Premier League Transfer News

၄.၁၁.၂၀၂၀ – နောက်ဆုံးရ ပရီးမီးယားလိဂ် သတင်းများ စုစည်းမှု

– တော့တင်ဟမ်ဟော့စပါးစ်အသင်းပိုင်ရှင် ဂျိုး လူးဝစ္စအနေနဲ့ ခြေစွမ်းပြသနေတဲ့ ဆွန်ဟောင်မင်ကို အလွယ်တကူ လက်မလွှတ်ရအောင် ဟာရီကိန်းလိုမျိုးပဲ အသင်းရဲ့ လစာအမြင့်မားဆုံး ကစားသမားတစ်ဦးအဖြစ် လုပ်ခတိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဖို့ မီးစိမ်းပြခဲ့။

– လီဗာပူးလ်မှာ ဂျိုတာပြသနေတဲ့ ခြေစွမ်းကို ဝုလ်ဗ်စ်ပရိသတ်တွေ နှမြောကောင်း နှမြောကြမှာဖြစ်ပေမယ့် ဒန်နီယယ်လ် ပိုဒင့်စ်ရဲ့ တဖြည်းဖြည်း အသားကျပြီး ခြေတွေ့လာတဲ့ ပုံစံကလည်း ဒီလိုရောင်းချငွေရှာသွားဖို့ လုံလောက်တဲ့ အားဖြည့်မှုလို့ ယုံကြည်နေကြ။

– အိမ်ကွင်းမှာ လက်စတာစီးတီးကို ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့တဲ့ လိစ်ဒ်ယူနိုက်တက်ရဲ့ ခြေစွမ်းအတွက် နည်းပြ မာဆယ်လို ဘီယယ်လ်ဆာကို ပရီးမီးယားလိဂ်မှာ ကစားဖို့ အကြံကုန်သွားပြီလားလို့ အသင်းပရိသတ်တွေ မေးခွန်းထုတ်ခဲ့ကြပြီး သူတို့ကို ဘယ်လို ကစားရမယ်ဆိုတာ ပြိုင်ဘက်တွေက သိနေကြပြီလို့ ဝေဖန်နေကြ။

– ဟာရီကိန်းနဲ့ ဆွန်ဟောင်မင်ကို ထပ်တလဲလဲသုံးစွဲနေမယ့်အစား လာမယ့် လူဒိုဂိုရက်နဲ့ ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်မှာ အသင်းရဲ့ တိုက်စစ်ကို ကားလို့စ် ဗီနီးရှပ်စ်နဲ့ ဂါရက်ဘေးလ်တို့ကို ဦးဆောင်စေဖို့ စပါးစ်ပရိသတ်တွေ အလိုရှိနေ။

– အဲဗာတန်နည်းပြ ကာလို အန်ဆယ်လော့တီရဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်ကို ချန်လှပ်ထားတဲ့ ကိစ္စကို မိမိအနေနဲ့ သဘောမကျကြောင်းနဲ့ အမြန်ဆုံး ပြန်လည်နေရာပေးဖို့ အင်္ဂလန်လက်ရွေးစင်ဟောင်း ပေါလ် ရော်ဘင်ဆန် တောင်းဆိုသွား။

– တိုက်စစ်မှူး ဒေါမနစ် ကဲလ်ဗတ်-လူဝင်အနေနဲ့ သူ့ဖခင်ရဲ့ တပည့်တွေဖြစ်ကြတဲ့ ဖိလစ်ပို အင်ဇာဂီ၊ ဒေးဗစ် ထရီဇီဂေး၊ ဒီဒီယေး ဒရော့ဘာနဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ရဲ့ ခြေရာကို နင်းပြီး ထိပ်တန်းတိုက်စစ်မှူးတစ်ဦးဖြစ်လာမယ်လို့ အဲဗာတန်လက်ထောက် ဒါဗီဒေး အန်ဆယ်လော့တီ ပြောကြား။

– ရီးရဲလ်ဘက်တစ်ကွင်းလယ်လူ ဝီလီယမ် ကာဗယ်လ်ယိုကို ခေါ်ယူဖို့ စပို့တင်းလစ္စဘွန်းမှာကတည်းက စိတ်ဝင်စားခဲ့တဲ့ လက်စတာစီးတီး အသင်းအနေနဲ့ အသက် ၂၈ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင်ကို ဇန်နဝါရီမှာ ထပ်မံကြိုးစားသွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းပုိင္ရွင္ ဂ်ဳိး လူးဝစၥအေနနဲ႔ ေျခစြမ္းျပသေနတဲ့ ဆြန္ေဟာင္မင္ကို အလြယ္တကူ လက္မလႊတ္ရေအာင္ ဟာရီကိန္းလိုမ်ဳိးပဲ အသင္းရဲ႕ လစာအျမင့္မားဆုံး ကစားသမားတစ္ဦးအျဖစ္ လုပ္ခတိုးျမႇင့္ေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ မီးစိမ္းျပခဲ့။

– လီဗာပူးလ္မွာ ဂ်ဳိတာျပသေနတဲ့ ေျခစြမ္းကို ဝုလ္ဗ္စ္ပရိသတ္ေတြ ႏွေျမာေကာင္း ႏွေျမာၾကမွာျဖစ္ေပမယ့္ ဒန္နီယယ္လ္ ပုိဒင့္စ္ရဲ႕ တျဖည္းျဖည္း အသားက်ၿပီး ေျခေတြ႕လာတဲ့ ပုံစံကလည္း ဒီလိုေရာင္းခ်ေငြရွာသြားဖို႔ လုံေလာက္တဲ့ အားျဖည့္မွဳလို႔ ယုံၾကည္ေနၾက။

– အိမ္ကြင္းမွာ လက္စတာစီးတီးကို ႐ုပ္ပ်က္ဆင္းပ်က္ ရွဳံးနိမ့္ခဲ့တဲ့ လိစ္ဒ္ယူႏုိက္တက္ရဲ႕ ေျခစြမ္းအတြက္ နည္းျပ မာဆယ္လို ဘီယယ္လ္ဆာကို ပရီးမီးယားလိဂ္မွာ ကစားဖို႔ အႀကံကုန္သြားၿပီလားလုိ႔ အသင္းပရိသတ္ေတြ ေမးခြန္းထုတ္ခဲ့ၾကၿပီး သူတုိ႔ကို ဘယ္လို ကစားရမယ္ဆုိတာ ၿပဳိင္ဘက္ေတြက သိေနၾကၿပီလို႔ ေဝဖန္ေနၾက။

– ဟာရီကိန္းနဲ႔ ဆြန္ေဟာင္မင္ကို ထပ္တလဲလဲသုံးစြဲေနမယ့္အစား လာမယ့္ လူဒိုဂိုရက္နဲ႔ ယူ႐ိုပါလိဂ္ အေဝးကြင္းပြဲစဥ္မွာ အသင္းရဲ႕ တုိက္စစ္ကို ကားလို႔စ္ ဗီနီးရွပ္စ္နဲ႔ ဂါရက္ေဘးလ္တုိ႔ကို ဦးေဆာင္ေစဖို႔ စပါးစ္ပရိသတ္ေတြ အလိုရွိေန။

– အဲဗာတန္နည္းျပ ကာလို အန္ဆယ္ေလာ့တီရဲ႕ ဂိုးသမား ပစ္ခ္ဖို႔ဒ္ကို ခ်န္လွပ္ထားတဲ့ ကိစၥကို မိမိအေနနဲ႔ သေဘာမက်ေၾကာင္းနဲ႔ အျမန္ဆုံး ျပန္လည္ေနရာေပးဖို႔ အဂၤလန္လက္ေရြးစင္ေဟာင္း ေပါလ္ ေရာ္ဘင္ဆန္ ေတာင္းဆိုသြား။

– တုိက္စစ္မွဴး ေဒါမနစ္ ကဲလ္ဗတ္-လူဝင္အေနနဲ႔ သူ႕ဖခင္ရဲ႕ တပည့္ေတြျဖစ္ၾကတဲ့ ဖိလစ္ပုိ အင္ဇာဂီ၊ ေဒးဗစ္ ထရီဇီေဂး၊ ဒီဒီေယး ဒေရာ့ဘာနဲ႔ ခရစၥတီယာႏုိ ေရာ္နယ္လ္ဒိုတုိ႔ရဲ႕ ေျခရာကို နင္းၿပီး ထိပ္တန္းတုိက္စစ္မွဴးတစ္ဦးျဖစ္လာမယ္လို႔ အဲဗာတန္လက္ေထာက္ ဒါဗီေဒး အန္ဆယ္ေလာ့တီ ေျပာၾကား။

– ရီးရဲလ္ဘက္တစ္ကြင္းလယ္လူ ဝီလီယမ္ ကာဗယ္လ္ယိုကို ေခၚယူဖို႔ စပို႔တင္းလစၥဘြန္းမွာကတည္းက စိတ္ဝင္စားခဲ့တဲ့ လက္စတာစီးတီး အသင္းအေနနဲ႔ အသက္ ၂၈ ႏွစ္အရြယ္ ေပၚတူဂီလက္ေရြးစင္ကို ဇန္နဝါရီမွာ ထပ္မံႀကဳိးစားသြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.