Premier League

၂၃.၂.၂၀၂၀ အတြက္ တစ္ေန႔တာ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ လီဗာပူးလ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ေဒါ့မြန္ကို ေရာက္သြားတဲ့ အာလင္း ဟားလန္းကို မေခၚယူႏုိင္လို႔ မန္ခ်က္စတာယူႏုိက္တက္အသင္းကို အျပစ္တင္မေနၾကဖို႔နဲ႔ မိမိဆုိရင္လည္း သူ႕ကို ေခၚယူႏုိင္ဖို႔ မလြယ္ကူဘူးလို႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ဆုိလုိက္ၿပီး ဒီလူငယ္အေနနဲ႔ သူ႕ကုိ ပြဲထြက္ေနရာ ေပးႏုိင္မယ္လုိ႔ ယုံၾကည္တဲ့အသင္းဆီ သြားခဲ့တာလုိ႔ သုံးသပ္လုိက္ပါတယ္။

– မန္ခ်က္စတာစီးတီးရဲ႕ ဥေရာပပြဲပိတ္ပင္ခံရမွဳအယူခံတင္သြင္းဖို႔ တစ္ေန႔ကို ေပါင္ႏွစ္ေသာင္းေပးရတဲ့ နာမည္ႀကီးေရွ႕ေနတစ္ဦးကို ငွားရမ္းထားၿပီး သူတုိ႔အေနနဲ႔ ဖုံးကြယ္ထားတာ ဘာမွမရွိဘူးလို႔ ျပသတဲ့အေနနဲ႔ လီဗာပူးလ္ဘက္က သူတုိ႔ရဲ႕ ကင္းေထာက္စနစ္ကို ၂၀၁၃ ခုႏွစ္မွာ ခ်ဳိးဖ်က္ဝင္ေရာက္မွဳကိုပါ ခ်ျပသြားဖို႔ ရွိေန။

– ေႏြရာသီမွာ ေျပာင္းေရႊ႕ဖို႔ အသံေတြ ထြက္ေနခဲ့တဲ့ RB လိုက္ပ္ဇစ္တုိက္စစ္မွဴး တီမို ဗာနာက လီဗာပူးလ္အသင္းနဲ႔ မိမိအံဝင္ႏုိင္လိမ့္မယ္လို႔ ေျပာၾကားခဲ့ၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ဟာလည္း ထိပ္တန္းနည္းျပေကာင္းတစ္ဦးျဖစ္ေၾကာင္း ခ်ီးက်ဴးသြားခဲ့။

– အသင္းရဲ႕ အဓိကေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ကို ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတုိ႔ဆီ ဆုံးရွဳံးရမယ့္ အႏၲရာယ္နဲ႔ လီဗာပူးလ္တုိ႔ ရင္ဆုိင္ ေနရတယ္လို႔ သိရၿပီး ဆာဂ်ီယို ရာမုိ႔စ္နဲ႔ ဂ်ရတ္ ပီေကးတုိ႔ရဲ႕ အစားထိုးမွဳအျဖစ္ ေစာင့္ၾကည့္ေနၾကေၾကာင္း သိရ။

– ပရိသတ္ေတြက မိမိကို ဘယ္လိုပဲ အလိုရွိရွိ၊ သူ႕အေနနဲ႔ ယာဂန္ ကေလာ့ပ္လို နည္းျပမ်ဳိးကို ဆက္ခံႏုိင္ဖို႔ဆုိရင္ အသင္းႀကီးႏွစ္သင္း သုံးသင္းေလာက္ကို ကိုင္တြယ္ၿပီး စြမ္းေဆာင္ရည္ေကာင္းျပသႏိုင္မွျဖစ္လိမ့္မယ္လို႔ လီဗာပူးလ္အသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ ဂ်ရတ္ေျပာၾကား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ဒေါ့မွန်ကို ရောက်သွားတဲ့ အာလင်း ဟားလန်းကို မခေါ်ယူနိုင်လို့ မန်ချက်စတာယူနိုက်တက်အသင်းကို အပြစ်တင်မနေကြဖို့နဲ့ မိမိဆိုရင်လည်း သူ့ကို ခေါ်ယူနိုင်ဖို့ မလွယ်ကူဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ဆိုလိုက်ပြီး ဒီလူငယ်အနေနဲ့ သူ့ကို ပွဲထွက်နေရာ ပေးနိုင်မယ်လို့ ယုံကြည်တဲ့အသင်းဆီ သွားခဲ့တာလို့ သုံးသပ်လိုက်ပါတယ်။

– မန်ချက်စတာစီးတီးရဲ့ ဥရောပပွဲပိတ်ပင်ခံရမှုအယူခံတင်သွင်းဖို့ တစ်နေ့ကို ပေါင်နှစ်သောင်းပေးရတဲ့ နာမည်ကြီးရှေ့နေတစ်ဦးကို ငှားရမ်းထားပြီး သူတို့အနေနဲ့ ဖုံးကွယ်ထားတာ ဘာမှမရှိဘူးလို့ ပြသတဲ့အနေနဲ့ လီဗာပူးလ်ဘက်က သူတို့ရဲ့ ကင်းထောက်စနစ်ကို ၂၀၁၃ ခုနှစ်မှာ ချိုးဖျက်ဝင်ရောက်မှုကိုပါ ချပြသွားဖို့ ရှိနေ။

– နွေရာသီမှာ ပြောင်းရွှေ့ဖို့ အသံတွေ ထွက်နေခဲ့တဲ့ RB လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဗာနာက လီဗာပူးလ်အသင်းနဲ့ မိမိအံဝင်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပြီး နည်းပြ ယာဂန် ကလော့ပ်ဟာလည်း ထိပ်တန်းနည်းပြကောင်းတစ်ဦးဖြစ်ကြောင်း ချီးကျူးသွားခဲ့။

– အသင်းရဲ့ အဓိကနောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဆီ ဆုံးရှုံးရမယ့် အန္တရာယ်နဲ့ လီဗာပူးလ်တို့ ရင်ဆိုင် နေရတယ်လို့ သိရပြီး ဆာဂျီယို ရာမို့စ်နဲ့ ဂျရတ် ပီကေးတို့ရဲ့ အစားထိုးမှုအဖြစ် စောင့်ကြည့်နေကြကြောင်း သိရ။

– ပရိသတ်တွေက မိမိကို ဘယ်လိုပဲ အလိုရှိရှိ၊ သူ့အနေနဲ့ ယာဂန် ကလော့ပ်လို နည်းပြမျိုးကို ဆက်ခံနိုင်ဖို့ဆိုရင် အသင်းကြီးနှစ်သင်း သုံးသင်းလောက်ကို ကိုင်တွယ်ပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်မှဖြစ်လိမ့်မယ်လို့ လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ်ပြောကြား။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.