းနဲ့ပွဲစဥ်မှာ ဘယ်လိုလှိုင်းထန်မှုတွေနဲ့ ရင်ဆိုင်ရဦးမလဲဆိုတာ ပရိသတ်တွေ ရင်တမမဖြစ်နေတော့မှာလည်း အမှန်ပါပဲ။

REF: BT SPORTS
PHOTOS CREDIT TO OWNERS
SPORTS A2Z.h

ZAWGYI:

ပြီးခဲ့တဲ့ညက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ အစ္စတန်ဘူလ်အသင်းကို ၂ဂိုး ၁ဂိုးနဲ့ အရေးနိမ့်သွားခဲ့ပြီး ၃ ပွဲဆက် ဥရောပနိုင်ပွဲရယူဖို့ မောင်းတင်လာခဲ့တဲ့ ယူနိုက်တက်ရဲ့ မျှော်လင့်ချက် ဆိတ်သုဉ်းသွားခဲ့ရ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ အဘက်ဘက်က ဝေဖန်စရာတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်။


ပေါလ်စခိုးက ဒီပွဲမှာ ဂိုးသမား ဒင်းဟန်ဒါဆန်နဲ့ ကွင်းလယ်ခံစစ်ပိုင်းတာဝန်ယူထားတဲ့ မာတစ်ခ်ျတို့ဟာ အဓိကအပြစ်ရှိတယ်လို့ ဆိုသွားခဲ့ပြီး ယူနိုက်တက်အသင်း ဂိုးခွင့်မပြုရစေဖို့ ဒီထက်ပို အားထုတ်သင့်ခဲ့ကြောင်း ဝေဖန်သွားခဲ့တာပါ။

ဘားရဲ့ အဖွင့်ဂိုးမှာ ယူနိုက်တက်ခံစစ်က တစစီပြိုကွဲနေခဲ့ပြီး ဟန်ဒါဆန်အနေနဲ့ ဒီဂိုးဟာ ကာကွယ်နိုင်သင့်တဲ့ဂိုးဖြစ်ကြောင်း ပြောသွားခဲ့သလို မာတစ်ခ်ျရဲ့ ခံစစ်လူကပ်ကစားပုံ ညံ့ဖျင်းတာဟာ ဟာသတပုဒ်လို ရယ်စရာကောင်းခဲ့ပြီး လွယ်လွယ်ကူကူ ဂိုးခွင့်ပြုခဲ့ရတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။


REF: BT SPORTS
SPORTS A2Z.