Premier League

၂၃.၁၂.၂၀၂၀ တစ္ေန႔တာ မန္ခ်က္စတာယူႏိုက္တက္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– မန္ခ်က္စတာယူႏုိက္တက္ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာအေနနဲ႔ သူ႕ရဲ႕ကစားသမားဘဝ ဆုံးျဖတ္ပုိင္ခြင့္အတြက္ ေအးဂ်င့္ မီႏို ႐ိုင္ယိုလာဆီကေန ျပန္လည္ ရယူသင့္ၿပီျဖစ္ၿပီး မဟုတ္ရင္ သူ႕အေပၚ အားလုံးရဲ႕ ေလးစားခင္မင္မွဳေတြကို ဆုံးရွဳံးရလိမ့္မယ္လုိ႔ ပရီးမီးယားလိဂ္တုိက္စစ္မွဴးေဟာင္း စတန္ ေကာ္လီမုိးက ေမရာ သတင္းဌာနမွာ ေရးသား။

– ဝတ္ဖို႔ဒ္အသင္းနဲ႔ ရင္ဆုိင္မယ့္ ယူႏုိက္တက္လူစာရင္းမွာ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ လူငယ္တုိက္စစ္မွဴး ေမဆန္ ဂရင္းဝုဒ္ ျပန္ပါလာၿပီး စီနီယာကစားသမား အန္တုိနီ မာစီယယ္လ္အေနနဲ႔ ဘယ္ေတာင္ပံထြက္ကစားဖြယ္ရွိေန။

– အင္တာမီလန္အသင္းက ေႏြရာသီမွာ ထြက္ခြာႏုိင္တဲ့ သူတုိ႔ကစားသမား ေလာ္တာ႐ို မာတီနက္ဇ္ရဲ႕ ေနရာအတြက္ ျပန္လည္အားျဖည့္ဖို႔ စဥ္းစားေနတဲ့အထဲမွာ အာဆင္နယ္ရဲ႕ ပ်ယ္-အမ္မရိခ္ အူဘာမီယန္းအျပင္ မန္ယူတုိက္စစ္မွဴး အန္တိုနီ မာစီယယ္လ္ပါ ပါဝင္လာ။

– ေဒါ့မြန္ကို ေရာက္သြားတဲ့ အာလင္း ဟားလန္းကို မေခၚယူႏုိင္လို႔ မန္ခ်က္စတာယူႏုိက္တက္အသင္းကို အျပစ္တင္မေနၾကဖို႔နဲ႔ မိမိဆုိရင္လည္း သူ႕ကို ေခၚယူႏုိင္ဖို႔ မလြယ္ကူဘူးလို႔ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ဆုိလုိက္ၿပီး ဒီလူငယ္အေနနဲ႔ သူ႕ကုိ ပြဲထြက္ေနရာ ေပးႏုိင္မယ္လုိ႔ ယုံၾကည္တဲ့အသင္းဆီ သြားခဲ့တာလုိ႔ သုံးသပ္လုိက္ပါတယ္။

– တ႐ုတ္ျပည္ကေန ေရာက္ရွိလာခဲ့တဲ့အတြက္ ကို႐ိုနာဗုိင္းရပ္စ္အႏၲရာယ္ႀကဳိတင္ကာကြယ္မွဳအျဖစ္ ကာရင္တန္ေလ့က်င့္ေရးကြင္းကို ဝင္ခြင့္မရေသးဘဲ အသင္းနဲ႔ သီးျခားေနထုိင္ေလ့က်င့္ခဲ့ရစဥ္က တုိက္စစ္မွဴး အိုဒီယြန္ အီဂါလိုကို ဘယ္သူမွန္းမသိဘဲ ေလ့က်င့္ဖို႔ ေရာက္လာခဲ့တဲ့ မန္ခ်က္စတာတကၠသိုလ္ အမ်ဳိးသမီးအသင္းက ကြင္းထဲကေန ေမာင္းထုတ္ခဲ့တယ္လို႔ သိရ။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာအနေနဲ့ သူ့ရဲ့ကစားသမားဘဝ ဆုံးဖြတ်ပိုင်ခွင့်အတွက် အေးဂျင့် မီနို ရိုင်ယိုလာဆီကနေ ပြန်လည် ရယူသင့်ပြီဖြစ်ပြီး မဟုတ်ရင် သူ့အပေါ် အားလုံးရဲ့ လေးစားခင်မင်မှုတွေကို ဆုံးရှုံးရလိမ့်မယ်လို့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း စတန် ကော်လီမိုးက မေရာ သတင်းဌာနမှာ ရေးသား။

– ဝတ်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်မယ့် ယူနိုက်တက်လူစာရင်းမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ် ပြန်ပါလာပြီး စီနီယာကစားသမား အန်တိုနီ မာစီယယ်လ်အနေနဲ့ ဘယ်တောင်ပံထွက်ကစားဖွယ်ရှိနေ။

– အင်တာမီလန်အသင်းက နွေရာသီမှာ ထွက်ခွာနိုင်တဲ့ သူတို့ကစားသမား လော်တာရို မာတီနက်ဇ်ရဲ့ နေရာအတွက် ပြန်လည်အားဖြည့်ဖို့ စဉ်းစားနေတဲ့အထဲမှာ အာဆင်နယ်ရဲ့ ပျယ်-အမ်မရိခ် အူဘာမီယန်းအပြင် မန်ယူတိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ပါ ပါဝင်လာ။

– ဒေါ့မွန်ကို ရောက်သွားတဲ့ အာလင်း ဟားလန်းကို မခေါ်ယူနိုင်လို့ မန်ချက်စတာယူနိုက်တက်အသင်းကို အပြစ်တင်မနေကြဖို့နဲ့ မိမိဆိုရင်လည်း သူ့ကို ခေါ်ယူနိုင်ဖို့ မလွယ်ကူဘူးလို့ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ဆိုလိုက်ပြီး ဒီလူငယ်အနေနဲ့ သူ့ကို ပွဲထွက်နေရာ ပေးနိုင်မယ်လို့ ယုံကြည်တဲ့အသင်းဆီ သွားခဲ့တာလို့ သုံးသပ်လိုက်ပါတယ်။

– တရုတ်ပြည်ကနေ ရောက်ရှိလာခဲ့တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြိုတင်ကာကွယ်မှုအဖြစ် ကာရင်တန်လေ့ကျင့်ရေးကွင်းကို ဝင်ခွင့်မရသေးဘဲ အသင်းနဲ့ သီးခြားနေထိုင်လေ့ကျင့်ခဲ့ရစဉ်က တိုက်စစ်မှူး အိုဒီယွန် အီဂါလိုကို ဘယ်သူမှန်းမသိဘဲ လေ့ကျင့်ဖို့ ရောက်လာခဲ့တဲ့ မန်ချက်စတာတက္ကသိုလ် အမျိုးသမီးအသင်းက ကွင်းထဲကနေ မောင်းထုတ်ခဲ့တယ်လို့ သိရ။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.