Match Report Premier League UCL&UEL

အိမ်ကွင်းမှာ သာသာယာယာပဲ ပုံစံကောင်းနဲ့ နိုင်ပွဲယူခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းကတော့ သူတို့ရဲ့ ခံစစ်မှာ သီယာဂို ဆေးလ်ဗားနဲ့ ဂိုးသမား အေဒူယာ မန်ဒီတို့ ပါဝင်မယ်ဆိုရင် လုံးဝကို တည်ငြိမ်တဲ့ ပုံစံကို ရရှိနေပြီဖြစ်ပြီး ဒီနေ့မှာလည်း အိမ်ကွင်းမှာ တစ်ယောက်လျော့ ရင်းနေးကို သာသာယာယာ ထိန်းချုပ်ကစားပြီး နိုင်ပွဲတစ်ပွဲ ထပ်မံရယူနိုင်ခဲ့ပါတယ်။

ကွင်းလယ်အထိုင်မှာ ဂျော်ဂျင်ညိုကို ပြန်လည်ထည့်သွင်းခဲ့ပြီး ထိန်းကစားခဲ့လို့ တိုက်စစ်မှာ တစ်ယောက်လျော့သွားတဲ့ ချဲလ်ဆီးတို့ ဘန်လေနဲ့ ပွဲကလောက် တိုက်စစ်ဆင်နိုင်ခဲ့ခြင်း မရှိပေမယ့် ပွဲချိန် ၁၀ မိနစ်မှာတော့ တီမို ဗာနာက သူ့ကို ဒဲလ်ဘတ် ဖျက်ထုတ်လို့ရတဲ့ ပင်နယ်တီကို ကိုယ်တိုင်ကန်ပြီး အဖွင့်ဂိုးရယူနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးတို့ အပိုင်အခွင့်အရေးတွေ သိပ်မရခဲ့ပေမယ့်လည်း ကံကတော့ သူတို့ဘက်မှာ ရှိနေခဲ့ပြီး ပွဲချိန် မိနစ် ၄၀ မှာ ဒဲလ်ဘတ်ကပဲ လက်နဲ့ ပုတ်မိလို့ ဒုတိယအဝါနဲ့ အထုတ်ခံခဲ့ရတဲ့အပြင် ဒိုင်လူကြီးက ပင်နယ်တီ ထပ်ပေးခဲ့ပြီး ဒါကိုလည်း ဗာနာကပဲ ပထမကန်တဲ့ အောက်ဘက်ကို ဒိုက်ပစ်တဲ့ ဂိုးသမားကို လှည့်စားပြီး အပေါ်ဘက်ကို ကန်သွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ချဲလ်ဆီးတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးတို့ တစ်ယောက်လျော့ ရင်းနေးဘက်ကို ပိုဖိကစားလာပြီး ဘယ်နောက်ခံလူ ချေးလ်ဝဲလ်ရဲ့ ဖြတ်တင်ဘောတွေက တဖြည်းဖြည်း အန္တရာယ်ကြီးလာခဲ့သလို အေဘရာဟမ်နဲ့ ဇီးယက်ရှ်တို့ လိုအပ်မှုတွေ ရှိနေခဲ့လို့သာ ဂိုးမဖြစ်ခဲ့တာပါ။

ပွဲချိန် မိနစ် ၅၀ မှာတော့ ချဲလ်ဆီးတို့ တတိယဂိုး ထပ်ရခဲ့ပြီး ဒီဂိုးကတော့ ညာခြမ်းက လိုက်တက်လာတဲ့ ရီးစ် ဂျိမ်းစ်ရဲ့ လမ်းကြောင်းထဲကို ဇီးယက်ရှ်က ထည့်ပေးတာကို အင်္ဂလန်သားက အနိမ့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်က အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာ ဂျိမ်းစ်ရဲ့ အနိမ့်ဘောဖြတ်တင်မှုကိုပဲ တီမို ဗာနာ ဟက်ထရစ်ရနိုင်မယ့် အခွင့်အရေးကို လွဲချော်ခဲ့ပြီး လူစားဝင်တိုက်စစ်မှူး အိုလီဗီးယေး ဂျရူးကလည်း အပိုင်အခွင့်အရေးနှစ်ကြိမ်လောက်ကို ဖြုန်းတီးပစ်ခဲ့တာကြောင့် ချဲလ်ဆီးတို့ သုံးဂိုး-ဂိုးမရှိနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

ဒီပွဲအနိုင်ကြောင့် အိမ်ကွင်းမှာ နောက်က လိုက်ကစားပြီးမှ အနိုင်ရခဲ့တဲ့ အုပ်စုတွင်း အဓိကပြိုင်ဘက် ဆီဗီလာကို ဂိုးကွာခြားချက်နဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်မှာ ပေးဂိုးမရှိသေးတဲ့ ခံစစ်ကြောင်းနဲ့ ရလဒ်ကောင်းတွေအတွက် ပြင်သစ်ကလာတဲ့ ခံစစ်တွေနဲ့ လမ်းပတ်ကို အသိအမှတ် ပြုရမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းကေတာ့ သူတုိ႔ရဲ႕ ခံစစ္မွာ သီယာဂို ေဆးလ္ဗားနဲ႔ ဂိုးသမား ေအဒူယာ မန္ဒီတုိ႔ ပါဝင္မယ္ဆုိရင္ လုံးဝကို တည္ၿငိမ္တဲ့ ပုံစံကို ရရွိေနၿပီျဖစ္ၿပီး ဒီေန႔မွာလည္း အိမ္ကြင္းမွာ တစ္ေယာက္ေလ်ာ့ ရင္းေနးကို သာသာယာယာ ထိန္းခ်ဳပ္ကစားၿပီး ႏုိင္ပြဲတစ္ပြဲ ထပ္မံရယူႏုိင္ခဲ့ပါတယ္။

ကြင္းလယ္အထုိင္မွာ ေဂ်ာ္ဂ်င္ညဳိကို ျပန္လည္ထည့္သြင္းခဲ့ၿပီး ထိန္းကစားခဲ့လို႔ တုိက္စစ္မွာ တစ္ေယာက္ေလ်ာ့သြားတဲ့ ခ်ဲလ္ဆီးတုိ႔ ဘန္ေလနဲ႔ ပြဲကေလာက္ တုိက္စစ္ဆင္ႏုိင္ခဲ့ျခင္း မရွိေပမယ့္ ပြဲခ်ိန္ ၁၀ မိနစ္မွာေတာ့ တီမို ဗာနာက သူ႕ကို ဒဲလ္ဘတ္ ဖ်က္ထုတ္လုိ႔ရတဲ့ ပင္နယ္တီကို ကိုယ္တိုင္ကန္ၿပီး အဖြင့္ဂိုးရယူႏုိင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးတုိ႔ အပုိင္အခြင့္အေရးေတြ သိပ္မရခဲ့ေပမယ့္လည္း ကံကေတာ့ သူတုိ႔ဘက္မွာ ရွိေနခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၄၀ မွာ ဒဲလ္ဘတ္ကပဲ လက္နဲ႔ ပုတ္မိလို႔ ဒုတိယအဝါနဲ႔ အထုတ္ခံခဲ့ရတဲ့အျပင္ ဒိုင္လူႀကီးက ပင္နယ္တီ ထပ္ေပးခဲ့ၿပီး ဒါကိုလည္း ဗာနာကပဲ ပထမကန္တဲ့ ေအာက္ဘက္ကို ဒိုက္ပစ္တဲ့ ဂိုးသမားကို လွည့္စားၿပီး အေပၚဘက္ကို ကန္သြင္းယူႏုိင္ခဲ့တာေၾကာင့္ ပထမပုိင္းမွာ ခ်ဲလ္ဆီးတုိ႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာ ခ်ဲလ္ဆီးတုိ႔ တစ္ေယာက္ေလ်ာ့ ရင္းေနးဘက္ကို ပုိဖိကစားလာၿပီး ဘယ္ေနာက္ခံလူ ေခ်းလ္ဝဲလ္ရဲ႕ ျဖတ္တင္ေဘာေတြက တျဖည္းျဖည္း အႏၲရာယ္ႀကီးလာခဲ့သလုိ ေအဘရာဟမ္နဲ႔ ဇီးယက္ရွ္တုိ႔ လိုအပ္မွဳေတြ ရွိေနခဲ့လို႔သာ ဂိုးမျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ ခ်ဲလ္ဆီးတုိ႔ တတိယဂိုး ထပ္ရခဲ့ၿပီး ဒီဂိုးကေတာ့ ညာျခမ္းက လိုက္တက္လာတဲ့ ရီးစ္ ဂ်ိမ္းစ္ရဲ႕ လမ္းေၾကာင္းထဲကို ဇီးယက္ရွ္က ထည့္ေပးတာကို အဂၤလန္သားက အနိမ့္ေဘာ ျဖတ္တင္ေပးခဲ့ရာမွာ တုိက္စစ္မွဴး တမ္မီ ေအဘရာဟမ္က အနီးကပ္ ပိတ္သြင္းႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာ ဂ်ိမ္းစ္ရဲ႕ အနိမ့္ေဘာျဖတ္တင္မွဳကိုပဲ တီမို ဗာနာ ဟက္ထရစ္ရႏုိင္မယ့္ အခြင့္အေရးကို လြဲေခ်ာ္ခဲ့ၿပီး လူစားဝင္တုိက္စစ္မွဴး အိုလီဗီးေယး ဂ်႐ူးကလည္း အပိုင္အခြင့္အေရးႏွစ္ႀကိမ္ေလာက္ကို ျဖဳန္းတီးပစ္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတုိ႔ သုံးဂိုး-ဂိုးမရွိနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။

ဒီပြဲအႏုိင္ေၾကာင့္ အိမ္ကြင္းမွာ ေနာက္က လိုက္ကစားၿပီးမွ အႏုိင္ရခဲ့တဲ့ အုပ္စုတြင္း အဓိကၿပဳိင္ဘက္ ဆီဗီလာကို ဂိုးကြာျခားခ်က္နဲ႔ ဆက္လက္ဦးေဆာင္ႏုိင္ခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ေပးဂိုးမရွိေသးတဲ့ ခံစစ္ေၾကာင္းနဲ႔ ရလဒ္ေကာင္းေတြအတြက္ ျပင္သစ္ကလာတဲ့ ခံစစ္ေတြနဲ႔ လမ္းပတ္ကို အသိအမွတ္ ျပဳရမွာျဖစ္ေၾကာင္း ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.