Premier League

ချန်ပီယံလိဂ်နိုင်ပွဲအပြီး ရရှိသော လီဗာပူးလ်သတင်းများ စုစည်းမှု -၄.၁၁.၂၀

ပြီးခဲ့တဲ့ညက အတ္တလန်တာအသင်းကို ငါးဂိုးပြတ်နဲ့ အောင်ပွဲခံခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘယ်နည်းဗျူဟာကမှ မိမိတို့အသင်းကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိဘူးလို့ နည်းပြ ကလော့ပ် အခိုင်အမာ ယုံကြည်နေ။

အတ္တလန်တာနဲ့ပွဲမှာ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်တင်မက ဂိုးသမားအယ်လစ်ဆန်ရဲ့ ကမ္ဘာအဆင့် ကာကွယ်လက်စွမ်းပြမှု ၃ ကြိမ်ကပါ အသင်းကို အကူအညီဖြစ်စေခဲ့ပြီး တောင့်တင်းတဲ့ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ မယုံနိုင်လောက်ဖွယ် ပွဲတပွဲလို့ လီဗာပူးလ်နည်းပြ ကလော့ပ်က ချီးကျူးသွားခဲ့။

မိမိတို့ခေတ်က ကစားသမားတယောက်ဟာ အသင်းသစ်မှာ အသားကျပြီး အသင်းရဲ့ကစားပုံလျင်မြန်မှုကို လိုက်ကစားနိုင်ဖို့ ၆ လကြာ အချိန်ယူမှ အလျင်မီပေမယ့် ဒီယိုဂို ဂျိူတာကတော့ ဒါကိုအလွယ်ဆုံးလုပ်ပြနိုင်ခဲ့ပြီး ဝုဗ်အသင်းမှာကောင်းခဲ့တာထက်ပိုကာ လီဗာပူးလ်အသင်းမှာ ရောက်ရောက်ချင်း အမြင့်ပျံနေပြပြီလို့ ဖာဒီနန်က ဟက်ထရစ်ဂိုးရှင် ဂျိုတာကို ချီးကျူးသွား။

အတ္တလန်တာနဲ့ပွဲမှာ ခံစစ်ကြောင်းကို ဝါရင့်တစ်ဦးလို တည်တည်ငြိမ်ငြိမ်နဲ့ ဦးဆောင်ပြီး အထူးခြေစွမ်းပြ ကစားသွားခဲ့တဲ့ လူငယ်ကစားသမား ရီးစ်ဝီလီယမ်စ်ကို လီဗာပူးလ်အသင်းဖော်တွေက သဘောကျနှစ်ခြိုက်နေကြပြီး ”ဂေါ်ဘဲကြီး” လို့ နာမည်ပြောင်အသစ်ပေးသွားခဲ့။

လက်ရှိမှာ အကောင်းဆုံးကလပ်အသင်းမှာ အကောင်းဆုံး ကစားသမားဘဝကို ဖြတ်သန်းနေရတယ်လို့ ဆိုသွားခဲ့တဲ့ ဂျိုတာက လာမယ့် မန်စီးတီးနဲ့ပွဲမှာ မိမိတို့ ဂိုးသာမပေးရဘဲ clean sheet ရခဲ့ရင် မန်စီးတီးကို သေချာပေါက်အနိုင်ပါပဲ လို့ စိန်ခေါ်သွားခဲ့။ း ဒီလာခြင်းကောင်းတဲ့ ပေါ်တူဂီသားဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူခဲ့ပြီးဖြစ်။

ဖာမီနိုကို ဂျိူတာနဲ့ နှိူင်းယှဉ်ဝေဖန်သူတွေကို ”ဖာမီနိုသာ လီဗာပူးလ်အတွက် မကစားပေးခဲ့ပါက မိမိတို့အသင်း ချန်ပီယံလိဂ်မှာတောင် ကစားနေရမှာမဟုတ်” လို့ နည်းပြ ကလော့ပ်က တုံ့ပြန်သွားခဲ့ပြီး အသင်းဟာ ကစားသမား ၁၁ ဦးနဲ့ ဟန်ချက်ညီစွာ ကစားနေတဲ့အသင်းဖြစ်ကြောင်း ပြောကြားခဲ့။

ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ တိုက်စစ်မှူးမိုဆာလား ဒိုင်ဗင်ပစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို နည်းပြကလော့ပ်က ငြင်းဆန်သွားခဲ့ပြီး သူဟာ ဒဏ်ရာဒဏ်ချက် ၃ ကြိမ်ရရှိသည်အထိ လူချခံခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုပြီး ဆာလားဘက်က ကာကွယ်ပြောသွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ညက အတၱလန္တာအသင္းကို ငါးဂိုးျပတ္နဲ႕ ေအာင္ပြဲခံခဲ့တဲ့ လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ဘယ္နည္းဗ်ဴဟာကမွ မိမိတို႔အသင္းကို ရပ္တန့္နိုင္ခဲ့ျခင္းမရွိဘူးလို႔ နည္းျပ ကေလာ့ပ္ အခိုင္အမာ ယုံၾကည္ေန။

အတၱလန္တာနဲ႕ပြဲမွာ တိုက္စစ္ပိုင္းစြမ္းေဆာင္ရည္တင္မက ဂိုးသမားအယ္လစ္ဆန္ရဲ႕ ကမၻာအဆင့္ ကာကြယ္လက္စြမ္းျပမႈ ၃ ႀကိမ္ကပါ အသင္းကို အကူအညီျဖစ္ေစခဲ့ၿပီး ေတာင့္တင္းတဲ့ၿပိဳင္ဘက္ကို ေက်ာ္ျဖတ္နိုင္ခဲ့တဲ့ မယုံနိုင္ေလာက္ဖြယ္ ပြဲတပြဲလို႔ လီဗာပူးလ္နည္းျပ ကေလာ့ပ္က ခ်ီးက်ဴးသြားခဲ့။

မိမိတို႔ေခတ္က ကစားသမားတေယာက္ဟာ အသင္းသစ္မွာ အသားက်ၿပီး အသင္းရဲ႕ကစားပုံလ်င္ျမန္မႈကို လိုက္ကစားနိုင္ဖို႔ ၆ လၾကာ အခ်ိန္ယူမွ အလ်င္မီေပမယ့္ ဒီယိုဂို ဂ်ိဴတာကေတာ့ ဒါကိုအလြယ္ဆုံးလုပ္ျပနိုင္ခဲ့ၿပီး ဝုဗ္အသင္းမွာေကာင္းခဲ့တာထက္ပိုကာ လီဗာပူးလ္အသင္းမွာ ေရာက္ေရာက္ခ်င္း အျမင့္ပ်ံေနျပၿပီလို႔ ဖာဒီနန္က ဟက္ထရစ္ဂိုးရွင္ ဂ်ိဳတာကို ခ်ီးက်ဴးသြား။

အတၱလန္တာနဲ႕ပြဲမွာ ခံစစ္ေၾကာင္းကို ဝါရင့္တစ္ဦးလို တည္တည္ၿငိမ္ၿငိမ္နဲ႕ ဦးေဆာင္ၿပီး အထူးေျခစြမ္းျပ ကစားသြားခဲ့တဲ့ လူငယ္ကစားသမား ရီးစ္ဝီလီယမ္စ္ကို လီဗာပူးလ္အသင္းေဖာ္ေတြက သေဘာက်ႏွစ္ၿခိဳက္ေနၾကၿပီး ”ေဂၚဘဲႀကီး” လို႔ နာမည္ေျပာင္အသစ္​ေပးသြားခဲ့။

လက္ရွိမွာ အေကာင္းဆုံးကလပ္အသင္းမွာ အေကာင္းဆုံး ကစားသမားဘဝကို ျဖတ္သန္းေနရတယ္လို႔ ဆိုသြားခဲ့တဲ့ ဂ်ိဳတာက လာမယ့္ မန္စီးတီးနဲ႕ပြဲမွာ မိမိတို႔ ဂိုးသာမေပးရဘဲ clean sheet ရခဲ့ရင္ မန္စီးတီးကို ေသခ်ာေပါက္အနိုင္ပါပဲ လို႔ စိန္ေခၚသြားခဲ့။ ဒီလာျခင္းေကာင္းတဲ့ ေပၚတူဂီသားဟာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၉ ပြဲမွာ ၁၀ ဂိုးအထိ သြင္းယူခဲ့ၿပီးျဖစ္။

ဖာမီနိုကို ဂ်ိဴတာနဲ႕ ႏွိူင္းယွဥ္ေဝဖန္သူေတြကို ”ဖာမီနိုသာ လီဗာပူးလ္အတြက္ မကစားေပးခဲ့ပါက မိမိတို႔အသင္း ခ်န္ပီယံလိဂ္မွာေတာင္ ကစားေနရမွာမဟုတ္” လို႔ နည္းျပ ကေလာ့ပ္က တုံ႕ျပန္သြားခဲ့ၿပီး အသင္းဟာ ကစားသမား ၁၁ ဦးနဲ႕ ဟန္ခ်က္ညီစြာ ကစားေနတဲ့အသင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့။

ဝက္စ္ဟမ္းအသင္းနဲ႔ပြဲစဥ္မွာ တိုက္စစ္မႉးမိုဆာလား ဒိုင္ဗင္ပစ္တယ္ဆိုတဲ့ စြပ္စြဲခ်က္ကို နည္းျပကေလာ့ပ္က ျငင္းဆန္သြားခဲ့ၿပီး သူဟာ ဒဏ္ရာဒဏ္ခ်က္ ၃ ႀကိမ္ရရွိသည္အထိ လူခ်ခံခဲ့ရေၾကာင္း ထုတ္ေဖာ္ေျပာဆိုျပီး ဆာလားဘက္က ကာကြယ္ေျပာသြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.