Premier League

မန်းစီးတီး ရလဒ်မကောင်းခြင်းရဲ့ အကြီးမားဆုံးပြဿနာကို ပဲ့ကိုင်ရှင် ပက်ဘယ်လို ဖြေရှင်းနိုင်ခဲ့သလဲ

ပြီးခဲ့တဲ့ညက ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဥ်မှာ မန်ချက်စတာစီးတီးအသင်းက အိုလံပီယာကို့စ်အသင်းကို သုံးဂိုး ဂိုးမရှိနဲ့ ပေးဂိုးမရှိ၊ ဂိုးပြတ်အနိုင်ယူသွားခဲ့ပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာနောက်ပိုင်း ပထမဆုံးအနေနဲ့ သုံးပွဲဆက်တိုက် Clean Sheet ရခဲ့တဲ့ အသင်းရဲ့ ခံစစ်ကြောင်းဟာ နည်းပြ ပပ် ဂွာဒီယိုလာ အဓိကခေါင်းခဲနေရတဲ့ အကြီးမားဆုံးပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီလို့ သတ်မှတ်ရတော့မှာပါ။

ဒီပွဲစဥ်ရလဒ်ကြောင့် အပြာရောင် မန်စီးတီးအတွက် အလွန်အရေးပါတဲ့ညတည ဖြစ်လာခဲ့ပြီလို့ ဆိုရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက အဆင့်ဆင့်ရုန်းကန်နေခဲ့ရပြီး တည်ငြိမ်မှုမပြသနိုင်ခဲ့တဲ့ ခံစစ်ကြောင်းဟာ ကစားသမားသစ်တွေဖြစ်တဲ့ ရူဘင် ဒီယက်စ်နဲ့ နာသန် အာကေတို့ရဲ့ ဟန်ချက်ညီ၊ ဘက်ညီထိန်းကျောင်းမှုကြောင့် ခံစစ်ပိုင်းကျစ်လစ်မာကျောမှုကို အထင်ရှားဆုံး မြင်တွေ့ခဲ့ကြရမှာပါ။

ဒါ့အပြင် မိနစ် ၉၀ ကစားသွားခဲ့တဲ့ ဂျွန်စတုန်းစ်ရဲ့ ကျေနပ်စရာစွမ်းဆောင်ရည်၊ ဒီရာသီ အကောင်းဆုံးပုံစံကို ပြသနေတဲ့ ခိုင်လ် ဝေါ်လ်ကာ၊ အခွင့်အရေးရရင် ရသလို အဆိပ်ရှိရှိကစားပြနေတဲ့ အဲရစ် ဂါစီယာတို့ရဲ့ ခြေစွမ်းတွေကလည်း မဖြစ်မနေ အသိအမှတ်ပြုစရာပါ။

အိုလံပီယာကို့စ်ကို ရင်ဆိုင်ခဲ့တဲ့ စတုန်းစ်ဟာ နေရာယူပုံ အထူးကောင်းမွန်ပြီး ခံစစ်မှာ တည်ငြိမ်မှုနဲ့ ရှင်းထုတ်ထိန်းကျောင်းနိုင်ခဲ့သလို မြင့်တက်နေတဲ့ ယုံကြည်မှုကိုပါ တွဲဖက်မြင်တွေ့ခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက တာထွက် ၁၁ ပွဲမှာ ၃၅ ဂိုးအထိ သွင်းယူခဲ့တဲ့ စီးတီးတိုက်စစ်ဟာ ဒီနေ့ပွဲမှာတော့ သုံးဂိုးပြတ်နိုင်ခဲ့တဲ့တဖက်မှာ အရည်အသွင်းမြင့်ဖန်တီးမှုတွေ ပျောက်ဆုံးနေခဲ့ပြီး ဂိုးစီးဆင်းမှုလျော့နည်းနေတဲ့ ရာသီအစဖြစ်နေခဲ့တာတော့ အမှန်ပါပဲ။

အသင်းရဲ့ ဒီရာသီ တိုက်စစ်ပိုင်းဟာ အားမလိုအားမရ ဖြစ်စရာတချို့ရှိနေပြီး အရင်လိုမန်စီးတီးရဲ့ ဘက်ပေါင်းစုံ တိုက်စစ်ထက်မြက်မှုမျိုးနဲ့ ဖူးပွင့်လတ်ဆတ်နေတာကို ပြန်မြင်ရဖို့ ဝေးကွာနေဆဲဖြစ်ပေမယ့် ခံစစ်ပိုင်းပြဿနာ ပြေလည်သွားခဲ့တာကတော့ အသင်းအတွက် အောင်မြင်မှုဆုဖလားတွေဆီ အရောက်သွားဖို့အတွက် အရှိန်ကောင်းကောင်းနဲ့ တလှမ်းပြီးတလှမ်း ခြေလှမ်းတိုင်းအတွက် အမြစ်ခိုင်ဖို့ရာ အစပြုနိုင်ခဲ့ပြီလို့သာ ပြောရမှာပါ။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ပြဲစဥ္မွာ မန္ခ်က္စတာစီးတီးအသင္းက အိုလံပီယာကို႔စ္အသင္းကို သုံးဂိုး ဂိုးမရွိနဲ႕ ေပးဂိုးမရွိ၊ ဂိုးျပတ္အနိုင္ယူသြားခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာေနာက္ပိုင္း ပထမဆုံးအေနနဲ႕ သုံးပြဲဆက္တိုက္ Clean Sheet ရခဲ့တဲ့ အသင္းရဲ႕ ခံစစ္ေၾကာင္းဟာ နည္းျပ ပပ္ ဂြာဒီယိုလာ အဓိကေခါင္းခဲေနရတဲ့ အႀကီးမားဆုံးျပႆနာကို ေျဖရွင္းနိုင္ခဲ့ၿပီလို႔ သတ္မွတ္ရေတာ့မွာပါ။

ဒီပြဲစဥ္ရလဒ္ေၾကာင့္ အျပာေရာင္ မန္စီးတီးအတြက္ အလြန္အေရးပါတဲ့ညတည ျဖစ္လာခဲ့ၿပီလို႔ ဆိုရမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီက အဆင့္ဆင့္႐ုန္းကန္ေနခဲ့ရၿပီး တည္ၿငိမ္မႈမျပသနိုင္ခဲ့တဲ့ ခံစစ္ေၾကာင္းဟာ ကစားသမားသစ္ေတြျဖစ္တဲ့ ႐ူဘင္ ဒီယက္စ္နဲ႕ နာသန္ အာေကတို႔ရဲ႕ ဟန္ခ်က္ညီ၊ ဘက္ညီထိန္းေက်ာင္းမႈေၾကာင့္ ခံစစ္ပိုင္းက်စ္လစ္မာေက်ာမႈကို အထင္ရွားဆုံး ျမင္ေတြ႕ခဲ့ၾကရမွာပါ။

ဒါ့အျပင္ မိနစ္ ၉၀ ကစားသြားခဲ့တဲ့ ဂြၽန္စတုန္းစ္ရဲ႕ ေက်နပ္စရာစြမ္းေဆာင္ရည္၊ ဒီရာသီ အေကာင္းဆုံးပုံစံကို ျပသေနတဲ့ ခိုင္လ္ ေဝၚလ္ကာ၊ အခြင့္အေရးရရင္ ရသလို အဆိပ္ရွိရွိကစားျပေနတဲ့ အဲရစ္ ဂါစီယာတို႔ရဲ႕ ေျခစြမ္းေတြကလည္း မျဖစ္မေန အသိအမွတ္ျပဳစရာပါ။

အိုလံပီယာကို႔စ္ကို ရင္ဆိုင္ခဲ့တဲ့ စတုန္းစ္ဟာ ေနရာယူပုံ အထူးေကာင္းမြန္ၿပီး ခံစစ္မွာ တည္ၿငိမ္မႈနဲ႕ ရွင္းထုတ္ထိန္းေက်ာင္းနိုင္ခဲ့သလို ျမင့္တက္ေနတဲ့ ယုံၾကည္မႈကိုပါ တြဲဖက္ျမင္ေတြ႕ခဲ့တာပါ။ ၿပီးခဲ့တဲ့ရာသီက တာထြက္ ၁၁ ပြဲမွာ ၃၅ ဂိုးအထိ သြင္းယူခဲ့တဲ့ စီးတီးတိုက္စစ္ဟာ ဒီေန႕ပြဲမွာေတာ့ သုံးဂိုးျပတ္နိုင္ခဲ့တဲ့တဖက္မွာ အရည္အသြင္းျမင့္ဖန္တီးမႈေတြ ေပ်ာက္ဆုံးေနခဲ့ၿပီး ဂိုးစီးဆင္းမႈေလ်ာ့နည္းေနတဲ့ ရာသီအစျဖစ္ေနခဲ့တာေတာ့ အမွန္ပါပဲ။

အသင္းရဲ႕ ဒီရာသီ တိုက္စစ္ပိုင္းဟာ အားမလိုအားမရ ျဖစ္စရာတခ်ိဳ႕ရွိေနၿပီး အရင္လိုမန္စီးတီးရဲ႕ ဘက္ေပါင္းစုံ တိုက္စစ္ထက္ျမက္မႈမ်ိဳးနဲ႕ ဖူးပြင့္လတ္ဆတ္ေနတာကို ျပန္ျမင္ရဖို႔ ေဝးကြာေနဆဲျဖစ္ေပမယ့္ ခံစစ္ပိုင္းျပႆနာ ေျပလည္သြားခဲ့တာကေတာ့ အသင္းအတြက္ ေအာင္ျမင္မႈဆုဖလားေတြဆီ အေရာက္သြားဖို႔အတြက္ အရွိန္ေကာင္းေကာင္းနဲ႕ တလွမ္းၿပီးတလွမ္း ေျခလွမ္းတိုင္းအတြက္ အျမစ္ခိုင္ဖို႔ရာ အစျပဳနိုင္ခဲ့ၿပီလို႔သာ ေျပာရမွာပါ။

REF: GOAL
PHOTOS CREDIT TO OWNERS
SPORTS A2Z.