Premier League

၄.၁၁.၂၀၂၀ – နောက်ဆုံးရ ချယ်လ်ဆီးသတင်းများ စုစည်းမှု

ဘယ်သူ​တွေ ဘယ်လိုပဲ၀ေဖန်နေပါစေ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားအဌားချတဲ့စနစ် အောင်မြင်တယ်ဆိုတာကို မေဆန် မောင့်၊ တိုမိုရီ နဲ့ အေဘရာဟမ်တို့ရဲ့ အသင်းကြီးကိုတက်လှမ်းလာခဲ့ခြင်းက သက်သေ​ပြနေပြီး လူငယ်တွေကို ချန်ပီယံရှစ်မှာ အငှားချကစားစေကာ မာကျောစေခဲ့ကြောင်း ပီတာချက်ပြောကြား။

အသက် ၂၁ နှစ်သာ ရှိသေးတဲ့ ခိုင်ဟားဗတ်ဇ်ဟာ ဝါရင့်ကစားသမားတဦးလို ကစားပြနေတာဖြစ်ပြီး သူဟာ ဂိုးသွင်းသူတဦးဖြစ်သလို ကွင်းလယ်တိုက်စစ် ဖန်တီးရှင်စစ်စစ်လည်းဖြစ်ကြောင်း နဲ့ ခြေစွမ်းကောင်းတွေကိုထပ်မံမြင်တွေ့ရဦးမှာဖြစ်ကြောင်း တီမို ဗာနာ​ပြောကြား။

ယနေ့ညကစားမယ့် ရန်းအသင်းနဲ့ ပွဲမှာ ပူလီရှစ်ချ် ပါဝင်နိုင်ဦးမှာမဟုတ်ကြောင်း ချယ်လ်ဆီးနည်းပြလမ်းပတ်က ပွဲကြိုမှာအတည်ပြုခဲ့ပြီး ဘန်လေနဲ့ပွဲမှာ ဝင်မကစားဖို့ သူဆုံးဖြတ်ခဲ့တာမှန်ကန်ခဲ့ကြောင်း ပြောသွားခဲ့ကာ ပေါင်တွင်း​​ကြောမှာ စိုးရိမ်စရာမရှိတဲ့ အသေးစားဒဏ်ရာတွေ့ရှိခဲ့ကြောင်း သိရ။

လာမယ့် ရန်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ချယ်လ်ဆီးအသင်းအနေနဲ့ ၂ဂိုး ဂိုးမရှိ ရလဒ်ယူနိုင်မှာဖြစ်တယ်လို့ မိုက်ကယ် အိုဝင်ကခန့်မှန်းမှုပြုလုပ်ခဲ့ပြီး လေးပွဲဆက်ပေးဂိုးမရှိတဲ့ ချယ်လ်ဆီးအသင်း ဒီပွဲလည်း Clean Sheet ရရှိမယ်လို့ သုံးသပ်။

လေ့ကျင့်ရေးကွင်းမှာ တွေ့မြင်ခဲ့ရခြင်းမရှိတဲ့ ခိုင်ဟားဗတ်ဇ် အနားပေးခံထားရတယ်လို့ ယူဆဖွယ်ရာရှိကာ ရန်းစ်အသင်းနဲ့ပွဲမှာ ပါဝင်လာနိုင်ဖွယ်မရှိဘဲ ဟဒ်ဆန်အိုဒိုင်း နဲ့ အေဘရာဟမ်တို့နဲ့အတူ ဇီးယက်ရှ်ပွဲထွက်လာဖွယ်ရှိ​ကြောင်း သိရ။

အန်ဂိုလို ကွန်တေကို ခံစစ်​ကြောင်းရဲ့ရှေ့ကနေ ကာကွယ်စေပြီး မေဆန်မောင့် နဲ့ ခိုင်ဟားဗတ်ဇ်တို့ကို လွတ်လွတ်လပ်လပ် တိုက်စစ်ကစားစေခဲ့တဲ့ ချယ်လ်ဆီးနည်းပြ လမ်းပတ်ရဲ့ နည်းဗျူဟာပိုင်းဟာ ပါတေးနဲ့ အိုဇေးလ်ကို တွဲဖက်ပိုင်ဆိုင်ထားတဲ့ အာတီတေအနေနဲ့ အတုယူစရာဖြစ်ကြောင်း ပေါလ်မာဆန်သုံးသပ်။

ဒီဘားလားကို တူရင်မြေကနေ ခေါ်ယူဖို့ နီးစပ်ခဲ့ပြီး ဇန်နဝါရီတည်းက ချိတ်ဆက်နိုင်ခဲ့ပေမယ့် နွေရာသီမှာ ခေါ်ယူနိုင်ခဲ့တဲ့ တီမို ဗာနာနဲ့ ဟားကင်းမ် ဇီးယက်ရှ်တို့ကို ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်က အထင်ကြီးမှုကြီးမားခဲ့တာကြောင့် ဒီဘားလားကို ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘယ္သူ​ေတြ ဘယ္လိုပဲ၀ေဖန္ေနပါေစ ခ်ယ္လ္ဆီးအသင္းရဲ႕ ကစားသမားအဌားခ်တဲ့စနစ္ ေအာင္ျမင္တယ္ဆိုတာကို ေမဆန္ ေမာင့္၊ တိုမိုရီ နဲ႕ ေအဘရာဟမ္တို႔ရဲ႕ အသင္းႀကီးကိုတက္လွမ္းလာခဲ့ျခင္းက သက္ေသ​ျပေနၿပီး လူငယ္ေတြကို ခ်န္ပီယံရွစ္မွာ အငွားခ်ကစားေစကာ မာေက်ာေစခဲ့ေၾကာင္း ပီတာခ်က္ေျပာၾကား။

အသက္ ၂၁ ႏွစ္သာ ရွိေသးတဲ့ ခိုင္ဟားဗတ္ဇ္ဟာ ဝါရင့္ကစားသမားတဦးလို ကစားျပေနတာျဖစ္ၿပီး သူဟာ ဂိုးသြင္းသူတဦးျဖစ္သလို ကြင္းလယ္တိုက္စစ္ ဖန္တီးရွင္စစ္စစ္လည္းျဖစ္ေၾကာင္း နဲ႕ ေျခစြမ္းေကာင္းေတြကိုထပ္မံျမင္ေတြ႕ရဦးမွာျဖစ္ေၾကာင္း တီမို ဗာနာ​ေျပာၾကား။

ယေန႕ညကစားမယ့္ ရန္းအသင္းနဲ႕ ပြဲမွာ ပူလီရွစ္ခ်္ ပါဝင္နိုင္ဦးမွာမဟုတ္ေၾကာင္း ခ်ယ္လ္ဆီးနည္းျပလမ္းပတ္က ပြဲႀကိဳမွာအတည္ျပဳခဲ့ၿပီး ဘန္ေလနဲ႕ပြဲမွာ ဝင္မကစားဖို႔ သူဆုံးျဖတ္ခဲ့တာမွန္ကန္ခဲ့ေၾကာင္း ေျပာသြားခဲ့ကာ ေပါင္တြင္း​​ေၾကာမွာ စိုးရိမ္စရာမရွိတဲ့ အေသးစားဒဏ္ရာေတြ႕ရွိခဲ့ေၾကာင္း သိရ။

လာမယ့္ ရန္းစ္အသင္းနဲ႕ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ခ်ယ္လ္ဆီးအသင္းအေနနဲ႕ ၂ဂိုး ဂိုးမရွိ ရလဒ္ယူနိုင္မွာျဖစ္တယ္လို႔ မိုက္ကယ္ အိုဝင္ကခန့္မွန္းမႈျပဳလုပ္ခဲ့ၿပီး ေလးပြဲဆက္ေပးဂိုးမရွိတဲ့ ခ်ယ္လ္ဆီးအသင္း ဒီပြဲလည္း Clean Sheet ရရွိမယ္လို႔ သုံးသပ္။

ေလ့က်င့္ေရးကြင္းမွာ ေတြ႕ျမင္ခဲ့ရျခင္းမရွိတဲ့ ခိုင္ဟားဗတ္ဇ္ အနားေပးခံထားရတယ္လို႔ ယူဆဖြယ္ရာရွိကာ ရန္းစ္အသင္းနဲ႕ပြဲမွာ ပါဝင္လာနိုင္ဖြယ္မရွိဘဲ ဟဒ္ဆန္အိုဒိုင္း နဲ႕ ေအဘရာဟမ္တို႔နဲ႕အတူ ဇီးယက္ရွ္ပြဲထြက္လာဖြယ္ရွိ​ေၾကာင္း သိရ။

အန္ဂိုလို ကြန္ေတကို ခံစစ္​ေၾကာင္းရဲ႕ေရွ႕ကေန ကာကြယ္ေစၿပီး ေမဆန္ေမာင့္ နဲ႕ ခိုင္ဟားဗတ္ဇ္တို႔ကို လြတ္လြတ္လပ္လပ္ တိုက္စစ္ကစားေစခဲ့တဲ့ ခ်ယ္လ္ဆီးနည္းျပ လမ္းပတ္ရဲ႕ နည္းဗ်ဴဟာပိုင္းဟာ ပါေတးနဲ႕ အိုေဇးလ္ကို တြဲဖက္ပိုင္ဆိုင္ထားတဲ့ အာတီေတအေနနဲ႕ အတုယူစရာျဖစ္ေၾကာင္း ေပါလ္မာဆန္သုံးသပ္။

ဒီဘားလားကို တူရင္ေျမကေန ေခၚယူဖို႔ နီးစပ္ခဲ့ၿပီး ဇန္နဝါရီတည္းက ခ်ိတ္ဆက္နိုင္ခဲ့ေပမယ့္ ႏြေရာသီမွာ ေခၚယူနိုင္ခဲ့တဲ့ တီမို ဗာနာနဲ႕ ဟားကင္းမ္ ဇီးယက္ရွ္တို႔ကို ခ်ယ္လ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ်္က အထင္ႀကီးမႈႀကီးမားခဲ့တာေၾကာင့္ ဒီဘားလားကို ျငင္းဆန္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.