Premier League Transfer News

၄.၁၁.၂၀၂၀ – နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– အစ္စတန်ဘူလ် ဘာရှက်ရှီဟာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ် ၃ အတွက် ယူနိုက်တက်ရဲ့ ကွင်းလယ်တိုက်စစ်ကို ဒွန်နီ ဗန်ဒဘိခ် ဦးဆောင်လာဖွယ်ရှိနေပြီး နည်းပြ ဆိုးလ်ရှားအနေနဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို အရန်ခုံမှာ အနားပေးသွားဖွယ်ရှိနေ။

– အသင်းဖော်ဟောင်း ရွိုင်းကီးန်ရဲ့ ဝေဖန်မှုတွေကို ကြားသိထားရပေမယ့် အသင်းရဲ့ လူစာရင်းအတွက် ဘယ်သူက ထိုက်တန်တယ် ဆိုတာကို မိမိကိုယ်တိုင်ပဲ ဆုံးဖြတ်သွားမှာဖြစ်ပြီး ဘယ်သူ့စကားမှ နားမယောင်ဘူးလို့ ဆိုးလ်ရှား တုံ့ပြန်သွား။

– တောင်ပံတိုက်စစ်မှူးတွေကို တစ်ဦးချင်း ထိန်းချုပ်ရာမှာ ထူးချွန်ပေမယ့် တိုက်စစ်လိုက်ပါမှုအပိုင်းမှာ အားနည်းတဲ့ အာရွန် ဝန်ဘစ်ဆာကာကို နည်းပြ ဆိုးလ်ရှားအနေနဲ့ သုံးယောက်တန်းညာနောက်ခံလူနေရာမှာ သုံးစွဲရင် ပိုကောင်းမယ်လို့ ဂလင်း ဟော်ဒယ်လ် တိုက်တွန်း။

– အငှားခေါ်ယူထားတဲ့ လူငယ်နောက်ခံလူ ဒီယိုဂို ဒါလော့ရဲ့ ခြေစွမ်းကို အေစီမီလန်အသင်း သဘောကျနေပြီး မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေနဲ့ စားပွဲထိုင်ဆွေးနွေးသွားဖို့ ရှိနေသလို ပေါင် ၁၉ သန်းလောက်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြ။

– ဖာကန်ဒို ပယ်လစ္စထရီအတွက် အနာဂတ် အစီအစဉ်တွေ ရှိပေမယ့် လောလောဆယ်တော့ နေရာပေးဖို့ မဖြစ်နိုင်သေးဘဲ အရာအားလုံး အသစ်ဖြစ်နေတဲ့ ဥရုဂွေးလူငယ်အနေနဲ့ ယူ-၁၈ အသင်းကနေ တစ်ဆင့်ချင်း စတင်ရလိမ့်မယ်လို့ ဆိုးလ်ရှားပြောကြား။

– မန်ချက်စတာယူနိုက်တက်ရဲ့ Deadline Day ခေါ်ယူမှုတွေက Panic Buy တွေလားလို့ မေးခွန်းထုတ်စရာဖြစ်နေခဲ့ပြီး ပယ်လစ္စထရီက အသုံးမပြုနိုင်သေးသလို အတ္တလန်တာက ရောက်ရှိလာမယ့် အာမက် ထရာအိုရေးအတွက်လည်း ဘာမှ မပြောနိုင်သေးခင်မှာ လာလီဂါ ကလပ် ဗီလာရီးရဲလ်တောင်ပံကစားသမား ဆင်မြူယယ် ချုခ်ဝူဇီနဲ့ အသံတွေ ထွက်လာပြန်။

– မက်ဂွိုင်းယားအတွက် တွဲဖက်ကောင်းတစ်ယောက် လိုအပ်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဖီအိုရင်တီးနားအသင်းက ဆားဘီးယားနောက်ခံလူ နီကိုလာ မီလင်ကိုဗစ်ကို ချိတ်ဆက်နေပြီး တော့တင်ဟမ် ဟော့စပါးစ်နဲ့အပြိုင် ခေါ်ယူရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အစၥတန္ဘူလ္ ဘာရွက္ရွီဟာအသင္းနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္ ၃ အတြက္ ယူႏုိက္တက္ရဲ႕ ကြင္းလယ္တုိက္စစ္ကို ဒြန္နီ ဗန္ဒဘိခ္ ဦးေဆာင္လာဖြယ္ရွိေနၿပီး နည္းျပ ဆုိးလ္ရွားအေနနဲ႔ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တုိ႔ကို အရန္ခုံမွာ အနားေပးသြားဖြယ္ရွိေန။

– အသင္းေဖာ္ေဟာင္း ႐ြဳိင္းကီးန္ရဲ႕ ေဝဖန္မွဳေတြကို ၾကားသိထားရေပမယ့္ အသင္းရဲ႕ လူစာရင္းအတြက္ ဘယ္သူက ထိုက္တန္တယ္ ဆုိတာကို မိမိကိုယ္တုိင္ပဲ ဆုံးျဖတ္သြားမွာျဖစ္ၿပီး ဘယ္သူ႕စကားမွ နားမေယာင္ဘူးလို႔ ဆိုးလ္ရွား တုံ႔ျပန္သြား။

– ေတာင္ပံတုိက္စစ္မွဴးေတြကို တစ္ဦးခ်င္း ထိန္းခ်ဳပ္ရာမွာ ထူးခၽြန္ေပမယ့္ တုိက္စစ္လုိက္ပါမွဳအပုိင္းမွာ အားနည္းတဲ့ အာရြန္ ဝန္ဘစ္ဆာကာကို နည္းျပ ဆုိးလ္ရွားအေနနဲ႔ သုံးေယာက္တန္းညာေနာက္ခံလူေနရာမွာ သုံးစြဲရင္ ပုိေကာင္းမယ္လို႔ ဂလင္း ေဟာ္ဒယ္လ္ တုိက္တြန္း။

– အငွားေခၚယူထားတဲ့ လူငယ္ေနာက္ခံလူ ဒီယိုဂို ဒါေလာ့ရဲ႕ ေျခစြမ္းကို ေအစီမီလန္အသင္း သေဘာက်ေနၿပီး မန္ခ်က္စတာယူႏုိက္တက္ တာဝန္ရွိသူေတြနဲ႔ စားပြဲထိုင္ေဆြးေႏြးသြားဖို႔ ရွိေနသလို ေပါင္ ၁၉ သန္းေလာက္နဲ႔ အေရာင္းအဝယ္ျဖစ္ႏုိင္တယ္လို႔ ခန္႔မွန္းေနၾက။

– ဖာကန္ဒို ပယ္လစၥထရီအတြက္ အနာဂတ္ အစီအစဥ္ေတြ ရွိေပမယ့္ ေလာေလာဆယ္ေတာ့ ေနရာေပးဖို႔ မျဖစ္ႏုိင္ေသးဘဲ အရာအားလုံး အသစ္ျဖစ္ေနတဲ့ ဥ႐ုေဂြးလူငယ္အေနနဲ႔ ယူ-၁၈ အသင္းကေန တစ္ဆင့္ခ်င္း စတင္ရလိမ့္မယ္လုိ႔ ဆုိးလ္ရွားေျပာၾကား။

– မန္ခ်က္စတာယူႏုိက္တက္ရဲ႕ Deadline Day ေခၚယူမွဳေတြက Panic Buy ေတြလားလို႔ ေမးခြန္းထုတ္စရာျဖစ္ေနခဲ့ၿပီး ပယ္လစၥထရီက အသုံးမျပဳႏိုင္ေသးသလို အတၱလန္တာက ေရာက္ရွိလာမယ့္ အာမက္ ထရာအုိေရးအတြက္လည္း ဘာမွ မေျပာႏုိင္ေသးခင္မွာ လာလီဂါ ကလပ္ ဗီလာရီးရဲလ္ေတာင္ပံကစားသမား ဆင္ျမဴယယ္ ခ်ဳခ္ဝူဇီနဲ႔ အသံေတြ ထြက္လာျပန္။

– မက္ဂြဳိင္းယားအတြက္ တြဲဖက္ေကာင္းတစ္ေယာက္ လိုအပ္ေနတဲ့ မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ ဖီအိုရင္တီးနားအသင္းက ဆားဘီးယားေနာက္ခံလူ နီကိုလာ မီလင္ကိုဗစ္ကို ခ်ိတ္ဆက္ေနၿပီး ေတာ့တင္ဟမ္ ေဟာ့စပါးစ္နဲ႔အၿပဳိင္ ေခၚယူရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.