Premier League Transfer News UCL&UEL

၅.၁၁.၂၀၂၀ – နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အခုတော့ လူတိုင်းက သူဘာလုပ်ပြနိုင်သလဲဆိုတာ သိခဲ့ပြီလို့ အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက အသင်းမှာ တစ်ကျော့ပြန် တောက်ပလာခဲ့တဲ့ အီဂျစ်ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့။

– ဒေးဗစ် လူးဝစ်ဇ် ဒဏ်ရာကနေ ပြန်သက်သာလာတာကို ကြိုဆိုကြောင်း ပရိသတ်တွေက တွစ်တာမှာ ရေးသားကြိုဆိုခဲ့ကြပြီး သောမတ်စ် ပါတေးနဲ့ အယ်လ်နန်နီတို့ ခြေစွမ်းပြနေချိန်မှာ သူနဲ့ ချာကာတို့ ခံစစ်ကစားရင်လည်း အဆင်ပြေတယ်လို့ ဆိုနေကြ။

– ဘိုင်ယန်မြူးနစ်နဲ့ ပွဲမှာလည်း ခြေစွမ်းပြခဲ့ပြီး အသင်းရှုံးနိမ့်ခဲ့ပေမယ့် လက်ရှိချန်ပီယံဘက်ကို ဖန်တီးမှုနဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ကွင်းလယ်လူ ဒေါမနစ် ဆိုဘော့ဆ်လိုင်းကိုပဲ ခေါ်ယူပြီး ဈေးကြီးတဲ့ ဟူဆင်းမ် အောဝါကို မေ့လိုက်တော့လို့ ပရိသတ်တွေ ဆန္ဒပေး။

– ရွိုင်းကီးန်အနေနဲ့ အာဆင်နယ်အသင်းရဲ့ အတွင်းရေးကို ဘာမှ မသိဘဲ မဝေဖန်သင့်ကြောင်းနဲ့ အာတီတာရဲ့ ပထမနာမည် မီခယ်လ်လို့ အားလုံးက ခေါ်တာဟာ သူတို့ကြားမှာ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပြသတာဖြစ်ပြီး လေးစားမှုအပြည့်အဝ ထားရှိကြကြောင်း ကွင်းလယ်လူ ဂျိုးဝီလော့ခ် ပြောကြား။

– အော်ကွန် ကော့ချူးကို ဖီယင်နုကနေ အာဆင်နယ်တို့ မခေါ်ယူဖြစ်ခဲ့တာ မှန်တယ်လို့ ဆိုရမှာဖြစ်ပြီး ကိုယ်လုံးကိုယ်ထည်သေးငယ်ပြီး ပေါက်ကွဲအားနည်းသလို လုပ်အားနှုန်းကပါ ကျေနပ်စရာမရှိတဲ့ နယ်သာလန်လူငယ်ကို ဒတ်ချ်ဂျာနယ်လစ်တွေနဲ့ ကစားသမားဟောင်းတွေက သူ့ရဲ့ ပျင်းရိတဲ့ ကစားပုံအတွက် ဝေဖန်နေကြ။

– မခိုမကပ် ကြိုးစားကစားပြီး မြင့်မားတဲ့ လုပ်အားနှုန်းနဲ့ ခြေစွမ်းပြနေတဲ့ အယ်လ်နန်နီအတွက် သူ့ရဲ့ အသင်းမှာ အလှည့်ကျ ကစားခွင့် ရရှိမယ့် ပုံစံနဲ့ စာချုပ်သစ်ကို ဆွေးနွေးပြီး သက်တမ်းတိုးသွားဖို့ အသင်းမန်နေဂျာ အာတီတာ စီစဉ်နေ။

– အသင်းမှာ သူ့ကို ပြင်သစ်သားတွေက Coach လို့ ခေါ်ပြီး ကျန်တဲ့သူတွေက Boss လို့ ခေါ်ကြကြောင်း၊ မီခယ်လ်လို့ ခေါ်လို့ မလေးစားဘူးလို့ ဘယ်တုန်းကမှ မခံစားမိကြောင်းနဲ့ အသင်းအနိုင်ရနေသရွေ့ ဘာမှ စိတ်အနှောင့်အယှက်ဖြစ်စရာ မရှိကြောင်း မန်ယူကစားသမားဟောင်း ရွိုင်းကီးန်ကို အာတီတာက ပါးပါးနပ်နပ်ပဲ တုံ့ပြန်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အခုေတာ့ လူတုိင္းက သူဘာလုပ္ျပႏိုင္သလဲဆုိတာ သိခဲ့ၿပီလို႔ အာဆင္နယ္နည္းျပ မီခယ္လ္ အာတီတာက အသင္းမွာ တစ္ေက်ာ့ျပန္ ေတာက္ပလာခဲ့တဲ့ အီဂ်စ္ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီရဲ႕ စြမ္းေဆာင္ရည္ကို ခ်ီးက်ဴးသြားခဲ့။

– ေဒးဗစ္ လူးဝစ္ဇ္ ဒဏ္ရာကေန ျပန္သက္သာလာတာကို ႀကဳိဆုိေၾကာင္း ပရိသတ္ေတြက တြစ္တာမွာ ေရးသားႀကဳိဆုိခဲ့ၾကၿပီး ေသာမတ္စ္ ပါေတးနဲ႔ အယ္လ္နန္နီတုိ႔ ေျခစြမ္းျပေနခ်ိန္မွာ သူနဲ႔ ခ်ာကာတုိ႔ ခံစစ္ကစားရင္လည္း အဆင္ေျပတယ္လုိ႔ ဆုိေနၾက။

– ဘိုင္ယန္ျမဴးနစ္နဲ႔ ပြဲမွာလည္း ေျခစြမ္းျပခဲ့ၿပီး အသင္းရွဳံးနိမ့္ခဲ့ေပမယ့္ လက္ရွိခ်န္ပီယံဘက္ကို ဖန္တီးမွဳနဲ႔ ထိုးေဖာက္မွဳေတြ ျပဳလုပ္ႏုိင္ခဲ့တဲ့ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ကြင္းလယ္လူ ေဒါမနစ္ ဆိုေဘာ့ဆ္လိုင္းကိုပဲ ေခၚယူၿပီး ေဈးႀကီးတဲ့ ဟူဆင္းမ္ ေအာဝါကို ေမ့လုိက္ေတာ့လို႔ ပရိသတ္ေတြ ဆႏၵေပး။

– ရြဳိင္းကီးန္အေနနဲ႔ အာဆင္နယ္အသင္းရဲ႕ အတြင္းေရးကို ဘာမွ မသိဘဲ မေဝဖန္သင့္ေၾကာင္းနဲ႔ အာတီတာရဲ႕ ပထမနာမည္ မီခယ္လ္လို႔ အားလုံးက ေခၚတာဟာ သူတုိ႔ၾကားမွာ အလြန္ရင္းႏွီးတဲ့ ဆက္ဆံေရးကို ျပသတာျဖစ္ၿပီး ေလးစားမွဳအျပည့္အဝ ထားရွိၾကေၾကာင္း ကြင္းလယ္လူ ဂ်ဳိးဝီေလာ့ခ္ ေျပာၾကား။

– ေအာ္ကြန္ ေကာ့ခ်ဴးကို ဖီယင္ႏုကေန အာဆင္နယ္တုိ႔ မေခၚယူျဖစ္ခဲ့တာ မွန္တယ္လုိ႔ ဆုိရမွာျဖစ္ၿပီး ကိုယ္လုံးကိုယ္ထည္ေသးငယ္ၿပီး ေပါက္ကြဲအားနည္းသလို လုပ္အားႏွဳန္းကပါ ေက်နပ္စရာမရွိတဲ့ နယ္သာလန္လူငယ္ကို ဒတ္ခ်္ဂ်ာနယ္လစ္ေတြနဲ႔ ကစားသမားေဟာင္းေတြက သူ႕ရဲ႕ ပ်င္းရိတဲ့ ကစားပုံအတြက္ ေဝဖန္ေနၾက။

– မခိုမကပ္ ႀကဳိးစားကစားၿပီး ျမင့္မားတဲ့ လုပ္အားႏွဳန္းနဲ႔ ေျခစြမ္းျပေနတဲ့ အယ္လ္နန္နီအတြက္ သူ႕ရဲ႕ အသင္းမွာ အလွည့္က် ကစားခြင့္ ရရွိမယ့္ ပုံစံနဲ႔ စာခ်ဳပ္သစ္ကို ေဆြးေႏြးၿပီး သက္တမ္းတုိးသြားဖို႔ အသင္းမန္ေနဂ်ာ အာတီတာ စီစဥ္ေန။

– အသင္းမွာ သူ႕ကို ျပင္သစ္သားေတြက Coach လုိ႔ ေခၚၿပီး က်န္တဲ့သူေတြက Boss လုိ႔ ေခၚၾကေၾကာင္း၊ မီခယ္လ္လုိ႔ ေခၚလို႔ မေလးစားဘူးလို႔ ဘယ္တုန္းကမွ မခံစားမိေၾကာင္းနဲ႔ အသင္းအႏုိင္ရေနသေရြ႕ ဘာမွ စိတ္အေႏွာင့္အယွက္ျဖစ္စရာ မရွိေၾကာင္း မန္ယူကစားသမားေဟာင္း ရြဳိင္းကီးန္ကို အာတီတာက ပါးပါးနပ္နပ္ပဲ တုံ႔ျပန္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.