La Liga Premier League

ဘာစီလိုနာနဲ႔ ရီးရဲလ္မက္ဒရစ္ကို ဗန္ဒိုက္ေျပာင္းေရႊ႕ႏုိင္ေၾကာင္း ေပါလ္အင့္စ္သတိေပး

လီဗာပူးလ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း ေပါလ္အင့္စ္က ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္လို ကမာၻ႔အေကာင္းဆုံး ေနာက္ခံလူတစ္ဦးကို ထိပ္တန္းအသင္းႀကီးေတြက အေႏွးနဲ႔အျမန္ ေခၚယူဖို႔ ႀကဳိးစားလာၾကမွာျဖစ္ၿပီး ဒါကို ေတာင့္ခံႏိုင္ဖုိ႔ မလြယ္ႏုိင္တဲ့အတြက္ ဘယ္လို ေျဖရွင္းမလဲဆုိတာ ႀကဳိတင္စဥ္းစားထားဖို႔ သတိေပးလုိက္ပါတယ္။

ေပါလ္အင့္စ္က ဒီကစားသမားဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာလို အသင္းႀကီးမ်ဳိးေတြမွာ အံဝင္ႏုိင္တဲ့ အရည္အေသြးေကာင္းေတြရွိေနလို႔ သူ႕ကို ေခၚယူလာႏုိင္တာကို တြက္ဆခဲ့ၿပီး ဒီအသင္းေတြရဲ႕ ခံစစ္က အဓိက ကစားသမားေတြျဖစ္ၾကတဲ့ ဆာဂ်ီယို ရာမို႔စ္နဲ႔ ဂ်ရတ္ ပီေကးတုိ႔ဟာ အသက္ အရြယ္ရလာတာကိုလည္း ေထာက္ျပခဲ့ပါတယ္။

“အသင္းကို တည္ေဆာက္လာတာ အင္အားေကာင္းတဲ့ အေနအထားကို ေရာက္ေနပါၿပီ။ ဒါေပမယ့္ ဒီကစားသမားေတြကို ဆက္လက္ၿပီး ထိန္းသိမ္းထားႏုိင္ဖို႔ကေတာ့ လြယ္ပါ့မလားလို႔ပဲ ေမးခ်င္ပါတယ္။ ကၽြန္ေတာ္တုိ႔အေနနဲ႔ ေကာ္တင္ဟိုကို အသင္းမွာ ဆက္ရွိမယ္လို႔ ထင္ခဲ့ေပမယ့္ ဘာစီလိုနာက လာေခၚေတာ့ ခ်က္ခ်င္းပဲ အသင္းေျပာင္းသြားခဲ့တာမ်ဳိးေပါ့။ ဒါေၾကာင့္ ဗန္ဒိုက္ကိုလည္း ဒီလိုမလုပ္ၾကဘူးလို႔ မေျပာႏုိင္ပါဘူး”ဆိုၿပီး ေပါလ္အင့္စ္က သုံးသပ္ခဲ့ပါတယ္။

“ဒါက သူတို႔ကိုယ္တုိင္နဲ႔ အသင္းရဲ႕ ေအာင္ျမင္မွဳေတြေၾကာင့္ ရင္ဆုိင္ရတဲ့ ျပႆနာျဖစ္ၿပီး ဒီလိုမ်ဳိး ေကာင္းမလာဘူးဆုိရင္လဲ ဘယ္သူကမွ စိတ္ဝင္စားမွာ မဟုတ္ပါဘူး။ မန္ခ်က္စတာယူႏုိက္တက္နဲ႔ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကိုပဲ ၾကည့္ပါ။ သူ႕အေနနဲ႔ အဂၤလန္က ဆုေတြနဲ႔ ခ်န္ပီယံလိဂ္ကိုလည္း ယူၿပီးၿပီ… ရီးရဲလ္မက္ဒရစ္က ေခၚလာေတာ့ စိန္ေခၚမွဳသစ္ေတြအတြက္ဆုိၿပီး ေျပာင္းသြားခဲ့တာပဲေလ”ဆိုၿပီး ေအာင္ျမင္မွဳေတြ ရရွိေနတိုင္း ကစားသမားေကာင္းေတြကို ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ တရားေသတြက္လို႔ မရေၾကာင္းလည္း ဆုိခဲ့ပါတယ္။

ေပါလ္အင့္စ္က နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ ဒါကို ႀကဳိၿပီးေတြးထားသင့္ေၾကာင္းနဲ႔ ကစားသမားေတြကို ဆုံးရွဳံးရမယ္ဆုိရင္ အနာဂတ္မွာ အသင္းကို ဘယ္လိုမ်ဳိး ထပ္ၿပီးတည္ေဆာက္မလဲဆုိတာကို အစီအစဥ္ ႀကဳိတင္ခ်မွတ္ထားသင့္ေၾကာင္း သတိေပးသြားခဲ့တယ္လို႔ သိရွိရပါတယ္။

REF: GOAL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ပေါလ်အင့်စ်က နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်လို ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ဦးကို ထိပ်တန်းအသင်းကြီးတွေက အနှေးနဲ့အမြန် ခေါ်ယူဖို့ ကြိုးစားလာကြမှာဖြစ်ပြီး ဒါကို တောင့်ခံနိုင်ဖို့ မလွယ်နိုင်တဲ့အတွက် ဘယ်လို ဖြေရှင်းမလဲဆိုတာ ကြိုတင်စဉ်းစားထားဖို့ သတိပေးလိုက်ပါတယ်။

ပေါလ်အင့်စ်က ဒီကစားသမားဟာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာလို အသင်းကြီးမျိုးတွေမှာ အံဝင်နိုင်တဲ့ အရည်အသွေးကောင်းတွေရှိနေလို့ သူ့ကို ခေါ်ယူလာနိုင်တာကို တွက်ဆခဲ့ပြီး ဒီအသင်းတွေရဲ့ ခံစစ်က အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဆာဂျီယို ရာမို့စ်နဲ့ ဂျရတ် ပီကေးတို့ဟာ အသက် အရွယ်ရလာတာကိုလည်း ထောက်ပြခဲ့ပါတယ်။

“အသင်းကို တည်ဆောက်လာတာ အင်အားကောင်းတဲ့ အနေအထားကို ရောက်နေပါပြီ။ ဒါပေမယ့် ဒီကစားသမားတွေကို ဆက်လက်ပြီး ထိန်းသိမ်းထားနိုင်ဖို့ကတော့ လွယ်ပါ့မလားလို့ပဲ မေးချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကော်တင်ဟိုကို အသင်းမှာ ဆက်ရှိမယ်လို့ ထင်ခဲ့ပေမယ့် ဘာစီလိုနာက လာခေါ်တော့ ချက်ချင်းပဲ အသင်းပြောင်းသွားခဲ့တာမျိုးပေါ့။ ဒါကြောင့် ဗန်ဒိုက်ကိုလည်း ဒီလိုမလုပ်ကြဘူးလို့ မပြောနိုင်ပါဘူး”ဆိုပြီး ပေါလ်အင့်စ်က သုံးသပ်ခဲ့ပါတယ်။

“ဒါက သူတို့ကိုယ်တိုင်နဲ့ အသင်းရဲ့ အောင်မြင်မှုတွေကြောင့် ရင်ဆိုင်ရတဲ့ ပြဿနာဖြစ်ပြီး ဒီလိုမျိုး ကောင်းမလာဘူးဆိုရင်လဲ ဘယ်သူကမှ စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ မန်ချက်စတာယူနိုက်တက်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကိုပဲ ကြည့်ပါ။ သူ့အနေနဲ့ အင်္ဂလန်က ဆုတွေနဲ့ ချန်ပီယံလိဂ်ကိုလည်း ယူပြီးပြီ… ရီးရဲလ်မက်ဒရစ်က ခေါ်လာတော့ စိန်ခေါ်မှုသစ်တွေအတွက်ဆိုပြီး ပြောင်းသွားခဲ့တာပဲလေ”ဆိုပြီး အောင်မြင်မှုတွေ ရရှိနေတိုင်း ကစားသမားကောင်းတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ တရားသေတွက်လို့ မရကြောင်းလည်း ဆိုခဲ့ပါတယ်။

ပေါလ်အင့်စ်က နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ ဒါကို ကြိုပြီးတွေးထားသင့်ကြောင်းနဲ့ ကစားသမားတွေကို ဆုံးရှုံးရမယ်ဆိုရင် အနာဂတ်မှာ အသင်းကို ဘယ်လိုမျိုး ထပ်ပြီးတည်ဆောက်မလဲဆိုတာကို အစီအစဉ် ကြိုတင်ချမှတ်ထားသင့်ကြောင်း သတိပေးသွားခဲ့တယ်လို့ သိရှိရပါတယ်။

REF: GOAL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.