Match Report Premier League UCL&UEL

ဒမ်ဘာဘားကို ထိန်းချုပ်ဖို့ ခက်ချိန်မှာ တိုက်စစ်ပြဿနာနဲ့ အရှုံးပေးခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ဒီနေ့ပွဲမှာ ဂိုးသမား ဟန်ဒါဆန်ကို ပွဲထုတ်လာခဲ့ပြီး ခံစစ်မှာတော့ တွမ်ဇီဘီ ပါဝင်လာသလို ကွင်းလယ် ဒိုင်းမွန်း ကစားကွက်ကို ဆက်လက်သုံးစွဲခဲ့ပြီး မာတာနဲ့ ဗန်ဒဘိခ်တို့က တိုက်စစ်ကို ဖာနန်ဒက်စ်နဲ့ တွဲဖက်ပုံဖော်ခဲ့ပြီး ရှေ့တန်းမှာတော့ မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ ကစားခဲ့ကြပါတယ်။

အဝေးကွင်းမှာ ယူနိုက်တက်တို့ ကစားပုံ သိပ်မကောင်းဘဲ အထနှေးနေခဲ့တာကြောင့် အိမ်ရှင် ဘာရှက်ရှီဟာရဲ့ ဖိအားပေးမှုကို ခံခဲ့ရသလို ပြန်စီးမိလာပြီး ကိုယ့်ဘက်က တိုက်စစ်ဆင်ချိန်မှာတော့ တစ်သင်းလုံး တက်ကစားနေတဲ့ အနေအထားကနေ ကျွံထွက်သွားခဲ့တာကို ပွဲချိန် ၁၂ မိနစ်မှာ ဒမ်ဘာဘားက ယူနိုက်တက်နဲ့ ၉ ကြိမ် တွေ့ဆုံမှုမှာ ၄ ဂိုးမြောက်အဖြစ် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ အတွေ့အကြုံနုတဲ့ တွမ်ဇီဘီအနေနဲ့ ပရီးမီးယားလိဂ်ကစားပုံကို အံခွနေတဲ့ ဒမ်ဘာဘားရဲ့ ထိုးဖောက်မှုကို နောက်ကနေ လက်ဆွဲခဲ့မိပြီး Last Defender အဖြစ် အထုတ်ပယ်ခံရမယ့်အရေးကနေ ဒိုင်လူကြီးသက်ညှာခဲ့လို့ လွတ်ခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက ဘောလုံးရသွားတဲ့ တားရပ်က ချိုးပေးတာကို ညာခြမ်းက လိုက်ပါလာခဲ့တဲ့ အသင်းခေါင်းဆောင် အီဒင် ဗစ္စချာက အပေါ်ဘက်ကို ပိတ်သွင်းပြီး ဂိုးသမား ဟန်ဒါဆန်ကို ကျော်ဖြတ်သွားခဲ့ပါတယ်။

သုံးမိနစ်အကြာမှာတော့ လုခ်ရှောရဲ့ ဖြတ်တင်ဘောကို မာစီယယ်လ်က မြေထောက်ခေါင်းတိုက်ချက်နဲ့ ပြန်လည်ချေပနိုင်ခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေနောက်က နှစ်ဂိုး-တစ်ဂိုးနဲ့ ယူနိုက်တက်တို့ လိုက်ကစားခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး အခွင့်အရေးတွေကို ထပ်ပြီး အသုံးမချနိုင်ခဲ့တဲ့အပြင် ယူနိုက်တက်ဘက်က ပေါ့ဘာ၊ ဂရင်းဝုဒ်၊ ကာဗာနီတို့နဲ့ တိုက်စစ်မြှင့်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းတွေမှာ လုံလောက်မှု မရှိခဲ့ဘဲ ဘရူနို ဖာနန်ဒက်စ်ရဲ့ အခွင့်အရေးတချို့ကိုလည်း ဘာရှက်ရှီဟာခံစစ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာလည်း ဆိုးလ်ရှားရဲ့ ခံစစ်ပိုင်း မှားယွင်းမှုတွေအပြင် တိုက်စစ်ပုံဖော်မှုတွေကလည်း အားနည်းခဲ့တာကြောင့် ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးရှုံးပွဲတွေ့ခဲ့ရပြီး အုပ်စုတွင်းမှာတော့ ဂိုးကွာခြားချက်နဲ့ ရမှတ်ခြောက်မှတ်တူ RB လိုက်ပ်ဇစ်ကို ဦးဆောင်နိုင်ဆဲဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီေန႔ပြဲမွာ ဂိုးသမား ဟန္ဒါဆန္ကို ပြဲထုတ္လာခဲ့ၿပီး ခံစစ္မွာေတာ့ တြမ္ဇီဘီ ပါဝင္လာသလို ကြင္းလယ္ ဒိုင္းမြန္း ကစားကြက္ကို ဆက္လက္သုံးစြဲခဲ့ၿပီး မာတာနဲ႔ ဗန္ဒဘိခ္တုိ႔က တုိက္စစ္ကို ဖာနန္ဒက္စ္နဲ႔ တြဲဖက္ပုံေဖာ္ခဲ့ၿပီး ေရွ႕တန္းမွာေတာ့ မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တုိ႔ ကစားခဲ့ၾကပါတယ္။

အေဝးကြင္းမွာ ယူႏုိက္တက္တို႔ ကစားပုံ သိပ္မေကာင္းဘဲ အထေႏွးေနခဲ့တာေၾကာင့္ အိမ္ရွင္ ဘာရွက္ရွီဟာရဲ႕ ဖိအားေပးမွဳကို ခံခဲ့ရသလို ျပန္စီးမိလာၿပီး ကိုယ့္ဘက္က တုိက္စစ္ဆင္ခ်ိန္မွာေတာ့ တစ္သင္းလုံး တက္ကစားေနတဲ့ အေနအထားကေန ကၽြံထြက္သြားခဲ့တာကို ပြဲခ်ိန္ ၁၂ မိနစ္မွာ ဒမ္ဘာဘားက ယူႏုိက္တက္နဲ႔ ၉ ႀကိမ္ ေတြ႕ဆုံမွဳမွာ ၄ ဂိုးေျမာက္အျဖစ္ အဖြင့္ဂိုးကို သြင္းယူႏုိင္ခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ အေတြ႕အႀကဳံႏုတဲ့ တြမ္ဇီဘီအေနနဲ႔ ပရီးမီးယားလိဂ္ကစားပုံကို အံခြေနတဲ့ ဒမ္ဘာဘားရဲ႕ ထုိးေဖာက္မွဳကို ေနာက္ကေန လက္ဆြဲခဲ့မိၿပီး Last Defender အျဖစ္ အထုတ္ပယ္ခံရမယ့္အေရးကေန ဒိုင္လူႀကီးသက္ညႇာခဲ့လို႔ လြတ္ခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ တန္ျပန္တုိက္စစ္ကေန ဘယ္ျခမ္းက ေဘာလုံးရသြားတဲ့ တားရပ္က ခ်ဳိးေပးတာကို ညာျခမ္းက လုိက္ပါလာခဲ့တဲ့ အသင္းေခါင္းေဆာင္ အီဒင္ ဗစၥခ်ာက အေပၚဘက္ကို ပိတ္သြင္းၿပီး ဂိုးသမား ဟန္ဒါဆန္ကို ေက်ာ္ျဖတ္သြားခဲ့ပါတယ္။

သုံးမိနစ္အၾကာမွာေတာ့ လုခ္ေရွာရဲ႕ ျဖတ္တင္ေဘာကို မာစီယယ္လ္က ေျမေထာက္ေခါင္းတုိက္ခ်က္နဲ႔ ျပန္လည္ေခ်ပႏုိင္ခဲ့လုိ႔ ပထမပုိင္းမွာ အိမ္ရွင္ေတြေနာက္က ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ယူႏုိက္တက္တုိ႔ လုိက္ကစားခဲ့ရပါတယ္။

ဒုတိယပုိင္းမွာေတာ့ ႏွစ္သင္းစလုံး အခြင့္အေရးေတြကို ထပ္ၿပီး အသုံးမခ်ႏုိင္ခဲ့တဲ့အျပင္ ယူႏုိက္တက္ဘက္က ေပါ့ဘာ၊ ဂရင္းဝုဒ္၊ ကာဗာနီတုိ႔နဲ႔ တုိက္စစ္ျမႇင့္ခဲ့ေပမယ့္ အဆုံးသတ္ပုိင္းေတြမွာ လုံေလာက္မွဳ မရွိခဲ့ဘဲ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အခြင့္အေရးတခ်ဳိ႕ကိုလည္း ဘာရွက္ရွီဟာခံစစ္က ကာကြယ္သြားႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲမွာလည္း ဆုိးလ္ရွားရဲ႕ ခံစစ္ပုိင္း မွားယြင္းမွဳေတြအျပင္ တုိက္စစ္ပုံေဖာ္မွဳေတြကလည္း အားနည္းခဲ့တာေၾကာင့္ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ပထမဆုံးရွဳံးပြဲေတြ႕ခဲ့ရၿပီး အုပ္စုတြင္းမွာေတာ့ ဂိုးကြာျခားခ်က္နဲ႔ ရမွတ္ေျခာက္မွတ္တူ RB လိုက္ပ္ဇစ္ကို ဦးေဆာင္ႏုိင္ဆဲျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.