Premier League Transfer News UCL&UEL

၅.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– ချေပဂိုးတစ်ဂိုးကို ခေါင်းတိုက်သွင်းယူပေးနိုင်ခဲ့ပေမယ့် အသင်းရှုံးနေချိန်မှာ တက်တက်ကြွကြွ မကစားဘဲ ကွင်းထဲ လမ်းလျှောက်နေခဲ့တယ်လို့ ပြင်သစ်တိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ကို ပေါလ်စခိုးလ် ရှုတ်ချလိုက်ပြီး အသင်းအတွက် မပေးဆပ်ဘူးလို့ စွဲချက်တင်သွားခဲ့သလို အသင်းက ယူ-၁၀ အသင်းနဲ့ တူနေတယ်လို့ ဝေဖန်။

– အစ္စတန်ဘူလ် ဘာရှက်ရှီဟာအသင်းဘက်ကနေ ခြေစွမ်းပြခဲ့တဲ့ ညာနောက်ခံလူ ရာဖေးလ် ဒါဆေးလ်ဗားကို သူတို့အနေနဲ့ ဘယ်တုန်းကမှ မရောင်းချခဲ့သင့်ဘူးလို့ ယူနိုက်တက်နောက်ခံလူဟောင်း ရီယို ဖာဒီနန် ပြောကြား။

– ဆိုးလ်ရှားအပေါ် မုန်းတီးတာမျိုး မရှိပေမယ့် လမ်းခွဲဖို့ အချိန်ရောက်ပြီလို့ အသင်းတာဝန်ရှိသူတွေကို ပရိသတ်တွေက ထုတ်ပယ်ဖို့ ဝိုင်းဝန်းတောင်းဆိုနေကြပြီး ပိုချက်တီနိုကို အမြန်ဆုံး ခေါ်ယူခန့်အပ်ဖို့ တွစ်တာမှာ ရေးသားနေကြ။

– မန်ချက်စတာယူနိုက်တက် ခွင့်ပြုခဲ့ရတဲ့ ဒမ်ဘာဘားရဲ့ သွင်းဂိုးအတွက် ကွင်းလယ်လူ နီမန်ဂျာ မာတစ်ချ်ဟာ နေရာယူပုံ ရှေ့ရောက်လွန်းနေပြီး လက်ထောက်နည်းပြ မိုက်ဖီလန်ရဲ့ အော်ဟစ်သတိပေးမှုကိုလည်း လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ ပေါလ် စခိုးလ်ထောက်ပြ။

– အစ္စတန်ဘူလ်မှာ လင်ဒီလော့ဖ်ကို မက်ဂွိုင်းယားနဲ့ တွဲမပေးခဲ့ဘဲ တွမ်ဇီဘီကို အသုံးပြုခဲ့တာဟာ ဆွီဒင်သားရဲ့ ဒဏ်ရာရရှိနေတဲ့ အခြေအနေကြောင့်ဖြစ်တယ်လို့ ဆိုးလ်ရှား ရှင်းလင်းသွားခဲ့ပြီး သူ့ရဲ့ အပြောင်းအလဲလုပ်ခဲ့ရတာတွေအတွက် ကာကွယ်ပြောကြား။

– မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို စိတ်ဝင်စားဖူးပြီး ဂရုတစိုက်ရှိတာ မှန်ပေမယ့် လောလောဆယ်မှာတော့ မိမိတို့အနေနဲ့ ခေါ်ယူသွားဖို့ ရှိဦးမှာ မဟုတ်ကြောင်း ဂျူဗင်တပ်စ်အသင်း အားကစားဒါရိုက်တာ ဖာဘီယို ပါရာတီချီပြောကြား။

– အသင်းအနေနဲ့ ပထမ ၁၀ မိနစ်မှာ ကောင်းကောင်းကစားနိုင်ခဲ့ပေမယ့် ဘယ်လိုဖြစ်ပြီး ဂိုးပေးလိုက်မိတယ်ဆိုတာကို နားမလည်ကြောင်းနဲ့ ကစားပုံကတော့ တော်တော်လေး စိတ်ပျက်စရာကောင်းခဲ့ကြောင်း ပွဲထွက်ခွင့် နည်းပါးနေပြီး ဒီနေ့ပွဲမှာ ရှားရှားပါးပါး ကစားခွင့်ရခဲ့တဲ့ ကွင်းလယ်လူ ဗန်ဒဘိခ် ဝန်ခံသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေခ်ပဂိုးတစ္ဂိုးကို ေခါင္းတုိက္သြင္းယူေပးႏုိင္ခဲ့ေပမယ့္ အသင္းရွဳံးေနခ်ိန္မွာ တက္တက္ၾကြၾကြ မကစားဘဲ ကြင္းထဲ လမ္းေလွ်ာက္ေနခဲ့တယ္လို႔ ျပင္သစ္တုိက္စစ္မွဴး အန္တိုနီ မာစီယယ္လ္ကို ေပါလ္စခိုးလ္ ရွဳတ္ခ်လိုက္ၿပီး အသင္းအတြက္ မေပးဆပ္ဘူးလို႔ စြဲခ်က္တင္သြားခဲ့သလို အသင္းက ယူ-၁၀ အသင္းနဲ႔ တူေနတယ္လို႔ ေဝဖန္။

– အစၥတန္ဘူလ္ ဘာရွက္ရွီဟာအသင္းဘက္ကေန ေျခစြမ္းျပခဲ့တဲ့ ညာေနာက္ခံလူ ရာေဖးလ္ ဒါေဆးလ္ဗားကို သူတို႔အေနနဲ႔ ဘယ္တုန္းကမွ မေရာင္းခ်ခဲ့သင့္ဘူးလို႔ ယူႏုိက္တက္ေနာက္ခံလူေဟာင္း ရီယို ဖာဒီနန္ ေျပာၾကား။

– ဆုိးလ္ရွားအေပၚ မုန္းတီးတာမ်ဳိး မရွိေပမယ့္ လမ္းခြဲဖို႔ အခ်ိန္ေရာက္ၿပီလို႔ အသင္းတာဝန္ရွိသူေတြကို ပရိသတ္ေတြက ထုတ္ပယ္ဖို႔ ဝိုင္းဝန္းေတာင္းဆုိေနၾကၿပီး ပိုခ်က္တီႏိုကို အျမန္ဆုံး ေခၚယူခန္႔အပ္ဖို႔ တြစ္တာမွာ ေရးသားေနၾက။

– မန္ခ်က္စတာယူႏုိက္တက္ ခြင့္ျပဳခဲ့ရတဲ့ ဒမ္ဘာဘားရဲ႕ သြင္းဂိုးအတြက္ ကြင္းလယ္လူ နီမန္ဂ်ာ မာတစ္ခ်္ဟာ ေနရာယူပုံ ေရွ႕ေရာက္လြန္းေနၿပီး လက္ေထာက္နည္းျပ မုိက္ဖီလန္ရဲ႕ ေအာ္ဟစ္သတိေပးမွဳကိုလည္း လုိက္နာဖို႔ ပ်က္ကြက္ခဲ့တယ္လုိ႔ ေပါလ္ စခုိးလ္ေထာက္ျပ။

– အစၥတန္ဘူလ္မွာ လင္ဒီေလာ့ဖ္ကို မက္ဂြဳိင္းယားနဲ႔ တြဲမေပးခဲ့ဘဲ တြမ္ဇီဘီကို အသုံးျပဳခဲ့တာဟာ ဆြီဒင္သားရဲ႕ ဒဏ္ရာရရွိေနတဲ့ အေျခအေနေၾကာင့္ျဖစ္တယ္လို႔ ဆုိးလ္ရွား ရွင္းလင္းသြားခဲ့ၿပီး သူ႕ရဲ႕ အေျပာင္းအလဲလုပ္ခဲ့ရတာေတြအတြက္ ကာကြယ္ေျပာၾကား။

– မန္ခ်က္စတာယူႏုိက္တက္ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို စိတ္ဝင္စားဖူးၿပီး ဂ႐ုတစိုက္ရွိတာ မွန္ေပမယ့္ ေလာေလာဆယ္မွာေတာ့ မိမိတုိ႔အေနနဲ႔ ေခၚယူသြားဖို႔ ရွိဦးမွာ မဟုတ္ေၾကာင္း ဂ်ဴဗင္တပ္စ္အသင္း အားကစားဒါ႐ိုက္တာ ဖာဘီယို ပါရာတီခ်ီေျပာၾကား။

– အသင္းအေနနဲ႔ ပထမ ၁၀ မိနစ္မွာ ေကာင္းေကာင္းကစားႏုိင္ခဲ့ေပမယ့္ ဘယ္လိုျဖစ္ၿပီး ဂိုးေပးလိုက္မိတယ္ဆိုတာကို နားမလည္ေၾကာင္းနဲ႔ ကစားပုံကေတာ့ ေတာ္ေတာ္ေလး စိတ္ပ်က္စရာေကာင္းခဲ့ေၾကာင္း ပြဲထြက္ခြင့္ နည္းပါးေနၿပီး ဒီေန႔ပြဲမွာ ရွားရွားပါးပါး ကစားခြင့္ရခဲ့တဲ့ ကြင္းလယ္လူ ဗန္ဒဘိခ္ ဝန္ခံသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.