Premier League

၅.၁၁.၂၀၂၀ – နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

ပြီးခဲ့တဲ့ညက ချန်ပီယံလိဂ်ပွဲစဥ်မှာ အစ္စတန်ဘူလ်အသင်းကို မန်ချက်စတာယူနိုက်တက်အသင်းက နှစ်ဂိုး တစ်ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး လီဗာပူးလ်ကစားသမားဟောင်း စကာတယ်လ်ပါဝင်ကစားခဲ့သလို လီဗာပူးလ်ပရိသတ်တယောက်အနေနဲ့ ယူနိုက်တက်ကိုအနိုင်ယူရတာ သိပ်ချိုမြိန်စရာကောင်းတယ်လို့ ပြောသွားခဲ့။

၂၀၁၆ ခုနှစ်က လီဗာပူးလ်အသင်းရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဥ်မတိုင်မီမှာ လီဗာပူးလ်ကစားသမား ဆာခိုရဲ့ ဝိတ်ချဆေး သုံးစွဲမှုကို တားမြစ်ဆေးသုံးစွဲတယ်လို့ စွပ်စွဲအရေးယူခံခဲ့ပြီး သုံးနှစ်အကြာမှာတော့ အဆိုပါဆေးဟာ တားမြစ်ဆေးမဟုတ်ကြောင်း UEFA က ပြန်လည်တောင်းပန်သွားခဲ့ပြီး ဆာခိုထံ တရားဝင်တောင်းပန်စာ ပို့သွားခဲ့ကြောင်းသိရ။

လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန် ဘက်ကာက အသင်းရဲ့ လက်ရှိနိုင်ပွဲတွေအတွက် ပီပီပြင်ပြင် ဂိုးသွင်းယူနေတဲ့ ဒီယိုဂို ဂျိုတာကို တကယ့်လူလို့ ချီးကျူးသွားခဲ့ပြီး တိုးတက်နေတဲ့ လူငယ်ကစားသမား နက်ဖီးလစ်နဲ့ ရီးဝီလီယမ်းစ်တို့အတွက်လည်း ပျော်ရွှင်နေကြောင်း ဖွင့်ဟသွားခဲ့။

လီဗာပူးလ်ဘောလုံးအသင်းအကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်အသစ် ထွက်ရှိလာတော့မှာဖြစ်ပြီး ကမ္ဘာကျော်အဆိုတော် လာနာဒယ်လ်ရေးက အသင်းရဲ့ သီချင်း ”You’ll Never Walk Alone” ကို ပါဝင်သီဆိုထားခဲ့တယ်လို့ သိရပြီး ယင်းမှတ်တမ်းရုပ်ရှင်အတွက် အသေးစိတ်အချက်အလက်ကိုမူ မသိရှိရသေး။

လီဗာပူးလ်အသင်းဟာ အမေရိကန်အခြေစိုက် ခရီးသွားကုမ္ပဏီ Expedia နဲ့ ၂၀၂၂-၂၃ ရာသီအထိ စပွန်ဆာစာချုပ်သစ် ချုပ်ဆိုခဲ့ပြီး အသင်းဂျာစီရဲ့ လက်မောင်းမှာ စပွန်ဆာတံဆိပ်ကို ရေးထိုးဖော်ပြမည်ဖြစ်ကာ တရာသီ ပေါင် ၉သန်းကနေ ၁၀ သန်းအထိ ရရှိသွားဖွယ်ရှိ။

သုံးပွဲဆက် ချန်ပီယံလိဂ်ပေးဂိုးမရှိတော့တဲ့ လီဗာပူးလ်အသင်းဟာ ကိုးမှတ်အပြည့် ရယူနိင်ခဲ့သလို အသင်းရဲ့ အဓိက ကစားသမား ဗန်ဒိုက် မပါဝင်နိုင်တဲ့နောက် အကောင်းဆုံး စိတ်ဓာတ်ပိုင်းဆိုင်ရာ မာကျောမှုကို ပြသနေပြီး ချန်ပီယံအသင်းတသင်းရဲ့ မာဂုဏ်​ခြေစွမ်းအတိုင်း ဆက်လက်ထိန်းသိမ်းထား။

ခံစစ်ကစားသမားတွေ ဒဏ်ရာရမှုများပြားနေခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ ပေးဂိုး ၂ ဂိုးသာ ခွင့်ပြုခဲ့ရတဲ့ လီဗာပူးလ်အသင်းဟာ ခံစစ်မှတ်တမ်းအရ ဥရောပအဆင့် ထိပ်တန်းအသင်းအနေနဲ့ ယှဥ်ပြိုင်ရပ်တည်နေတည်နေပြီး ဒါဟာ မိုက်ကယ် အက်ဒ်ဝက်ရဲ့ မှန်ကန်တဲ့ အ​ပြောင်းအရွှေ့လုပ်ဆောင်မှုတွေကြောင့် ဖြစ်တယ်လို့သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အစၥတန္ဘူလ္အသင္းကို မန္ခ်က္စတာယူႏိုက္တက္အသင္းက ႏွစ္ဂိုး တစ္ဂိုးနဲ႔ အေရးနိမ့္ခဲ့ၿပီး လီဗာပူးလ္ကစားသမားေဟာင္း စကာတယ္လ္ပါဝင္ကစားခဲ့သလို လီဗာပူးလ္ပရိသတ္တေယာက္အေနနဲ႔ ယူႏိုက္တက္ကိုအႏိုင္ယူရတာ သိပ္ခ်ိဳၿမိန္စရာေကာင္းတယ္လို႔ ေျပာသြားခဲ့။

၂၀၁၆ ခုႏွစ္က လီဗာပူးလ္အသင္းရဲ႕ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲစဥ္မတိုင္မီမွာ လီဗာပူးလ္ကစားသမား ဆာခိုရဲ႕ ဝိတ္ခ်ေဆး သုံးစြဲမႈကို တားျမစ္ေဆးသုံးစြဲတယ္လို႔ စြပ္စြဲအေရးယူခံခဲ့ၿပီး သုံးႏွစ္အၾကာမွာေတာ့ အဆိုပါေဆးဟာ တားျမစ္ေဆးမဟုတ္ေၾကာင္း UEFA က ျပန္လည္ေတာင္းပန္သြားခဲ့ၿပီး ဆာခိုထံ တရားဝင္ေတာင္းပန္စာ ပို႔သြားခဲ့ေၾကာင္းသိရ။

လီဗာပူးလ္ဂိုးသမား အယ္လစ္ဆန္ ဘက္ကာက အသင္းရဲ႕ လက္ရွိႏိုင္ပြဲေတြအတြက္ ပီပီျပင္ျပင္ ဂိုးသြင္းယူေနတဲ့ ဒီယိုဂို ဂ်ိဳတာကို တကယ့္လူလို႔ ခ်ီးက်ဴးသြားခဲ့ၿပီး တိုးတက္ေနတဲ့ လူငယ္ကစားသမား နက္ဖီးလစ္နဲ႔ ရီးဝီလီယမ္းစ္တို႔အတြက္လည္း ေပ်ာ္႐ႊင္ေနေၾကာင္း ဖြင့္ဟသြားခဲ့။

လီဗာပူးလ္ေဘာလုံးအသင္းအေၾကာင္း ႐ိုက္ကူးထားတဲ့ မွတ္တမ္း႐ုပ္ရွင္အသစ္ ထြက္ရွိလာေတာ့မွာျဖစ္ၿပီး ကမာၻေက်ာ္အဆိုေတာ္ လာနာဒယ္လ္ေရးက အသင္းရဲ႕ သီခ်င္း ”You’ll Never Walk Alone” ကို ပါဝင္သီဆိုထားခဲ့တယ္လို႔ သိရၿပီး ယင္းမွတ္တမ္း႐ုပ္ရွင္အတြက္ အေသးစိတ္အခ်က္အလက္ကိုမူ မသိရွိရေသး။

လီဗာပူးလ္အသင္းဟာ အေမရိကန္အေျခစိုက္ ခရီးသြားကုမၸဏီ Expedia နဲ႔ ၂၀၂၂-၂၃ ရာသီအထိ စပြန္ဆာစာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၿပီး အသင္းဂ်ာစီရဲ႕ လက္ေမာင္းမွာ စပြန္ဆာတံဆိပ္ကို ေရးထိုးေဖာ္ျပမည္ျဖစ္ကာ တရာသီ ေပါင္ ၉သန္းကေန ၁၀ သန္းအထိ ရရွိသြားဖြယ္ရွိ။

သုံးပြဲဆက္ ခ်န္ပီယံလိဂ္ေပးဂိုးမရွိေတာ့တဲ့ လီဗာပူးလ္အသင္းဟာ ကိုးမွတ္အျပည့္ ရယူနိင္ခဲ့သလို အသင္းရဲ႕ အဓိက ကစားသမား ဗန္ဒိုက္ မပါဝင္ႏိုင္တဲ့ေနာက္ အေကာင္းဆုံး စိတ္ဓာတ္ပိုင္းဆိုင္ရာ မာေက်ာမႈကို ျပသေနၿပီး ခ်န္ပီယံအသင္းတသင္းရဲ႕ မာဂုဏ္​ေျခစြမ္းအတိုင္း ဆက္လက္ထိန္းသိမ္းထား။

ခံစစ္ကစားသမားေတြ ဒဏ္ရာရမႈမ်ားျပားေနခဲ့တဲ့ ေနာက္ဆုံး ၅ ပြဲမွာ ေပးဂိုး ၂ ဂိုးသာ ခြင့္ျပဳခဲ့ရတဲ့ လီဗာပူးလ္အသင္းဟာ ခံစစ္မွတ္တမ္းအရ ဥေရာပအဆင့္ ထိပ္တန္းအသင္းအေနနဲ႔ ယွဥ္ၿပိဳင္ရပ္တည္ေနတည္ေနၿပီး ဒါဟာ မိုက္ကယ္ အက္ဒ္ဝက္ရဲ႕ မွန္ကန္တဲ့ အ​ေျပာင္းအေ႐ႊ႕လုပ္ေဆာင္မႈေတြေၾကာင့္ ျဖစ္တယ္လို႔သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.